0


    Created on Friday, 18 October 2013 23:42

အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ငြင်းပယ်လိုက်လျှင် ဦးဝင်းအောင် အနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန် ထူထောင်မည့် မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းထားသော Joint Venture ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးရန် နှစ်ဖက်ဆွေးနွေးပြီးနောက် ယခုလအတွင်း Joint Venture Agreement ကို လက်မှတ်ရေးထိုး တော့မည်ဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် တည်ထောင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ Myanmar Thilawa SEZ Holding Public Limited (MTSH) နှင့် ဂျပန်နိုင်ငံဘက်မှ Japan Thilawa SEZ Company Limited (JTSC) တို့နှစ်ခု ပူးပေါင်းလုပ်ကိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ Myanmar Thilawa SEZ Holding Public Limited တွင် GLAD, FMI တို့ကဲ့သို့သော အများပိုင် ကုမ္ပဏီပေါင်း ကိုးခုအထိ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံဘက်မှ Japan Thilawa SEZ Company Limited တွင် ဂျပန်နိုင်ငံ ထိပ်တန်း ကုမ္ပဏီများတွင် ပါဝင်သည့် Marubeni, Mitsubishi, Sumitomo ကုမ္ပဏီများ ပါဝင်ဖွဲ့စည်း ထားကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာဘက်မှ ကုမ္ပဏီနှင့် ဂျပန်နိုင်ငံဘက်မှ ကုမ္ပဏီနှစ်ခုသည် ပူးပေါင်း၍ JV ကုမ္ပဏီ တည်ထောင်ကာ သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်း လုပ်ကိုင်မည့် JV Agreement ကို ယခု ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက် နောက်ပိုင်းတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း၊ နိုင်ငံတော် တာဝန်ရှိသူ များကလည်း အောက်တိုဘာလ မကုန်မီ JV Agreement လက်မှတ် ရေးထိုးခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း MTSH တွင် ပါဝင်သည့် အများပိုင်ကုမ္ပဏီ တစ်ခုထံမှ စုံစမ်းသိရှိရသည်။

မြန်မာဘက်မှ ကုမ္ပဏီနှင့် ဂျပန်နိုင်ငံဘက်မှ ကုမ္ပဏီနှစ်ခုသည် ပူးပေါင်း၍ JV ကုမ္ပဏီ တည်ထောင်ကာ သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်း လုပ်ကိုင်မည့် JV Agreement ကို ယခု ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက် နောက်ပိုင်းတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း၊ နိုင်ငံတော် တာဝန်ရှိသူ များကလည်း အောက်တိုဘာလ မကုန်မီ JV Agreement လက်မှတ် ရေးထိုးခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း...



နှစ်ဖက်ကုမ္ပဏီများ အနေဖြင့် ယခုကဲ့သို့ JV Agreement လက်မှတ် မရေးထိုးမီ နှစ်ဖက် ပူးပေါင်းထားသည့် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ရန် ဆွေးနွေးညှိနှိုင်းမှု တစ်ခုပြုခဲ့ကြောင်း၊ ထိုသို့ ညှိနှိုင်းရာတွင် လက်ရှိ UMFCCI ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်ကို JV ကုမ္ပဏီဥက္ကဋ္ဌ နေရာအတွက် မြန်မာဘက်မှ ပူးပေါင်းမည့် MTSH က အဆိုပြုခဲ့ကြောင်း သိရသည်။

သို့သော် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်မှာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ၀န်ကြီးဌာန၏ Specially Designated Nationals List တွင် ပါဝင်နေဆဲ ဖြစ်ကြောင်း၊ အဆိုပါ စာရင်းတွင် ပါဝင်နေပါက လုပ်ကိုင်ရ ခက်ခဲကြောင်း၊ ထိုသို့ Individual Sanction ဖြစ်နေပါက JV ဆက်လက် ဆောင်ရွက်နိုင်ရန် အတွက်လည်း ရှယ်ယာအချိုးကိုပင် ပြန်လည် ပြင်ဆင်ခဲ့ကြကြောင်း၊ ထိုသို့ Sanction ရှိနေသည့်အပေါ် နှစ်ဖက်ဆွေးနွေးရာ ဂျပန်နိုင်ငံဘက်မှ အကယ်၍ ဦးဝင်းအောင် အနေဖြင့် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌတာဝန် ရယူသည်ကို ကန့်ကွက်ရန် မရှိကြောင်း၊ သို့သော် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးအတွက် မြန်မာ-ဂျပန် နှစ်ဖက် ဆွေးနွေးထားသည့် အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုကြောင်း သိရသည်။

JV ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးအတွက် နှစ်ဖက်ဆွေးနွေးရာတွင် ဦးဝင်းအောင်အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုပါက အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန အောက်ရှိ Office of Foreign Assets Control (OFAC) ၏ ခွင့် ပြုချက်ရယူရန် လိုအပ်ကြောင်း၊ ဦးဝင်းအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ကိုလည်း OFAC သို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရာတွင် OFAC မှ ငြင်းပယ်လိုက်လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် ၂၀၁၅ ခုနှစ် ဇွန်အထိ ခွင့်ပြုကြောင်း အကြောင်းမပြန်လျှင် သော်လည်းကောင်း ဦးဝင်းအောင် အနေဖြင့် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးရမည် ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဝင်းအောင်အပေါ် သက်ရောက်နေသည့် SDN List သည် JV ကုမ္ပဏီအပေါ်၌ပါ သက်ရောက်လာမည် ဆိုပါက ဦးဝင်းအောင်သည် ဥက္ကဋ္ဌရာထူးအပြင် ဒါရိုက်တာ အဖွဲ့မှပါ နုတ်ထွက်ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ OFAC မှ ၂၀၁၅ ခုနှစ် ဇွန်လနောက်ပိုင်းတွင် ခွင့်ပြုလိုက်သည် ဆိုပါက ဦးဝင်းအောင် အနေဖြင့် နုတ်ထွက်ပြီးသော်လည်း ဥက္ကဋ္ဌရာထူးအား ပြန်လည် လုပ်ကိုင်နိုင်ကြောင်း စသည်ဖြင့် အချက်များစွာကို ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စလုံး သဘောတူညီမှု ရှိခဲ့ကြောင်း သိရသည်

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top