ရန်ကုန်၊အောက်တိုဘာ ၂၂
၂၁.၁၀.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခင်ရီသည် နေအိမ်တွင်ရှိနေစဉ် လွန်ခဲ့သော(၁)နှစ်ခန့်မှစ၍
ရင်းနှီးခဲ့သော သန်လျင်မြို့နယ်နေ ဟန်မင်းထွန်းမှ ရွှေထည်ပစ္စည်းများ
ရောင်းရန်ရှိ၍ လာခဲ့ရန်ဖုန်းဆက်ခေါ်သဖြင့် သွားရောက်ခဲ့ရာ ၁၄၃၀ အချိန် သန်လျင်မြို့၊ကျိုက်ခေါက်ဘုရားမြောက်ဘက်စောင်းတန်းသို့ရောက်ရှိပြီး ဟန်မင်းထွန်းနှင့်ထိုင်၍ ရွှေထည်ပစ္စည်းများအားကြည့်ပြီးဈေးစကား
ပြောကြရာ အရောင်းအ၀ယ်မဖြစ်သဖြင့် ၁၆၅၀ အချိန်ပြန်မည်ပြုစဉ် ဟန်မင်းထွန်းမှဒေါ်ခင်ရီအား တွန်းလှဲ၍သတိမေ့သွားခဲ့ပြီး ညသတိပြန်ရ
ချိန်တွင် လည်ပင်းပွန်ပဲ့၊နှာခေါင်းသွေးထွက်ဒဏ်ရာများ
ရရှိသည့်အပြင် ဒေါ်ခင်ရီဝတ်ဆင်ထားသော ရွှေဆွဲကြိုး(၁)ကုံး၊ စိန်လော့ကတ်သီး(၁)ခု၊ စိန်လက်စွပ်(၁)ကွင်း၊ ရွှေလက်ကောက် (၇)ကွင်း၊ လက်ကိုင်ဖုန်း(၁)လုံး၊ ငွေကျပ်(၉၀၀၀၀)ပါလက်ကိုင်အိတ်(၁)လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၇၉၀၀၀၀)အား လုယူသွားခဲ့သဖြင့် ဟန်မင်းထွန်းအား သန်လျင်မြို့မရဲစခန်း(ပ)၉၇၃/၂၀၁၃၊ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုမှပြစ်မှုကျုးလွန်သူဟန်မင်းထွန်းအား ဖမ်းဆီးရမိရေးအတွက်
တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ
ပူးပေါင်းစုံစမ်းခဲ့ရာ၂၂.၁၀.၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် သန်လျင်မြို့နယ်၊ ငါးပြေမကျေးရွာအနီး ခြောက်လမ်းသွားမှ ဟန်မင်းထွန်း (ဘ)ဦးဘညွန့်၊ ဘယက်ကျေးရွာ၊ သန်လျင်မြို့နယ်နေသူအားဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အေးချမ်းမွန် Credit To > Yangon Police
Post a Comment