လက်နက်များ တင်ဆောင်လာသည့် အမေရိကန်သင်္ဘောကို အိန္ဒိယ ဖမ်းဆီးထား
Friday, October 18, 2013
အိန္ဒိယ ရဲတပ်ဖွဲ့သည် အမေရိကန်ပိုင် သင်္ဘောတစ်စင်းကို တရားမဝင် ပိုင်နက်ကျူးကျော်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ MV Seaman Guard Ohioသည် အောက်တိုဘာလ (၁၂)ရက်နေ့ ကတည်းက အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံထားရသော်လည်း ယခုအခါမှ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောပေါ်တွင် လက်နက် အမြောက်အမြား တင်ဆောင်လာကြောင်းလည်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ MV Seaman Guard Ohioသည် အမေရိကန် လုံခြုံရေး ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ပြီး ဆီရာရာလီယွန်နီတွင် မှတ်ပုံတင်ထားသည်။လက်နက်များ တင်ဆောင်လာသည့် အမေရိကန်သင်္ဘောကို အိန္ဒိယ ဖမ်းဆီးထား
Post a Comment