0

************************************************
ကောင်းမြတ်ကျော်
************************************************
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ။ ။ အစိုး ရမှပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ တွင် KNU ကရင်အမျိုးသား အစည်း အရုံးက ရှေ့ဆုံးမှလက်မှတ် ထိုးမည်ဟု KNU ဗဟိုအလုပ် အမှုဆောင် ကော် မတီဝင် ပဒိုမန်း ငြိမ်းမောင်က ကတိပြုပြောကြား လိုက်သည်။

နိုင်ငံတော်အစိုးရမှ နိုဝင် ဘာအတွင်းတွင် ပြုလုပ်မည်ဟု စီစဉ်ထားသည့် တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲအပေါ်တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းအသိုင်းအဝိုင်း၊ နိုင်ငံရေးအင် အားစုများနှင့် အဖွဲ့ အစည်းအသီး သီးမှ အပစ်ရပ်တိုင်းရင်းသားလက် နက်ကိုင်တချို့နှင့် အောက်ခြေ တွင် တိုက်ပွဲငယ်များပြန်လည်ဖြစ် ပွားနေခြင်း၊ နိုင်ငံရေးတွေ့ ဆုံဆွေး နွေးပွဲများပြုလုပ်ရန် လိုအပ်ချက် များရှိနေခြင်း ရှိ၍ ယင်းတစ်နိုင်ငံ လုံး အပစ်ရပ် လက်မှတ်ထိုးပွဲမှာ အစိုးရ၏ ပြယုဂ်အဖြစ်သာရှိသေး သည့်အခြေအနေ ဟု ပြောကြား နေသော် လည်း KNU မှ လက် မှတ်ထိုးရန်အသင့်ရှိ သည်ကို ပြော ကြားလိုက်ခြင်းပင်ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်က ''အဲ ဒီလက်မှတ်ထိုးပွဲကို KNU ကရှေ့ ဆုံးက လက်မှတ်ထိုးမယ်''ဟု အောက်တိုဘာ၂ဝရက်က မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် မြန်မာနိုင်ငံမြို့ကြီးတချို့တွင် ဗုံး ဖောက်ခွဲမှုများမှာ KNU နှင့်ဆက် စပ်မှုများ ရှိသည် ဟု ပြောကြားနေ ခြင်းများအပေါ် သတင်းစာရှင်း လင်းပွဲတွင် တစ်နိုင်ငံလုံးအပစ် ရပ်လက်မှတ်ထိုးပွဲနှင့် ပတ်သက် ၍ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားသည်။

Read More -- News Link=>http://goo.gl/5ZnbWH

အေးချမ်းမွန် Credit To > Yangon Media Grouphttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top