နေပြည်တော်၊ အောက်တိုဘာ ၂၂
၂၀-၁၀-၂၀၁၃ ရက်နေ့ ၁၆၄၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘဇံခြောက်ရွာ အနောက်ဘက်၊ ““ချောင်ဘရားသား””ကုမ္ပဏီလုပ်ကွက်မှ အမြင့်ပေ(၅၀)ခန့်ရှိ မြေစာပုံပြိုကျသဖြင့် ဖားကန့်မြို့နယ်၊ ရှမ်းကုန်းရပ်၊ ဆိပ်မူကျေးရွာနေ နန်းဝင်း(၃၀)နှစ်ပါ ၃ ဦးတွင် ဦးခေါင်းကြေမွပေါက်ပြဲ ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့သည်။ ထို့ပြင် ဖားကန့်မြို့နယ်၊ ဘဇံခြောက်ရွာနေသူများဖြစ်သည့် အိုက်ရွှေ(၃၀)နှစ်ပါ ၂ ဦးတွင် ယာနား/၀ဲမျက်ခုံး/ယာနားထင်/အပေါ်နှုတ်ခမ်း/ယာပေါင်ရင်း/ယာဒူး ပေါက်ပြဲ၊ ယာပေါင်ကျိုးပဲ့၊ ၀ဲခြေသလုံးပွန်းဒဏ်ရာများရရှိခဲ့ပြီး တင်မောင်ဦး(၃၃)နှစ်ပါ ၄ ဦးတွင် ၀ဲနားထင်/ယာချိုစောင်းပေါက်ပြဲ၊ ရင်ဘတ်အောင့်၊ ခါးနာ၊ ၀ဲခြေမျက်စိပွန်းပဲ့၊ ၀ဲခြေသလုံးရိုးကျိုး ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသကာ ဖားကန့်မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၃၉/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To > ရဲဇာနည်
Post a Comment