0
ခေတ်တိုင်းခေတ်တိုင်းတွင် လူတစ်စုက တခြားလူတစ်စုကို ကာလရှည်ကြာ ဖိနှိပ်ထားလို့ ရနေခြင်းမှာ စင်စစ် အဖိနှိပ်ခံနေရသူတွေကိုယ်တိုင်က ဖိနှိပ်သောစနစ်ကို လက်ခံနေသောကြောင့်သာဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ဖိနှိပ်သောစနစ် တည်မြဲဖို့ ဆိုလျှင် ဖိနှိပ်မှုကို လူထုလက်ခံအောင် ရှေ့ နေလိုက်သော အတွေးအခေါ်တစ်ရပ်လိုသည်။ ထိုအတွေးအခေါ်ကို အဖိနှိပ်ခံတွေထဲမှ အရေအတွက် တော်တော်များများကလည်း လက်ခံနေဖို့ လိုအပ်လေသည်။ သို့ မှသာ အဖိနှိပ်ခံတွေ ငြိမ်သက်ကြပေလိမ့်မည်။ ထို့ ကြောင့် အုပ်ချုပ်သူ၊ ဖိနှိပ်သူလူတန်းစား အဆက်ဆက်တို့ သည် သူတို့ ဖိနှိပ်မှုကို လူထုလက်ခံလာအောင် ရှေ့ နေလိုက် ဖေးမပေးသောအတွေးအခေါ်မျိုးကို ရှာဖွေလေ့ရှိသည်။ ကြိုးစားထူထောင်လေ့ရှိသည်။ အခုလည်း မြန်မာနိုင်ငံတွင် ဖိနှိပ်သူဘက်က ထောက်ခံသော အတွေးအခေါ် တစ်ရပ်ကို ညီညီညာညာ ထူထောင်လာကြတာ တွေ့ လာရသည်။ ထိုအတွေးအခေါ်၏အခြေခံမှာ စစ်တပ်မကြိုက်တာ ဘာမှမလုပ်သင့်ဘူးဟူသော အခြေခံဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် ထူထောင်မည်ဟုဆိုသည်။ သို့ သော် လူထုကိုတော့ စစ်အာဏာရှင်တွေ ငြိုငြင်မည့်အရာများကို မလုပ်ဖို့ တားမြစ်နေပြန်သည်။ ထူးဆန်းလှပေသည်။ တကယ်တော့ ဒီမိုကရေစီလမ်းကြောင်းကိုသွားလျှင် စစ်အာဏာရှင်တွေကြိုက်မည်မဟုတ်ဆိုသောအချက်ကို လူထုကသိသည်။ သိသိနှင့်ပင် စစ်အာဏာရှင်စနစ်အောက်တွင် မနေချင်သောကြောင့် နှစ်အစိတ်လုံးလုံး အပင်ပန်းအဆင်းရဲခံကာ စစ်အာဏာရှင်ဆန့် ကျင်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်ခဲ့ကြသည်။အခု နှစ်ပေါင်းအစိတ်ကြာ ဒုက္ခဆင်းရဲ ခံခဲ့ပြီးတော့မှ စစ်အာဏာရှင်တွေ ငြိုငြင်မှာကို မလုပ်နှင့်ဟု ဆိုသူကဆိုလာကြသည်။ စစ်အာဏာရှင်တွေ ပေးသလောက်သာရမည် ဟု အလံရှူး လုပ်သူကလုပ်သည်။

သေချာသည်ကား ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူတို့ ကို ကောင်းကျိုး ပေးမည့် ဥပဒေမဟုတ်။ ထိုအခြေခ့ဥပဒေသည် အခြေခံကပင် မကောင်းသောကြောင့် မည်သို့ ပင် ဖာထေးသုံးစွဲသော်လည်း ကောင်းလာဖွယ်မရှိ။ ထိုအချက်ကို အားလုံးအသိပင်ဖြစ်သည်။ထိုအချက်အပေါ်တွင် အငြင်းမပွား။အငြင်းပွားနေကြသည်မှာကား ထိုမကောင်းမှန်းသိသော လှည်းကျိုးကြီးကို ခဏတဖြုတ်တော့ ထမ်းထားပါကွာ၊ မဟုတ်ရင် တိုင်းပြည်ချောက်ထဲကျလိမ့်မယ်ဟု ခြိမ်းခြောက်ပြောဆိုနေခြင်းကို ကျွန်တော်တို့ လက်ခံမလား၊ လက်မခံဘူးလား ဆိုသောအချက်ကသာ အငြင်းပွားနေသောပြဿနာဖြစ်ပါသည်။

စိမ်းမြင့်(မန္တလေး)
(လူထုပုံရိပ်ဂျာနယ် အတွဲ ၂ အမှတ် ၄)

အေးချမ်းမွန် Credit To >May Popa https://www.facebook.com/excellencemedia

Post a Comment

 
Top