Home
»
» Unlabelled
» တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၈)ဖွဲ့ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး လိုင်ဇာမြို့မှာ ယနေ့ (အောက်တိုဘာ ၂၉)ကျင်းပနေပါတယ်။
အဲ့သည်ထိပ်သီးအစည်းဝေးကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ဦးစီးကျင်းပတာဖြစ်ပြီး UNFC,KNU,RCSS,DKBA , မွန်ပြည်သစ်ပါတီ စတဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေတက်ရောက် ကြပါတယ်။ အစည်းအဝေးကို UNFC (ညီညွှတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ) ဥက္ကဌ အမ်ဘာလ၊ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) ဥက္ကဌ ဇောင်းဖရား၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ဥက္ကဌ မူတူးဆေးဖိုး၊ တို့က နာယက အဖြစ်ဆောင်ရွက်ကြပါတယ်။
နိုင်ငံတော်သမ္မတကလည်း အစည်းအဝေးဦးဆောင်ကျင်းပတဲ့ KIA ခေါင်းဆောင်တွေကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းနဲ့ ယခုပြုလုပ်တဲ့အစည်းအဝေး အောင်မြင်စေကြောင်း သ၀ဏ်လွှာတစ်စောင်ပေးပို့ထားပါတယ်။
အစည်းအဝေးအစီအစဉ်အရ အဲ့သည်ထိပ်သီးအစည်းအဝေးမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ထောင်ရေး ကိစ္စတွေကို အဓိက ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
KNU (ကရင်အမျိုးသားအစည်းအရုံး) ဥက္ကဌ မူတူးဆေးဖိုးက “ ဒီ conference ထဲမှာ ချဉ်းကပ်မှုနဲ့ ကျွန်တော်တို့ရဲ့ Position အရ မတူတဲ့အပေါ်မှာ ကွဲလွဲမှုတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းရင်းသားတစ်ရပ်လုံး ဒီနေ့လိုလားနေတဲ့ လိုလားချင်တွေရရှိဖို့အတွက်ဟာ ကျွန်တော်တို့ ညီညွတ်ရေးဟာ အရေးကြီးပါတယ်။ ညီညွတ်ရေးကို တည်ဆောက်တဲ့နေရာမှာ နားလည်မှုယူတဲ့နေရာမှာ ရပ်တည်ချက်နဲ့ ပထ၀ီ အနေအထားမတူတဲ့အပေါ်မှာ အမြင်တစ်ထပ်တည်းဖြစ်သွားမှာတော့ခဲယဉ်းပါတယ်။ဒါကြောင့် ယနေ့အစည်းအဝေးက (အဲ့ဒါတွေကို)အရ တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ဖြစ်နိုင်တယ်။ ဖြစ်ရမယ် ဆိုတဲ့ နည်းလမ်းဟာ Unity and Diversity နည်းလမ်းသာလျှင် ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ KNU က ဒီလိုပဲ ခံယူထားပါတယ်။” လို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်(၁၈)ဖွဲ့ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၃၀ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး နိုင်ငံရေးအရ ဘုံသဘောတူညီချက်တစ်ခုကို ရဖို့မျှော်လင့်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
အေးချမ်းမွန် Credit To > The Modern News Journal https://www.facebook.com/excellencemedia
Post a Comment