တစ်စုံတစ်ယောက်ကို ချစ်ရင် ၊တစ်စုံတစ်ယောက်ကို ကြိုက်ရင်
စိတ်ပူလောင်ရတယ် ၊စိတ်ပင်ပန်းရတယ် ၊စိတ်ဆင်းရဲရတယ်
ဆိုတာကို အလေးအနက် သဘောပေါက်ဖို့ အရေးကြီးပါတယ် ။
သာမန်ချစ်ရုံ ၊သာမန်ကြိုက်ရုံဆိုရင် ပူလောင်တဲ့သဘော သိပ်မထင်ရှားပေမယ့်
လွန်လွန်ကဲကဲ ချစ်ပြီ ၊စွဲစွဲလမ်းလမ်း ကြိုက်ပြီဆိုရင်တော့ ပူလောင်တဲ့သဘော
ထင်ရှားပါတယ် ။ပူလောင်တာ မထင်ရှားဘူးပဲထား ..၊တစ်စုံတစ်ယောက်ကို
အမြဲသတိရနေတာ ၊တစ်စုံတစ်ခုကို ကြိုက်လို့ အဲဒီတစ်စုံတစ်ခုကို အမြဲ သတိရ
နေတာကိုက ကိုယ့်ဘက်က ရှုံးနေပါပြီ ။
ကိုယ့်စိတ်ကို အဲဒီတစ်စုံတစ်ယောက်၊ အဲဒီတစ်စုံတစ်ခုဆီ ပေးထားလိုရပြီလေ ။
ကိုယ့်စိတ်ကို ကိုယ်မပိုင်တော့တာကိုက ကြီးကျယ်သော ဆုံးရှုံးခြင်း၊
ကြီးကျယ်သော ဆင်ရဲခြင်းပါပဲ ။
(ဆရာတော်အရှင်ဆန္ဒာဓိက)
အေးချမ်းမွန် Credit To > မြတ်ဗုဒ္ဓအလင်း
Post a Comment