0

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်မြို့တွင်း၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှု များသည်လည်း စီမံခန့်ခွဲမှုများ အားနည်းပြီး စည်းကမ်း ထိန်းသိမ်းရေး ပုံစံများ မှားယွင်းနေခြင်း ဖြစ် သည်ဟု အောက်တိုဘာ ၂၁ ရက်တွင် မော်တော် ယာဉ်မောင်းသူများ အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကိုကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်းသည် လမ်းပေါ်၌ ယာဉ်များ စည်းကမ်းမဲ့ သွားလာ နေခြင်း၊ ယာဉ်ထိန်းရဲ ၀န်ထမ်းများ မလုံလောက်၍ လမ်းစီမံခန့်ခွဲမှုများ အားနည်းကာ လမ်းမများပေါ်တွင် မလိုအပ်ဘဲ ယာဉ်ကြောများ ရှုပ်ထွေးနေခြင်း တို့ကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရပ်တင်ချ စနစ်များ လုပ် လိုက်ခြင်းကြောင့် ပြည်သူများအတွက် အကျိုးရှိသော်လည်း အောင်မြင်စွာ ဆောင်ရွက်မှသာ အဆင်ပြေနိုင်မည် ဖြစ်သည်ဟု ၎င်းက ထပ်မံ ပြောကြား သည်။ …

““စည်းကမ်း ထိန်းသိမ်းရေးတွင် အခုရှိတဲ့ ယာဉ်ထိန်းရဲ ၉၀၀ လောက် ဘယ်လိုမှ မရဘူး။ အနည်းဆုံး အင်အား ၄၀၀၀ လောက် လိုတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အများကြီးရှိပြီး စည်းကမ်း ထိန်းသိမ်းရေးမှာ အင်အားမလောက်ဘူးလို့ ယုံကြည်ရင် အရပ်ဘက် အဖွဲ့အစည်းကို အကူအညီတောင်းပါ။ အကုန်လုံး တန်းစီပြီး ရပ်နေတယ်။ တစ်စီးသောကားက စည်းကမ်းဖောက်ရင် ဘယ်လို ရှင်းမလဲ ဆိုတာ စဉ်းစားပါ။ လမ်းစီမံခန့်ခွဲမှု တွေကို ဒီ့ထက်ပိုပြီး လုပ်ပါ”” ဟု မော်တော် ယာဉ်မောင်းသူများ အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

““လမ်းစီမံခန့်ခွဲမှုတွေ အနေနဲ့ကတော့ ယာဉ်ကြောတွေ ရှင်းပြီး အဆင်ပြေအောင်တော့ ရပ်/တင်/ချ စနစ်ဆိုတာ မှတ်တိုင်တွေမှာ ခရီးသည်တွေကို စနစ်တကျ ရပ်ပြီး ကားသမားတွေကိုလည်း စနစ်တကျ ရပ်ရမယ်လို့ ထုတ်ပြန်ထားတယ်။ မလိုက်နာရင် အရေးယူမှာ ဖြစ်တယ်။ ကားတွေက များလာတယ်။ လမ်းတွေက ကျဉ်းပြီး ဈေးသည်တွေက ပလက်ဖောင်းပေါ် တက်ရောင်းကြတယ်။ ယာဉ်မောင်းတိုင်း ကစည်းကမ်း မလိုက်နာဘူး။ တတ်နိုင်သလောက်ေ တာ့ ဆောင်ရွက်နေ ပါတယ်””ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲရုံးမှ ရဲအုပ်ထားထားခိုင်က ပြောသည်။

အေးချမ်းမွန် Credit To >Myanmartandawsint Newspaper https://www.facebook.com/excellencemedia

Post a Comment

 
Top