ထိုင်းနိုင်ငံက နာမည်ကြီး Carabao ဂီတအဖွဲ့ရဲ့ Carabao ဖောင်ဒေးရှင်းက လာမယ့်ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ (Sea Games) ရန်ပုံငွေအဖြစ် ဘတ် ၁ သန်း(မြန်မာငွေ ကျပ်သိန်း ၃ရာကျော်)လှူဒါန်းမယ်လို့ ဒီနေ့ပြောကြားလိုက်ပါတယ်။
ဒါ့ပြင် Carabao Music Band ဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြိုလှုံ့ဆော်လှုပ်ရှားတဲ့အနေနဲ့ ဒီနေ့ည ရန်ကုန်မြို့ Junction Square မှာ အခမဲ့ဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်။
photo: RFA/ Nay Myo Htun —
အေးချမ်းမွန် Credit To > RFA Burmese
Post a Comment