0


တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်နယ်ဌာနချုပ်အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အကျဉ်းသားဟောင်းတစ်ဦးကို ယနေ့ ဖမ်းဆီးလိုက်သည်။ နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်၏ မြိ့တစ်မြိ့တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးကာ အခြား ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

အသက် ၄၁ နှစ်အရွယ် ဖန်ဇီဂျွန်အား ယနေ့ နံနက်အစောပိုင်းက ဖမ်းဆီးလိုက်ပြီး ၎င်းက ဗုံးဖောက်ခွဲခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ရှန်ဇီပြည်နယ်အစိုးရက ပြောကြားသည်။ ဖန်ဇီဂျွန်သည် ယခင်က ခိုးမှုဖြင့် ထောင်ဒဏ် ၉ နှစ် ကျခံခဲ့ဖူးသည်။

ဖန်ဇီဂျွန်က ဗုဒ္ဓဟူးနေ့ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်ရည်ရွယ်ချက်ကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခြင်း မရှိချေ။ အာဏာပိုင်များက ဖန်ဇီဂျွန်၏နေအိမ်တွင် ဗုံးတပ်ဆပ်ပြုလုပ်သည့် ပစ္စည်းအများအပြား သိမ်းဆီးရမိခဲ့ကြောင်း ပြောကြားသည်။

(ဓာတ်ပုံ - ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ပြည်နယ်ဌာနချုပ် အဆောက်အအုံ)

အေးချမ်းမွန် Credit To >Planet Myanmar Networkhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top