ရန်ကုန်-အောက်တိုဘာ၂၂
တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်- Ms. Rao Huihua ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်
ယနေ့နေ့လည် ၁း၀၀နာရီတွင် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်တွင့်NDF ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။
ထိုဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပ်ါတီနှင့် NDF ပါတီတို့အကြား နိုင်ငံရေးမိတ်ဆွေကောင်းများအဖြစ် တွေ့ဆုံနိုင်မှုများ၊ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ စီးပွားရေးတိုးတက်ပြောင်းလဲနိုင်ရေး (၂)နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ၊ တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဥပဒေဆိုင်ရာပြင်ဆင်ရေးဆိုင်ရာကိစ္စများ၊ ၂၀၁၅ ရွေးကောက်ပွဲ အပေါ် အမြင်သဘောထားများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသိရသည်။ထိုတွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒု-ဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးတိုးတိုးနှင့် ဦးအောင်ဆန်း၊ ဗဟိုအလုပ်ကော်မတီဝင် ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်၊ ဦးစိုးဦး၊ ဒေါ်နန်းကြူသန်းဝင်းတို့ တက်ရောက်ခဲ့ကြသည်။T
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.