0

မန္တလေး မဟာအောင်မြေမြို့နယ်၊ ရွှေဖြူဟိုတယ်တွင် တည်းခိုနေထိုင်သူမှ အစပြုကာ အောက်တိုဘာ၁၁ ရက်နေ့က ဖမ်းဆီးရရှိခဲ့သည့် အကြီးစားမုးယစ်မှောင်ခိုဂိုဏ်း မှ ဇော်ဝင်းနိုင်သည် ဘဏ်တွင် အခြားအမည်ဖြင့် အပ်နှံထားသည့် ငွေကျပ်သိန်းငါးထောင်ကျော်ကို ထုတ်ယူသိမ်းဆည်းပြီး နေအိမ်မှ သိမ်းဆည်းထားမိသော ငွေကျပ်များနှင့်ပေါင်းကာ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃)တွင် အောက်တိုဘာ ၁၇ ရက်နေ့က အပ်နှံခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မဟာအောင်မြေမြို့နယ် မမစ(မဟာအောင်မြေ ) မယ(ပ)၁၉/ ၂၀၁၃ မူး/စိတ် ပုဒ်မ၁၅ /၁၉(က)/ ၂၁ အမှုမှ ဖမ်းဆီးထားသူ ဇော်ဝင်းနိုင်သည် အခြားအမည်တစ်ခုဖြစ်သော ရန်နိုင်အောင် အမည်ဖြင့် ကမ္ဘောဇ ဘဏ်ခွဲ(၁)တွင်မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ရရှိသော စုစုပေါင်းငွေ ၅၃၄,၀၇၂,၂၄၇ ဒဿမ ၀၅ (ငွေကျပ် သိန်းငါးထောင် သုံးရာ လေးဆယ် ခုနစ်သောင်း နှစ်ထောင်နှစ်ရာ လေးဆယ့်ခုနစ်ကျပ် ငါးပြား) တို့ကို အပ်နှံထားခဲ့သည်ဟု ဆိုသည်။

ယင်းငွေများအား အောက်တိုဘာ ၁၄ ရက်နေ့တွင် ဘဏ်မှ ထုတ်ယူသိမ်းဆည်းခဲ့ပြီး ၄င်းငွေများနှင့် နေအိမ်မှ သိမ်းဆည်းရမိသော ငွေများအား မြန်မာ့စီးပွားရေးဘဏ်တွင် ခေတ္တသိမ်းဆည်းထားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။ ထို့နောက်အောက်တိုဘာ ၁၇ ရက်နေ့တွင် အမှုဖြင့် သိမ်းဆည်းထားသော စုစုပေါင်းငွေ ၇၈,၄၀၇, ၁၉၄၇ ဒဿမ ၀၅ (ငွေကျပ် သိန်းခုနစ်ထောင့်ရှစ်ရာ့လေးဆယ် ခုနစ်သောင်းတစ်ထောင် ကိုးရာလေးဆယ့်ခုနစ်ကျပ် ငါးပြား)တိတိအား မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃)တွင် အပ်နှံထားရှိရာ ငွေလက်ခံအမှတ် 037467/38/SD-8 ဖြင့် လက်ခံထားရှိကြောင်း သိရှိရပါသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မန္တလေးမြို့တွင် အကြီးစားမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူဟု ဖော်ပြခံထားရသော ယင်းအမှုမှ WY စိတ်ကြွဆေးပြားနှင့် ဆူဒိုအက်ဖီဒရင်း ၈၀၁၀၀ပြား(တန်ဘိုး ကျပ် ၁၂၅၉၃၉၂၀)၊ ကျောက်စိမ်းတုံး ၉၁ တုံး၊ ရွှေဗြုန်းအိတ် ၂၉အိတ်၊ မော်တော်ကား ၆ စီး၊ ဆိုင်ကယ် ၃ စိး၊ ဖုန်း ၁၇ လုံးနှင့်အတူ လူ(၁၂)ဦးကို အောက်တိုဘာ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မန္တလောခေတ်

အေးချမ်းမွန် Credit To > သတင်းပေါင်းစုံhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top