မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဟာ အောက်တိုဘာ ၁၅ ရက်နေ့ကစ ရုပ်မြင်သံကြားလိုင်းသစ် (၃) လိုင်းအပါအ၀င် လိုင်း(၅) ခုကို ဒီဂျစ်တယ်
DVB –T2 စနစ်နဲ့ ထုတ်လွှင့်နေပြီ ဖြစ်ပေမယ့် တီဗွီ အများစုရဲ့ ဒီဂျစ်တယ် ဖမ်းစနစ်ဟာ DVB-Tစနစ်ပဲ ဖြစ်နေတဲ့အတွက် ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိသေးဘူးလို့ မြန်မာ့ရုပ်သံ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီဗွီဘီ ကို ပြောပါတယ်။ နေပြည်တော်မှာတော့ ရုပ်သံလိုင်းတွေကို
ကေဘယ်လ်နဲ့ နေအိမ်တွေကို ပို့ပေးနေတဲ့အတွက် နေပြည်တော်မှာတော့ ဖမ်းယူ ကြည့်ရှုနိုင်တယ်လို့ ပြောပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံထဲကို LCD နဲ့ LED တီဗွီ တွေ တင်သွင်းခွင့်ပြုတဲ့အခါ ပိုခေတ်မီတဲ့ DVB-T2 စနစ်ပါတဲ့ တီဗွီတွေကိုဦးစားပေး သွင်းခွင့်ပေးသွားဖို့ စီးပွား-ကူးသန်း ၀န်ကြီးဌာနကိုပြောဆိုထားတယ်လို့ သူက ဆိုပါတယ်။
အေးချမ်းမွန် Credit To >DVB TV News
Post a Comment