0


အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလ တွင်အတည်ပြုခဲ့ပြီးဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ ”ဥပဒေပြီးရင် နည်းဥပဒေတွေလိုပါတယ်။ ဘယ်လို လုပ်မလဲ ပေါ့။ ခုက နည်း ဥပဒေတွေရေးဆွဲနေတော့ အဲဒါပြီးရင် စတင်အကောင် အထည်ဖော်ပါ မယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင်မူ တရားမဝင်အဆောက်အအုံများ ဆောက် လုပ်ပါ က မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက် အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ကန်ထ ရိုက်များမှဆောင် ရွက်မှုများဖြစ်ကြောင်း၊ တရားမဝင်အဆောက် အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင် ချထားပေးသူများမဟုတ်၍ ၄င်းတို့ကို အရေးယူ၍ မရဖြစ်နေ သည်ဟု သိရသည်။

ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေ x ၄၇ ပေ သုံးထပ်အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာပေးသွင်းရမည်ဖြစ်သော် လည်း ခွင့်ပြု ချက်မဲ့ဆောက်လုပ် ပါကကြိုတင်ဆောက်ဒဏ်ကြေးဖြင့် ၈၁ဝ၇၅ဝဝ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှခွင့်ပြုချက်မဲ့ အဆောက် အအုံ ၁၁၅၇လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက် ထက်ကျော်လွန်ဆောက်လုပ်သည့် အဆောက် အအုံ ၅၅ လုံးကို လည်း တရားစွဲအရေးယူနိုင်ခဲ့သည်ဟု သိရသည်။

အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲ အထိ ရန်ကုန် စည်ပင်(အဆောက်အအုံ) ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းေ ဆာင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြုကြောင်း၊ ယင်းထက်ကျော်လွန်ပါက အထပ် မြင့် အဆောက်အအုံ စိစစ် ခွင့်ပြုရေး(CQHP) သို့ ထပ်မံတင်ပြ ရသည်။

ဝေမာထွန်း

အေးချမ်းမွန် Credit To > Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top