0

_/|\_  နမော တဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ × ၃ကြိမ် _/|\_

“ မေတ္တာပို့ ”
•••••••••••••
♦ အားလုံးသတ္တ၀ါတွေ
ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ
ကိုယ်ဆင်းရဲ ကင်းကြပါစေ ၊
စိတ်ဆင်းရဲ ကင်းကြပါစေ
အစစအရာရာ အဆင်ပြေကြပါစေ။

♦ အားလုံးသတ္တ၀ါတွေ
ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေ
စိုးရိမ်ခြင်းကင်းကြပါစေ၊ ပူဆွေးခြင်းကင်းကြပါစေ
ကြည်လင်ရွှင်လန်း ချမ်းမြေ့ကြပါစေ။

♦ အားလုံးသတ္တ၀ါတွေ
ဒေါသမာန်မာန ကင်းကြပါစေ၊
ရန်မူလိုခြင်း ကင်းကြပါစေ
နှိပ်စက်လိုခြင်း ကင်းကြပါစေ၊
သတ်ဖြတ်လိုခြင်း ကင်းကြပါစေ
ရန်ငြိုးသိုခြင်း ကင်းကြပါစေ၊
မနာလိုခြင်းကင်းကြပါစေ
စိတ်ထားဖြူစင်၊ မေတ္တာဝင် ချင်ခင်ကြင်နာကြပါစေ။

♦ အားလုံးသတ္တ၀ါတွေ
လိမ်ညာလှည့်ဖြား ရှောင်ရှားကြပါစေ၊
ကောက်ကျစ်စဉ်းလဲ ရှောင်လွဲကြပါစေ၊
ကုံးချေားစကား ရှောင်ရှားကြပါစေ၊
ကြမ်းတမ်းစကား ရှောင်ရှားကြပါစေ၊
ကြိမ်းမောင်းစကား ရှောင်ရှားကြပါစေ၊
ရန်လိုစကား ရှောင်ရှားကြပါစေ၊
အနှစ်မဲ့စကား ရှောင်ရှားကြပါစေ၊
အကျိုးမဲ့စကား ရှောင်ရှားကြပါစေ၊
ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပိယဝါစာ ချိုသာစကား
မေတ္တာထား ပြောကြားကြပါစေ၊

♦ အားလုံးသတ္တ၀ါတွေ
သူ့ပစ္စည်းကို ရယူလိုခြင်း ကင်းကြပါစေ၊
သူ့အကျိုးကို ဖျက်ဆီးလိုခြင်း ကင်းကြပါစေ၊
အယူမှားကို စွဲယူလိုခြင်း ကင်းကြပါစေ၊
ယူမှားကင်းကြ လောဘကိုသိမ်း ဒေါသထိန်း အေးငြိမ်းကြပါစေ၊

♦ အားလုံးသတ္တ၀ါတွေ
ဥစ္စာဓန ပြည့်စုံကြပါစေ၊
အလှူဒါန ပြုနိုင်ကြပါစေ၊
ကိုယ်ကျင့်သီလထိန်းနိုင်ကြပါစေ၊
ဥပုသ်သီလ စောင့်နိုင်ကြပါစေ၊
သမထတရား ပွားနိုင်ကြပါစေ၊
ဝိပဿနာတရား ပွားနိုင်ကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊
လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ။

“ ဆုတောင်းမေတ္တာ ”
••••••••••••••••••••
♦ သူတော်စိတ်မြတ်၊ အငြိမ်းဓာတ်၊ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
♦ မေတ္တာစိတ်မြတ်၊ အအေးဓာတ်၊ လွှမ်းပတ်ကမ္ဘာခြုံပါစေ။
♦ သတ္တဝါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ။
♦ သတ္တဝါမှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့သာယာရှိပါစေ။
♦ ဗုဒ္ဓသာသနာ၊ ရှည်မြင့်ကြာ၊ ကမ္ဘာအနှံ့ပြန့်ပါစေ။
♦ သတ္တဝါမှန်သမျှ၊ ကိုးကွယ်ကြ၊ ဒုက္ခခပ်သိမ်းငြိမ်းပါစေ...။

သာဓု သာဓု သာဓု ... ။

[ ချမ်းမြေ့ရိပ်သာကျောင်းမေတ္တာပို့ဖြစ်သည်။]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် Credit To >Young Buddhist's Associationhttps://www.facebook.com/excellencemedia

Post a Comment

 
Top