0


သက်ဆိုင်ရာက ဖေ့စ်ဘွတ်တွင် ဖော်ပြခဲ့ သည့် တန်ဖိုးနည်းဖုန်း ဆင်းကတ်ကို မသမာ သောနည်းဖြင့် ခွဲဝေမှုရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ခရိုင် အုပ်ချုပ်ရေး မှူးက ခေါ်ယူ စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ ကြောင်းသိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက အောက်တို ဘာ ၂၃ ရက်နေ့က သူ၏ဖေ့စ်ဘွတ် စာမျက်နှာတွင် တန်ဖိုးနည်းဖုန်း ဆင်းကတ်အား မသမာမှု ပြုလုပ်မှုရှိနေကြောင်း ဖော်ပြခဲ့သည့် ကိစ္စရပ်အား ပြည်နယ်အစိုးရညွှန်ကြားမှုဖြင့် ခရိုင် အုပ်ချုပ်ေ ရးမှူးက ၄င်းအား စစ်ဆေး မေးမြန်းခဲ့ကြောင်း ပြောသည်။

”သတင်းဖော်ပြထားမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲဆို တာ ခေါ်မေးတာပါ”ဟု ၄င်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

¤င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ပြည်သူ လူထုအတွက်ရရှိသည့် တန်ဖိုးနည်းဖုန်းကတ်ခွဲ တမ်းမှ ၄၅ ကတ်ကို မသမာသော နည်းဖြင့် ရောင်းချထားခြင်း၊ လုပ်ငန်းရှင်များ အတွက်ဆို ကာ ကတ် ၁၂ဝ ကို အထူးအခွင့်အရေးပေး ဖြန့်ဝေခဲ့ခြင်း၊ယိမ်းသမများအတွက် ကတ် ၃ဝ ကိုဖြန့်ဝေပေးခြင်း စသည့်ကိစ္စရပ်များကို အမြန် စစ်ဆေးပြီး အပြစ်ပေး အရေးယူရန် လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်နယ်အစိုးရထံ တင်ပြ တောင်းဆိုခဲ့သော်လည်း ၁ဝ ရက်ကျော် ကြာ မြင့် ခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့အထိထူးခြားမှုမရှိခဲ့ကြောင်း ရေး သားထားသည်။ အောက်တိုဘာ ၂၅ ရက်နေ့စွဲဖြင့် တန်ဖိုးနည်း ဖုန်း ခွဲဝေခဲ့မှုအပေါ်အင်တာနက် စာမျက်နှာ ၌ ထိုကဲ့သို့ ရေးသားဖော်ပြခဲ့ သည့်ကိစ္စနှင့် ပတ် သက်ပြီး မေးမြန်းဆွေးနွေးရန် ဖိတ်ကြားထား သည့် စာတစ်စောင်ကိုလည်း ၄င်းက ရေးသား ဖော်ပြခဲ့သည်။

ချောင်းဆုံမြို့နယ် ကွမ်သဲရွာသားတစ်ဦး က ”သူ(ဒေါက်တာအောင်နိုင်ဦး)က ကျွန်တော် တို့နဲ့ မတိုင်ပင်ဘဲ လုပ်တာလေ။ ကျွန်တော်တို့ ကို မေး မကြည့်ဘူး။ ကျွန်တော် တို့မြို့နယ်အတွက် ဖွံ့ဖြိုးမှုတွေလုပ်ဖို့ပါ။ သူပြောသလို မဟုတ်ပါ ဘူး။ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ဆိုတာ လုံးဝ မဟုတ်ဘူး”ဟု ပြောသည်။

ဒေါက်တာအောင်နိုင်ဦး၏ ကိုယ်ပိုင်စာ မျက်နှာတွင် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိ ရောက်သည့် အရေးယူမှုတစ်ခုခု မပြုမချင်း ပြည် သူလူထုအတွက် ရဲရဲဝံ့ဝံ့ရင်ဆိုင် သွားမည် ဖြစ်ပြီး ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်)တွင် ယခု ကဲ့သို့ မသမာသည့်နည်း၊ အကျင့်ပျက်ခြစားမှု များအတွက် ၄င်းရှိနေသမျှ သည်းခံမည်မဟုတ် ဘဲ ယခုကိစ္စ အား ပြည် နယ်အဆင့် အဖွဲ့အစည်း များက ပီပြင်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ က ပြည်ထောင်စုအဆင့်သို့ ဆက်လက်အရေးဆို သွားမည်ဖြစ်ပြီး လုံးဝနောက်ဆုတ် သွားမည် မဟုတ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက် အပေါ်မျှ အငြိုးအာဃာတများဖြင့် တိုက်ခိုက် နေခြင်းမဟုတ်ကြောင်း မိမိ၏ မဲဆန္ဒနယ် ပြည် သူအတွက် တာဝန်ခံ ယူမှုနှင့် သစ္စာစောင့်သိမှု ကို အစွမ်းကုန်ဖော်ထုတ်ခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။

ဒေါက်တာ အောင်နိုင်ဦးသည် မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည် နယ် ချောင်း ဆုံမြို့နယ်မှ ပြည်နယ် ကိုယ်စား လှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်သည်။

စိုင်းလမင်း၊ PN-051

အေးချမ်းမွန် Credit To > Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top