0





တကယ်တော့ ကျုပ်တို့ မြန်မာ ပြည်သားအားလုံး အလိမ်ခံလိုက်ကြ ရတာ။ အလိမ်ခံရတာမှ ဗြောင်လိမ် တာ။ ဗြောင်လိမ်ဗြောင်စားဆိုတာ ဒါမျိုးပေါ့။
ဦးနေဝင်း ဗိုလ်ချုပ်နေဝင်း ဖြစ်လာမယ့် သခင်ရူမောင်ကနဂိုက ရွှေဂုံတိုင်စာတိုက်မှာစာတိုက် စာရေး ဗျ။မနက်ပိုင်းစာဝေ စာပို့ကိစ္စတွေပြီး ရင်နေ့လယ်လောက်ဆိုအခု ခုံး ကျော်တံတားဆောက် နေတဲ့ ရွှေဂုံတိုင်မီးပွိုင့်ရဲ့ အနောက် မြောက်ထောင့်က စာတိုက်ရှေ့က ပလက်ဖောင်းပေါ်မှာ ကျားပဲထိုးထိုး နေတာ။ အချိန်ရှိသရွေ့ကျားထိုးနေ တာပဲ။ သူက ကျားထိုးတာကို ထမင်းမေ့ ဟင်းမေ့ ထိုးတတ်တယ်။ သားနဲ့မယားနဲ့ရှိပေမယ့် စာတိုက်စာ ရေးလခနဲ့ ဘာနဲ့်ဆိုတော့ ထမင်း တော့ ဝအောင်စားနိုင်တာပေါ့ဗျာ။ ကျားသမားဆိုတော့ အကွက်က မြင်တတ်တယ်။ ကွက်ကျော်မြင် တတ်တယ်။ ဒို့ဗမာအစည်းအရုံးထဲ ဝင်ထားပေမယ့်သူ့ကိုဘယ်သခင်က မှ သိပ်ဖက်လှဲတကင်း မရှိလှပါ ဘူး။ သခင်အောင်ဆန်းတို့ သခင် လှဖေတို့၊ သခင်စိုး၊ သခင်သန်းထွန်း တို့ကို ဘယ်ခြေဖျားမီမလဲ။
ဒါပေမဲ့ သူ့အစ်ကိုအရင်းနဲ့ ပတ်သက်ပြီး သခင်ဗစိန်ရဲ့ဇနီး မိသားစုကိုတော့ အပိုင်ပေါင်းထား နိုင်တယ်။ အထူးသဖြင့်သခင်ဗစိန်ရဲ့ မိန်းမကြီးက သူ့ကို အတော်ခင် မင်တယ်ဗျာ။ ဒါလေးကလည်း မြန်မာ့သမိုင်း ချောက်ထဲကျဖို့ ဖြစ် လာစေခဲ့တာပဲဗျာ။
ကျုပ်တို့ မြန်မာပြည်ကလည်း ကံဆိုးပါတယ်။ ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး၊ (ဗိုလ်မိုးကြိုး)နဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်လှမြိုင်တို့တရုတ် ပြည် အမွိုင်မြို့မှာ တွေကြပြီး ဗိုလ်ချုပ်ကို ဂျပန်ခေါ်သွား၊ မြန်မာ့ လွတ်လပ်ရေးစီမံချက်ကို ဗိုလ်ချုပ် အောင်ဆန်းကရေးဆွဲပြီး ဗိုလ်မိုးကြိုး က တစ်ဆင့် ဂျပန်စစ်ဦးစီးအဖွဲ့ကို တင်ပြသဘောတူတော့ ရဲဘော်သုံး ကျိပ်ကိုအသုတ်လိုက်ဖော်မိုဆာကျွန်း မှာ စစ်ပညာသင်ဖို့ ခေါ်တော့တာ ပေါ့။ သခင်အောင်ဆန်းက ဗိုလ် တေဇအဖြစ်၊ သခင်လှဖေက ဗိုလ် လက်ျာအဖြစ်၊သခင်အောင်သန်းက ဗိုလ်စင်္ကြာအဖြစ်၊ကိုရွှေကဗိုလ်ကျော်ဇော အဖြစ်၊ဗိုလ်ဇေယျ စတာတွေဖြစ်ကြ ပြီး။ စစ်ဖြစ်ခါနီးဆိုတော့ လူက လည်း လိုနေတော့ သခင်ဗစိန်ဘက် အခြမ်းကလူလိုနေတာနဲ့ တစ်နေ့ လယ်ခင်းမှာ သခင်ဗစိန်ဇနီးက သခင်ရူမောင်ကိုသတိရပြီးသူကိုယ်တိုင် လူလွှတ်ပြီး ရွှေဂုံတိုင်လမ်းဆုံက စာတိုက်စာရေး သခင်ရူမောင်ကို ခေါ်ခိုင်းလိုက်တယ်။
သခင်ဘစိန်ဘက်ကအခြမ်းက ဂျပန်ပို့ဖို့ လူလိုနေတဲ့အချိန်မှာ သခင်ထွန်းအုပ်က အင်္ဂလိပ် ပုလိပ် လိုက်လို့ အိမ်တစ်အိမ်ရဲ့ ထပ်ခိုးမှာ ပုန်းနေရတုန်း အိမ်ရှေ့လမ်းထဲက သခင်ရူမောင် (ဗိုလ်နေဝင်း)ဖြတ် သွားတာ မြင်လိုက်တယ်။ ဒါနဲ့ သခင်ထွန်းအုပ်လည်း အဲ့ဒီအိမ်က ကလေးတစ်ယောက်ကို လိုက်ခေါ် ခိုင်းပြီး ဂျပန်ကို ရဲဘော်သုံးကျိပ် အဖြစ်နဲ့ ထည့်လိုက်တာ ဖြစ်တယ် လို့(သခင်ထွန်းအုပ်ကိုယ်တိုင်က ပြန်ပြောတာကို ကျုပ်မိတ်ဆွေ ကိုယ်တိုင် နားထောင်ခဲ့ရတယ်)
အဲ့ဒါကစပြီး သခင်ဗစိန် ဘက်အုပ်စုကနေ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ်သခင် ရူမောင်ဂျပန် ပြည်ကိုပါသွားပြီး ဗိုလ်နေဝင်း ဖြစ်လာတော့တာပါပဲ။ ဗမာပြည် ကံဆိုးပုံက,
သခင်အောင်ဆန်းနဲ့ သခင် လှမြိုင်က ဂျပန်ပြည်ရောက်နေပြီ ဖြစ်တော့ မြန်မာပြည်တွင်းက ၂၈ ယောက်ခေါ်ရတာပေါ့ဗျာ။ သခင် ကိုယ်တော်မှိုင်းနဲ့ သခင်မြဘက် အခြမ်းကတစ်ဝက်ခေါ်တာပေါ့ဗျာ။ သခင်လှဖေ(ဗိုလ်လက်ျာ)တို့ဗိုလ်ဇေယျ တို့ကိုရွှေ(ဗိုလ်ကျော်ဇော)တို့ဗိုလ်ရဲထွဋ် တို့ပေါ့ဗျာ။ သခင်ဗစိန်၊ သခင်ထွန်း အုပ်ဘက်အခြမ်းကလည်း သခင်အောင်သန်း(ဗိုလ်စင်္ကြာ) နဲ့ သင့်တော်မယ့်သူတွေ ရွေးပို့ကြတာ ပေါ့ဗျာ။ များသောအားဖြင့် လူပျိုလူလွတ်တွေ မှီခိုမဲ့သူမရှိသူ တွေပဲ ရွေးတာပါ။ ဗမာပြည်များ ကံဆိုးချင်တော့ သခင်ဗစိန် ဇနီးကြီးက သခင်ရူမောင်ကို ခင်မင် မှုရှိနေတော့ သွားသတိရပြီး စဉ်းစား မိတယ်။ သခင်ဗစိန် ကိုယ်တိုင် ကတော့ သတိရတာ မဟုတ်ပါဘူး။ သူ့ဇနီးကပြောတော့ သခင်ရူမောင် မှာက သားနဲ့မယားနဲ့မို့ သိပ်သဘော မတွေ့ဘူး။ သခင် ဗစိန်ဇနီးကပဲ ထပ်ထပ်ပြောနေတာနဲ့ သခင် ရူမောင်လည်း သခင်ဗစိန် ကတော်ရဲ့ တန်ခိုးနဲ့ ရဲဘော်သုံးကျိပ် ထဲပါသွားတာ။ ကျုပ်တို့ ဗမာပြည် ရာဇဝင်က အဲ့ဒီလို မိန်းမတွေဝင်ဝင် ပြီး နိုင်ငံရေး၊ စစ်ရေးတွေမှာ ဝင်ဝင်ပြီးပါတာကနေ ဒီကနေ့ တိုင်းပြည်ပျက်ရတဲ့ အခြေအနေကို ရောက်ရတာပဲ။ သခင်ဗစိန်က တော်က လူလွှတ်ပြီးအချိန်မရှိတော့ ဘူး ရန်ကုန်ဆိပ်ကမ်းက ဂျပန်ကုန် သင်္ဘောကလည်း တစ်ရက်နှစ်ရက် အတွင်း ထွက်မှာမို့ရွှေဂုံတိုင်စာတိုက် ရှေ့ပလက်ဖောင်းမှာကျားကစားနေ တဲ့ သခင်ရှုမောင်ကို အမြန်အခေါ် လွှတ်လိုက်ပြီး ဂျပန်ပြည်ကို ပါသွား တော့တာပါပဲဗျာ။ နောက်မြန်မာ ပြည်ကို အာဏာရှင်စံနစ်စတင် မျိုးစေ့ချမယ့်လုပ်ပေါက်ကို ပွတ်ကာ သီကာ လူလိုနေတဲ့ အကြောင်း တရားတွေကြောင့် သေသေချာချာ မရွေးကြဘဲ လက်သင့်ရာ လက်တို့ ပြီး ခေါ်ခဲ့တဲ့ ရွေးကြတဲ့ ကျုပ်တို့ မြန်မာရာဇဝင်ရဲ့ ဓလေ့စနစ်ဆိုး ကြောင့် ရဲဘော်သုံးကျိပ်ထဲကို အာ ဏာရှင်ကြီးဖြစ်လာမယ့်ဗိုလ်နေဝင်း ကိုရွေးထုတ်မိခဲ့ကြတာပါပဲဗျာ။ (အဆိပ်ပင်ရေလောင်းကြတာပါပဲ)

သမိုင်းကြောင်းရိုင်းသွားစေတဲ့မုန့်ဟင်းခါး
သိုက်ဆရာကို လှေပေါ် တင်ခဲ့မိတဲ့ ဇာတ်လမ်းကဒီလိုဗျာ။ (ဖဆပလ)ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ(ထားဝယ်)သူ့ဇနီးတို့ပါပဲ ဖြစ်ပုံက ဒီလိုဗျ။ ဗိုလ်ချုပ်နေဝင်း က ဒေါ်ခင်မေသန်းနဲ့ ခဏခဏ တွေ့ပါများတော့ နီးစပ်ရာက ကြိုက် သွားကြပြီ။ ဗိုလ်ချုပ်နေဝင်းက ဒေါ်ခင်မေသန်းကို လက်ထပ်ယူ လိုက်တယ်ဗျာ။ တကယ်တော့ ဒေါ်ခင်မေသန်းကလက်ရှိယောက်ျား ကြီးငုတ်တုတ်နဲ့ဗျာ။ သူ့ယောက်ျား ကြီးက အင်္ဂလန်မှာရောက်နေတဲ့ ဒေါက်တာတောင်ကြီး။သူ့ယောက်ျားကြီးနဲ့ကလေး ပါရှိတယ်။ သီတာဝင်း၊ လဲ့လဲ့ဝင်း၊ သော်တာဝင်းတို့ဖြစ်တယ်။
ဝန်ကြီးချုပ်ဦးနုက ယောက်ျား လက်ရှိကာမပိုင်ရှိ့ သူ့တစ်ပါး မယားကို ဗြောင်ယူတဲ့အတွက် ဗိုလ်ချုပ်နေဝင်းကို လုံးဝ စိတ်ဆိုး တယ်။ ခွင့်မလွှတ်ဘူး။ တပ်မတော် ခေါင်းဆောင်တစ်ဦး၊ နိုင်ငံခေါင်း ဆောင်တစ်ဦးက ပြည်သူ ပြည်သား များရှေ့မှာစံပြကောင်းအကျင့် စာရိတ္ထမဏ္ဍိုင် ကြံ့ခိုင်ပြသင့်လျှက် သားနဲ့ အခုလို သူများမယား ကြာခို တာမျိုးကို ဝန်ကြီးချုပ် ဦးနုက လက်မခံဘူး။ ဗိုလ်ချုပ်နေဝင်းကို တပ်မတော်မှ ထုတ်ပယ်တဲ့စာကို ရေးပြီး တပ်မတော်မှ နုတ်ထွက်ရန် အမိန့်ကို အဲ့ဒီအချိန်က ကာကွယ် ရေးဝန်ကြီးဦးဗဆွေ(ကျားကြီးဗဆွေ) ကို ညွှန်ကြားလိုက်တယ်။ ဦးဗဆွေ ကလည်း ဗိုလ်ချုပ်နေဝင်းကို တပ်မ တော်မှ နုတ်ထွက်ခိုင်းတဲ့စာကို ရိုက် ပြီးပြီ။ လက်မှတ်ထိုးဖို့နဲ့ တရားဝင် ကြေညာဖို့ပဲ ကျန်တော့တာ။ဒီကြားထဲ ကာကွယ်ရေးဝန်ကြီး ဦးဗဆွေက ရုတ်တရက် နိုင်ငံခြား ခရီးစဉ်တစ်ခု ကောက်ကနဲ ထသွား လိုက်ရတယ်။ ပြန်လာမှ ထုတ်ပြန် ကြေညာမယ်ပေါ့ဗျာ။ ဗမာပြည် လည်း ကံ ဆိုးကိုဆိုးပါတယ်။ ဒီကြားလေးထဲမှာ ရွှေဂုံတိုင် ပလက် ဖောင်းမှာကျားရွှေ့နေတဲ့ဗိုလ်နေဝင်း က သိပ်လျင်တယ်။ ဦးဗဆွေနေတဲ့ ရန်ကုန်အလုံလမ်းက အိမ်ကြီးရဲ့ အပေါ်ထပ် ဧည့်ခန်းဆောင်ကို မနက်မနက် ဦးဗဆွေနဲ့ ဇနီးတို့ဆီကို မုန့်ဟင်းခါး ချိုင့်ကြီး၊ ချိုင့်ငယ် အကြော်အစုံအလင်နဲ့ မနက်မနက်ယူယူလာပြီး ငုတ်တုတ်လာလာ ထိုင်နေတယ်။ နံနက်ငါးနာရီခွဲခြောက်နာရီလောက်ဆို ဗိုလ်ချုပ်နေဝင်းကမုန့်ဟင်းခါးချိုင့်ကြီး နဲ့ ကာကွယ်ရေးဝန်ကြီးဦးဗဆွေ အိမ်ဧည့်ခန်းထဲမှာ ငုတ်တုတ်ကြီး ထိုင်ပြီး အသနားခံနေတယ်။ မနက် အိပ်ယာကထလာတဲ့ ဦးဗဆွေ ဇနီးက ဧည့်ခန်းထဲရောက် ပြီး မုန့်ဟင်းခါးချိုင့်နဲ့ဗိုလ်နေဝင်း ကို တွေ့ပါများတော့ အားနာလာတယ်။ ပထမတော့ ဦးဗဆွေကထွက်မတွေ့ ဘူး။ နေ့စဉ်ရက်ဆက်ဆိုတော့ ဦးဗဆွေဇနီးကလည်း သနားလာ တယ်။ ဦးဗဆွေကို ထွက်တွေ့ဖို့ ဖျောင်းဖျလာတယ်။ ဒါနဲ့ပဲဦးဗဆွေ လည်း စိတ်တွေအရည်ပျော်ပြီး ဗိုလ်နေဝင်းကို တပ်မတော်ကနေ ထုတ်မပစ်ဖို့ ဝန်ကြီးချုပ်ဦးနုကို နည်းလမ်းပေါင်းစုံနဲ့ နားချပါတော့ တယ်။ ဘယ်၍ဘယ်ပုံအနစ်နာခံ ခဲ့တော့ ဒီတစ်ခါတော့ ခွင့်လွှတ်သင့် ပါတယ် ဘာညာပေါ့ဗျာ။
ဒါနဲ့ ဦးနုလည်း နားယောင် သွားပြီး မြန်မာပြည်ကို ပြောင်းပြန် လှန်တော့မယ့်အာဏာရှင်ကြီးကို ဦးနု၊ ဦးဗဆွေနဲ့ဇနီးတို့က အဆိပ်ပင် ရေလောင်းခဲ့မိကြပြန်ပါပေါ့ဗျာ။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းတော့ ဦးနုရော၊ ဦးဗဆွေရော ထောင်တွေထဲ နှစ်လရှည်ရောက် သွားကြတာပါပဲ။ ဦးနုဆို ၁၉၆၂ မတ် ၂ ရက် အာဏာသိမ်းတော့ အဖမ်းခံရတဲ့အချိန်မှာတောင်ဗိုလ်ချုပ် နေဝင်းရော အခြေအနေကောင်း ရဲ့လားလို့ မေးတော့မေးခဲ့တယ် ပြောတယ်။
ကျုပ်တို့ မြန်မာပြည်နိုင်ငံရေး ခေါင်းဆောင်တွေအားလုံးနဲ့ ပြည်သူ အားလုံးဟာ လူလည်လူပါးလူနပ် တစ်ဦးတစ်လေ လက်စွမ်းပြတာနဲ့ ဗြောင်လိမ့်ခံကြရတော့ တာပါပဲ။ တစ်နိုင်ငံလုံး တမျိုးသားလုံးကို တစ်ဦးတစ်ယောက်တည်းကနေပိပိရိရိ ဗြောင်လိမ်သွားတဲ့ ဇာတ်လမ်းတွေ ပေါ့ဗျာ။ နောက်တာ့ ရွှေဂုံတိုင် စာတိုက်ရှေ့မှာ ကျားကစားနေတဲ့ (သခင်ရူမောင်) ဗိုလ်နေဝင်းက ဗိုလ်ချုပ်ကြီးနေဝင်း ဖြစ်လာပြိး သခင်ဗစိန်၊ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့အားလုံး သောဆရာသမားတွေကိုထောင်ထဲ ထည့်ထားလိုက်တယ်။ဗိုလ်လက်ျာ လည်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုရင်ြးု့ သတ်လို့သေ။ ဗိုလ်ဇေယျ၊ သခင်လှမြိုင် တို့ အားလုံးလည်း ''ပဲခူးရိုးမ''ထဲမှာ တောခိုရင်း ဗ.က.ပ ဖြုတ်၊ထုတ်၊သတ်နဲ့ အသတ်ခံကြရ။ ဗိုလ်ကျော်ဇောလည်း တရုတ်ပြည် နယ်စပ်တောခိုရင်း မနှစ်ကပဲ တရုတ်ပြည်မှာ ကွယ်လွန်သွား တယ်။ ဗိုလ်စင်္ကြာက ဘန်ကောက် မှာဆုံးသွားတယ်။ အားလုံးသော နိုင်ငံရေးခေါင်း ဆောင်တွေနဲ့ ရဲဘော်သုံးကျိပ်တွေ တစ်ယောက် မကျန် အဖြစ်ဆိုးနဲ့ ဇာတ်သိမ်းသွား ရတာပါပဲ။
ဒါက မြန်မာ့နိုင်ငံရေး မြန်မာ့ သမိုင်းနဲ့ တပ်မတော်သမိုင်းရဲ့ အဖြစ်ဆိုးတွေပါ ရင်နင့်စရာတွေပါ။
ရဲဘော်သုံးကျိပ်တွေအားလုံး နီးပါးလည်းဒုက္ခတွေ ပင်လယ်ဝေခဲ့ တာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းပြီး ရင် ဒုတိယခေါင်းဆောင်အဆင့်ရှိတဲ့ သခင်လှဖေ(ဗိုလ်လက်ျာ)ဆို ဗိုလ်ချုပ်အောင်ဆန်းတပ်မတော်က ထွက်ပြီး ဖဆပလဥက္ကဋ္ဌ ဦးအောင် ဆန်းဖြစ်သွားတယ်။ ဗိုလ်လက်ျာက ဗမာ့တပ်မတော်ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ နောက်ဆုံး တစ်နေ့မှာ ဗိုလ်ချုပ်နေဝင်း နဲ့ အဆင်မပြေတာနဲ့ နောက်ဆုံး ၁၉၆၂ နောက်ပိုင်း ထိုင်း မြန်မာနယ်စပ်ကို ပြေးရတာပဲ။ ဝန်ကြီးချုပ် ဦးနု၊ ဦးသွင်တို့နဲ့ ပြည် ချစ်တပ်မတော်တွေ ဘာတွေ လုပ်နေရင်းနဲြု့ သတ်လို့ နယ် စပ်မှာ ကျဆုံးခဲ့ရတယ်။ ဗိုလ်လက်ျာ လည်း အသက်ခံလိုက်ရတာပဲ။ ဗိုလ်ဇေယျ၊ သခင်လှမြိုင်(ဗိုလ်ရန် အောင်)တို့လည်း ဗကပရှိတဲ့ ပဲခူး ရိုးမထဲသွားပေါင်းပြီး တောခိုတော့ သခင်သန်းထွန်းတို့ ဗကပဖြုတ်၊ ထုတ်၊သတ်ထဲပါသွားပြီးကျဆုံးသွား ရရှာတယ်။ ဗိုလ်ကျော်ဇောလည်း တရုတ်နယ်စပ်ပြေးရတာပါပဲ။(တလောကတော့ ဆုံးသွားပါပြီ) ဗိုလ်ရန်နိုင်ကတော့ ရှစ်လေးလုံး အထိ ပါသေးတယ်။ ရှစ်လေးလုံး ပြီးမှ ဆုံးတာ။ ခုဆို ဗိုလ်ရဲထွဋ် တစ်ယောက်ပဲ နောက်ဆုံးကျန် တော့တယ်။
ဗိုလ်ချုပ်နေဝင်းဟာ ဆရာသ မားတွေအားလုံးလည်းထောင်ထဲထည့်။ လက်တွဲခဲ့တဲ့ တိုက်ဖော်တိုက်ဖက် ရဲဘော်သုံးကျိပ်တွေကိုလည်းတော ထဲမောင်းထုတ်။ အကုန်ရှင်းခဲ့ တာပါပဲ။ နောက်ဆုံးတော့ သူ လည်းပြန်အရှင်းခံသွားရတာပါပဲ။ သူ့ကြောင့် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အချမ်း သာဆုံးနိုင်ငံတစ်ခုကနေ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငူီံဃ နိုင်ငံ စာရင်းထဲ ပါသွားရတော့တာပါပဲ။
နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ပြောင်းသွားစေခဲ့တဲ့ ဗိုလ်နေဝင်းတို့ လို စုန်းပြူးတွေ အထွတ်အထိပ် ရောက်လာဖို့ အဆိပ်ပင်ရေလောင်း မိတဲ့သူတွေတချို့ကြောင့် မြန်မာ့ သမိုင်း မြန်မာပြည်ဒီဘဝဆိုးကျ ရောက်ခဲ့ရတာ။
ဂဠုန်ဦးစော
သူ့နာမည်က ဦးစောပါ။ အင်္ဂလိပ်ခေတ် ခြောက်တန်းအထိ ပဲ ကျောင်းတက်ဖူးတယ်။ သိပ်ပြီး ကြိုးစားတော့ အင်္ဂလိပ်ဘုရင်ခံနဲ့ ငြင်းနိုင်ခုန်နိုင်တဲ့အထိ အင်္ဂလိပ် စကားပြောက ကောင်းတယ်။ ပညာရေးကလည်း နိမ့်၊ ဘဝကလည်း အောက်ခြေက တက်လာတော့ သိပ်ကြိုးစားလို့ဖြစ် မြောက်လာပေမယ့် ပညာပါရမီ နည်းတာကြောင့် ပညာတတ်တစ် ယောက်ရဲ့အတွေးအခေါ်အယူအဆ တွေ မရှိဘူး။ ဒါကြောင့် သဘော ထားမကြီးနိုင်ဘူး။ တရားမရှိဘူး။ ဦးစောက နန်းရင်းဝန် (ဝန်ကြီးချုပ်) ဦးပုကို အယုံအကြည်မရှိ (သြည ဃသည်ငိနညအ ဠသအန) လွှတ်တော်ထဲ မှာ တင်သွင်းတော့ ဦးပုအစိုးရ ရှုံးနိမ့်ပြီး နုတ်ထွက်ပေးလိုက် ရတယ်။ အဆိုတင် တဲ့ကိစ္စက ၁၃ဝဝ ပြည့် အရေး တော်ပုံ ရေနံမြေသပိတ် တပ်နဲ့ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ ဂယက်တွေကြောင့် ဦးစောဆိုတဲ့ သမိုင်းဖျက်မယ့်စုန်းပြူး တစ်ယောက် ပေါ်ထွက်လာဖို့ အကြောင်းဖန်ခဲ့ပြန်တာပေါ့ဗျာ။ ဦးစောက သူ့ဆရာ သူ့ကျေးဇူးရှင် အရင်းဖြစ်တဲ့ ဘကြီးဘဖေကိုလည်း ကျေးဇူးကန်ပြီး တန်ပြန်ခဲ့တာပဲ။
ဒါနဲ့ ဒုတိယကမ္ဘာစစ်မဖြစ်မီ မြန်မာပြည်ရဲ့ နောက်ဆုံးအစိုးရ နန်းရင်းဝန်အဖြစ် ဦးစောဖြစ်လာ ခဲ့တယ်။ ရာဇပလ္လင် ခွေးတက်အိပ် သလိုဖြစ်နေလို့ ထင်ပါတယ်။ ကြာ ကြာမခံပါဘူး။ စစ်ကြီးဖြစ်လာတော့ ဦးစောလည်း ဖေပုရှိန်လို သူရဲ ကောင်းဖြစ်ချင်တာနဲ့ ဘိလပ်သွား ပြီး ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာ ချီဆီသွားပြီး လွတ်လပ်ရေးတောင်း ဆိုတယ်။ ဦးစော ဝင်စတန်ချာချီနဲ့ တွေ့တဲ့အချိန်က ဥရောပတိုက်မှာ နာဇီဂျာမဏီက ပိုလန်ကို သိမ်း ပိုက်လိုက်ပြီး ကျန်အနောက်ဥရောပ နိုင်ငံတွေကို ဆက်တိုက်သိမ်းလာ နေပြီ အင်္ဂလန်တောင် နေ့ကျ မလား၊ ညကျမလား ကျီးလန့်စာ စားနေရတဲ့ အချိန်ကြီးဗျာ။ ဒါနဲ့ ချာချီက ဦးစောကို ဟောက်ပစ် လိုက်တယ်။ ဒီအချိန်က လွတ်လပ် ရေးတောင်းရမယ့်အချိန်မဟုတ်ဘူး။ အင်္ဂလိပ်ကို အိန္ဒိယနဲ့ မြန်မာပြည်က လက်တွဲအကူအညီပေးပြီး စစ်ကို အနိုင်တိုက်ရမယ့်အချိန်ဆိုပြီး အဟောက်ခံလိုက်ရတယ်။ ဒါနဲ့ ဦးစောလည်း အမေရိကန်ပြည် ရောက်သွားတယ်။ သမ္မတ ရုစဗက်နဲ့ တွေ့လိုက်သေးတယ်။ အမေရိကန်မှာ ဂျပန်ထောက် လှမ်းရေးနဲ့ ဆက်သွယ် စပိန်မှာ ဂျပန်သံရုံးသွား ဝင်တွေ့ပြီး ဦးစော က ဂျပန်ဆီက လက်နက် အကူအ ညီ တောင်းပြီး အင်္ဂလိပ်ကို ပြန်ချဖို့ လုပ်တဲ့အထောက်အထား တွေ တွေ့လို့ ဦးစောလေယာဉ် ပါလက် စတိုင်း ခဏဆင်းတော့ ဦးစောနဲ့ ဦးတင်ထွဋ်တို့ကိုအင်္ဂလိပ် ထောက်လှမ်းရေးက ဖမ်းလိုက် တယ်။ ဦးတင်ထွဋ်ကို ပြန်လွှတ်ပေး လိုက်ပြီး ဦးစောကို ယူဂန္ဓာမှာ ထောင်ထဲထည့်ထားလိုက်တယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ဦးစောဗမာပြည်ပြန်ရောက်လာတော့ ဗမာပြည်က ပြောင်းလဲနေပြီ မြန်မာတစ်ပြည်လုံးက ဗိုလ်ချုပ် အောင်ဆန်းဦးခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ လွတ်လပ်ရေးပန်းတိုင်ဆီကို ချီတက် နေကြပြီ။ ဦးစော စိတ်ထဲ မုဒိတာ မထားနိုင်ဘူး။
ဦးစော မြန်မာပြည် ပြန်ရောက်တယ်ကြားတော့ ဗိုလ်ချုပ်အောင်ဆန်းက ဦးစောအိမ်မှာသွားနှုတ်ဆက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဧည့်ခန်း ထဲမှာ အရေးမပါသလို အကြာကြီး ထိုင်စောင့်ခိုင်းထားတယ်။ ဦးစော နဲ့ အင်္ဂလိပ်အရာရှိကြီးတစ်ယောက်နဲ့ ထမင်း စားခန်းထဲမှာ စားလိုက် သောက်လိုက် ရီလိုက် မောလိုက် လုပ်နေပြီး ဗိုလ်ချုပ်ကို ဧည့်ခန်း ထဲအကြာကြီး ထိုင်စောင့်ခိုင်းထား တယ်။တမင်ချိုးတာပေါ့ဗျာ။ ဦးစောက ဗိုလ်ချုပ် အောင်ဆန်းကို အဲဒီလိုလုပ်တာတွေ တော်တော် များလာတယ်။ အဆိုးဆုံးက ၁၉၄၇ ဇန်နဝါရီ ဗိုလ်ချုပ် အောင်ဆန်း ဘိလပ်သွားတော့ အင်္ဂလိပ် အစိုးရဒေါ်မန်စမစ်ဘက်အခြမ်း က ဦးစောလည်းဘိလပ်မှာ မြန်မာကိုယ် စားလှယ်အဖွဲ့မှာ ပါတယ်။ အောင် ဆန်းအက်တလီစာချုပ် ချုပ်ကြ တော့ ဦးစောနဲ့ သခင်ဗစိန်က လက်မှတ်မထိုးဘူး။မြန်မာ့လွတ်လပ် ရေးနောက်ဆုံးအဆင့် ရောက်ခါနီး မှာ ဦးစောက ကပျက်ယပျက် လုပ် ပစ်တာ။ ဒါကြောင့် အောင်ဆန်း -အက်တလီစာချုပ်မှာ ဦးစောနဲ့ ဝန်ကြီးသခင်ဗစိန်တို့ လက်မှတ် မထိုးကြောင်း မှတ်ချက်နဲ့စာချုပ် ချုပ်ခဲ့ရတယ်။
ဒါကြောင့် ဆိုရှယ်လစ်ပါတီ က အငယ်တန်း ဒုတိယတန်း ရဲဘော်တချို့က ဦးစောကို အပြတ် ရှင်းဖို့ ကြံစည်ကြတယ်။ ရန်ကုန် ဘဆွေကဆိုရှယ်လစ်ပါတီကဗိုလ်မြ ဟန်ဆီမှာတော်မီဂန်းသေနတ်သွား ငှားတယ်။ ဗိုလ်မြဟန်က သန်လျင် က ဘုန်းကြီးကျောင်းတစ်ကျောင်း မှာ ဆီစိမ်စက္ကူနဲ့ သေသေချာချာ ပတ်ပြီးဝှက်ထားတဲ့ သူ့ရဲ့ တော်မီဂန်းသေနတ်ကို ရန်ကုန်ဘဆွေကို ပေးလိုက်တယ်။
ရန်ကုန်ဘဆွေရယ် တခြားဆို ရှယ်လစ်ပါတီကရဲဘော်နှစ်ယောက် ရယ် သူရိယသတင်းစာတိုက်ကဦးစော ထွက်အလာကို စောင့်နေကြတယ်။ ဦးစောထွက်လာတော့ ဦးစောကားနောက်ကို သူတို့ ဂျစ်ကားက ယှဉ်တက်ပြီး သေနတ် နဲ့ ကပ်ပစ်တယ်။ ရန်ကုန်ဘဆွေ ပစ်တဲ့ သေနတ်က ကျည်မထွက်ဘူး ဖြစ်သွားတယ်။ (နှစ်ရှည်လများ ဆီ နဲ့သုတ်ပြီးမှ သိမ်းထားတဲ့ သေနတ် မို့ ရုတ်တရက် ဂျမ်းဖြစ်သွားတယ်) ဒါကို ဦးစောကားကတွေ့တော့ အရှိန်တင်ပြီးမောင်းပြေးတယ်။ နောက်တစ်ယောက်က သူ့ရဲ့ သေနတ်နဲ့ ထပ်ပစ်တော့ ဦးစောကို မထိဘဲ ကားမှန်ကို ထိပြီး ဦးစော မျက်စိထဲ မှန်စတွေ ဝင်သွားတယ်။ ဦးစောကို ရန်ကုန်ဘဆွေတို့ လုပ်ကြံတာ မအောင်မြင်ခဲ့ဘူး။ ဦးစောလည်း အင်္ဂလန်အထိ တောင်သွားပြီး သူ့ မျက်လုံးထဲက မှန်စတွေ သွားထုတ်တယ်။ အကုန်ထုတ်လို့မရဘူး။ ကျန် နေတယ်။
ဒီကစပြီး ဦးစောက သူ့ကို လုပ်ကြံတဲ့သူတွေဟာ ဗိုလ်ချုပ် အောင်ဆန်းတပည့်တွေဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့ လက်နက်တွေစုဆောင်းတော့တာပဲ နောက်ဆုံးကောင်းတဲ့ဘက်က အကြမ်းဖက်ဖြစ်တဲ့ ရန်ကုန်ဘဆွေ တို့ရဲ့လုပ်ကြံမှုကမအောင်မြင်ပေမယ့် မကောင်းတဲ့ဘက်က လုပ်ကြံမှုဖြစ် တဲ့ ဦးစောရဲ့လူတွေက ဗိုလ်ချုပ် အောင်ဆန်းတို့ကို လုပ်ကြံတာ အောင်မြင်သွားတယ်။မြန်မာ့သမိုင်း ဟာ ရိုင်းတယ်ဗျာ။
ကျုပ်ဘယ်အကြမ်းဖက် လုပ် ကြံတာမျိုးကိုမှ လက်မခံပါဘူး။ မထောက်ခံပါဘူး။ အပြင်းအထန်ကို ကန့်ကွက်ပါတယ်။ ဂဠုန်ဦးစောကို ရန်ကုန်ဘဆွေတို့က လုပ်ကြံတာ ရော မထောက်ခံသလို ဗိုလ်ချုပ် အောင်ဆန်းတို့ကို ဂဠုန်ဦးစော လုပ်ကြံတာကိုရော လုံးဝရှုပ်ချကန့် ကွက်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ မြန်မာသမိုင်းရဲ့ ကံဆိုးပုံကို ယူကျုံး မရဖြစ်တာပါ။ ဦးစောကို ပစ်ခဲ့တဲ့ ရန်ကုန်ဘဆွေဟာ ဗိုလ်ချုပ်ကို ကြည်ညိုထောက်ခံတဲ့ ဂျပန်တော် လှန်ရေး၊ အင်္ဂလိပ်တော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ ပျောက်ကျား ခေါင်းဆောင်တစ်ဦးသာ ဖြစ်တယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိဘူး။ ဗိုလ်ချုပ်က လည်း ဘာတာဝန်မှ မပေးခဲ့ဘူး။ သူ့ဘာသာ မခံနိုင်လွန်းလို့ စိတ် မထိန်းနိုင်ပဲ သူ့ရှင်းတတ်တဲ့ နည်း လမ်းနဲ့ သွားရှင်းတာပဲ။ ဒါပေမဲ့ ဦးစော မသေတော့ ပျားအုံကို တုတ် နဲ့ထိုးမိသလို ဖြစ်သွားခဲ့တာပဲ။ ရန် ကုန်ဘဆွေတို့ ဦးစောကို သေနတ် နဲ့မပစ်လည်း တစ်နေ့မှာတာ့ ဦးစော က ဗိုလ်ချုပ်အောင်ဆန်းကို တစ် နည်းမဟုတ် တစ်နည်းတော့ လုပ်ကြံမှာ သေချာပါတယ်။ ဦးစော ဟာ တရားမဲ့သူ မုဒိတာ မထားနိုင် သူ။ ကိုယ်ကျိုးရှာ နိုင်ငံရေးသမား အညံ့စားဖြစ်တယ်ဗျ။ ကြိုးစင်ပေါ် တက်တာတောင် ခပ်တည်တည်နဲ့ ပြုံးပြီးတက်သွားခဲ့တယ်လို့ ပြော တယ်။ သူ့ကိုယ်သူ သူ့လုပ်ရပ်ကို မမှားဘူး မှန်တယ်လို့ ယူဆပြီး တရားမဲ့စွာ သေဆုံးသွားတဲ့ လူ တစ်ယောက်ဖြစ်တယ်။ အဲဒီလို ဦးစောလို လူမျိုးတွေ ကျုပ်တို့ မြန်မာပြည်မှာ အတိတ်က ခေါင်း ဆောင်တွေ နန်းရင်းဝန်တွေ ဖြစ် ခဲ့ကြသလို ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဖြစ်မလာဖို့ အရေးကြီးတယ်။ နိုင်ငံ ရေး ပြိုင်ဘက်ကို မနိုင်တော့လို့ လုပ်ကြံဖို့ ကြိုးစားမှု မှန်သမျှဟာ ဂဠုန်ဦးစော ဝါဒသာ ဖြစ်တယ်။ ဒီပဲယင်းလုပ်ကြံမှုဟာ ဂဠုန်ဦးစော လက်သစ်တွေရဲ့ ဂဠုန်ဦးစောဝါဒ လမ်းစဉ်သာ ဖြစ်တယ်ဗျ။
ဝဋ်ဆိုတာ ဒီဘဝချက်ချင်း လည်တတ်တယ်
၁၉၈၇ ခုနှစ် စက်တင်ဘာလ မှာ ငွေစက္ကူတွေ တရားမဝင်တော့ ကြောင်း ဖျက်သိမ်းကြောင်း ကြေ ညာတာ ခင်ဗျာတို့ မှတ်မိကြမှာပါ။ မြန်မာတစ်ပြည်လုံး မွဲသွားတဲ့ နေ့ပေါ့ဗျာ။ြ<ွကက်တစ်ကောင် မဖမ်းနိုင်တာနဲ့ စပါးကျီကို မီးရှို့တာ ပေါ့ဗျာ။ မဆလ ဦးနေဝင်း အစိုးရ က ပြည်သူတစ်ရပ်လုံးကို ဂရုမစိုက် တဲ့ လုပ်ရပ်ပေါ့။ ငါတို့လုပ်ချင်တာ လုပ်ရင်ရတယ်။ မင်းတို့အားလုံး ခံရ မှာပဲပေါ့။ ၇၅ ကျပ်တန်၊ ၃၅ ကျပ် တန် စတဲ့ ငွေစက္ကူတွေ ဖျက်သိမ်း ကြောင်းကို ပုံ/စိန်လွင်ဆိုပြီး ကြေ ညာခဲ့တာ ကြေညာတုန်းက ဦးစိန်လွင်ဟာ မဆလပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တယ်။
သံသရာတကွေ့မှာ ပြန်ဆုံကြ တော့ ၁၉၉၅ ခုနှစ်လောက်ပေါ့။ ကျုပ်မိတ်ဆွေတစ်ယောက်နဲ့ဦးစိန်လွင် အိမ် လိုက်သွားခဲ့ဖူးတယ်။ ကျုပ် မိတ်ဆွေက ဦးစိန်လွင်ကို ငွေအတိုး သွားပေးတာ ဦးစိန်လွင် ဧည့်ခန်း ထဲထွက်လာပြီး သူချေးပေးထားတဲ့ ငွေလေးပေါ်က ရတဲ့ အတိုးငွေကို ရေတွက်နေတာ ကျုပ်မျက်စိနဲ့ မြင် လိုက်ရဖူးတယ်။ အသက်ကလည်း ကြီး မျက်စိကလည်း မှုန်တော့ အတိုးရတဲ့ငွေ တစ်သောင်းနှစ် သောင်းကို နှစ်ခါ သုံးခါ ပြန်ပြန်ပြီး ပြည့်မပြည့် ရေတွက်နေလိုက်တာ တော်တော်ကို အလုပ်ရှုပ်နေတာ တွေ့ရတယ်။
တစ်ရံရောအခါကလွန်ခဲ့သော ရှစ်နှစ်ခန့်က ငွေစက္ကူတွေ တရား မဝင်တော့ကြောင်း ရာဇသံနဲ့ ခြင်္သေ့ ဟိန်းတဲ့အသံနဲ့ တစ်ပြည်လုံးကို ကြေညာခဲ့တဲ့ဦးစိန်လွင်တစ်ယောက် အခုတော့ ငွေတစ်ရာသုံးကျပ်တိုးနဲ့ အတိုးပေးစားတဲ့ ဘဝကို ရောက်ခဲ့ ရပြီး လစဉ်အတိုးလာပေးတာကို မျှော်ပြီး စောင့်နေရတဲ့ အလုပ်မရှိ အကိုင်မရှိ ၁ဝ၉/၁၁ဝ ဘဝကို ရောက်သွားခဲ့ရတဲ့ ဇာတ်လမ်းပါပဲ ဗျာ။ ဦးစိန်လွင်က ပြောသေးတယ် ကျေးဇူးတင်တယ် သားရယ်။ နောက်ထပ် အဘဆီမှာရှိတဲ့ ပိုက်ဆံ လေးကို စိတ်ချရတဲ့လူရှိရင် ချေးပေး ပါအုံးတဲ့ ငါအတိုးလေးနဲ့ပဲ စားနေ ရတာတဲ့။ ကျုပ်လည်း တော်တော် တရားကျသွားတယ်။ ကျုပ်တို့ကို တစ်သက်လုံး ဖိနှိပ်လာခဲ့တဲ့ ခြင်္သေ့ ကြီးတစ်ကောင်ဟာ ကျုပ်ရှေ့မှာ ဝံပုလွေပေါက်ကလေးတွေ နေချင်း ညချင်း ဖြစ်သွားကြပါရောဗျာ။ ကျုပ်အာဃာတမထားပါဘူး။ တစ်ကယ်တော့ ကျုပ်ကိုယ်တိုင် ဦးစိန်လွင်အမိန့်ပေးလို့လုံထိန်းတွေ အရိုက်အနှက်ခံခဲ့ရတဲ့ ဦးစိန်လွင်ရဲ့ သားကောင်ဖြစ်ခဲ့ဖူးပါတယ်။ ဝဋ်ဆို တာ ဒီဘဝတွင်ပဲ လည်တယ်ဆိုတာ တွေ့ရပါတယ်။နောက်တစ်နှစ် နှစ်နှစ်လောက် လည်းကြာရော ဦးနေဝင်းကို အကျယ်ချုပ်ထား လိုက်သလို ဦးစိန်လွင်လည်း သူ့အိမ်ထဲမှာ အကျယ်ချုပ်ဘဝနဲ့ နေသွားခဲ့ရတာပါပဲ။
ြုီဥ ခေါင်းဆောင်စောဘ ဦးကြီးကို သထုံခရိုင်ထဲက စစ်ဆင် ရေးမှာ အသေဖမ်းဆီးမိခဲ့တဲ့ (တကယ်က စောဘဦးကြီးကို ဒဏ်ရာရပြီး မပြေးနိုင်တော့လို့ ဖမ်း မိလိုက်တာကို သူ့အမိန့်နဲ့ ရှင်းပစ် လိုက်တယ်လို့ ဆိုတယ်။ ဘယ်ဟာ မှန်တယ် မှားတယ်ဆိုတာတော့ တစ်နေ့ကျရင် သမိုင်းမှာပေါ်လာမှာ ပါ။ ဘယ်စစ်သုံ့ပန်း ဏဥျွှ ကို ဂျီနီဗာကွန်းဗင်းရှင်းအရ အရှင်မိရင် အရှင်ပဲ ဖမ်းရမှာပါ။ ဒါတွေက နောက်ကျမှ ရှင်းကြတာပေါ့ဗျာ။)ြုီဥ ခေါင်းဆောင် စောဘဦးကို မိသွားလို့ တစ်ဟုန်ထိုး နာမည်ကြီး ပြီး ဦးနေဝင်း မြှောက်စားခဲ့တာက စလို့ ၁၉၈၇-၈၈ ခုနှစ်မှာ အထွတ် အထိပ် ရောက်လာခဲ့တဲ့သူပါ။ ဦးစိန်လွင်လည်း ဇာတ်သိမ်းမလှပါ။ ဒေါသနဲ့ သေခဲ့ရတာပါပဲ။ ဒီကနေ့ ဦးစိန်လွင်ဆိုတာ သမိုင်းမှာ ပျောက် ကွယ်ပြီး မျိုးဆက်သစ်တွေ ဘယ်သူ မှ မသိကြတော့ဘူး။ မြူမှုန်ကလေး တစ်မှုန်သာ ဖြစ်ခဲ့ရပါတယ်။
ကျုပ်နောက်ဆုံးပြောချင်တဲ့ ခြင်္သေ့ယောင်ဆောင်နေတဲ့ ဝံပုလွေ တွေကတော့ ခရိုနီတွေပဲဗျ။ ဒီကနေ ဗမာပြည်မှာ ကျိကျိတက်ချမ်းသာ နေတဲ့ လူစင်စစ်ကနေ နတ်ဖြစ်နေ တဲ့ ခရိုနီတွေက လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂ဝ လောက်က တစ်ချို့ဆို ပါးစပ်နှစ်ဖက် အနားမှာ ကျီးကန်း ပါးစပ်နဲ့တောင် ကျုပ်တွေ့ခဲ့ဖူးတယ်။ တစ်ချိန်က ကျီးကန်းပါးစပ်နဲ့ ဖြစ်ခဲ့ ရတာကကောင်းကောင်းမစားနိုင်လို့ အာဟာရဗီတာမင်အပြည့်ဝတဲ့ ရုပ် လက္ခဏာပေါ့ဗျာ။ ပါးမှာ ခွက်နေ ကြတယ်။ ပိန်ချုံးလို့အသားအရောင် ကလည်း ရေနံချေးအရောင် ထနေ ရတဲ့ လူတွေပါ။ တချို့ခရိုနီတွေဆို ကျုပ်တို့နဲ့အတူ ဘတ်စကားတိုးစီး ခဲ့ရဖူးပါတယ်။ ရန်ကုန်တက္ကသိုလ် က အပြန် ကားကြပ်ကြပ်မှာ အတူ တူ ကားခိုစီးရတာ။ ကားခိုစီးရတာ မှာ ခြေထောက်တစ်ဖက်နဲ့ လက် တစ်ဖက်ပဲ နေရတာ။ ကားခ ၃၅ ပြား မတတ်နိုင်လို့ ကားခိုးစီးရတဲ့ ခရိုနီတွေတောင် ရှိတယ်။ စပယ်ယာ က ရှေ့ပေါက်က လာရင် နောက် ပေါက်ပြောင်းစီး၊ နောက်ပေါက်က လာရင် ရှေ့ပေါက်ကို ပြောင်းစီး စပယ်ယာအဟောက်ခံပြီး ကားခိုး စီးခဲ့ရတဲ့ ကောင်တွေက ဒီကနေ့ မြန်မာတစ်ပြည်လုံးကိုနေချင်းညချင်း သူတို့အိတ်ထဲ ထည့်လိုက်ပြီ။
အဲ့ဒီတုန်းကရန်ကုန်တက္ကသိုလ် ကျောင်းဆင်းချိန်မှာ ကားခိုးစီးတဲ့ ကောင်တွေကို ဟောက်နေတဲ့ စပယ်ယာကို ကျုပ်မျက်စိထဲ မြင် ယောင်နေသေးတယ်။ ခင်ဗျာ ဟောက်ခဲ့တဲ့ ကောင်တွေက ခင်ဗျာ နေတဲ့ တိုင်းပြည်ကို အိတ်ကပ်ထဲ ထည့်ထားလိုက်ပြီဗျို့။ ကျုပ်ဆိုလို ချင်တာက ဒီကနေ့ နေချင်းညချင်း ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက် အာဏာပိုင်တချို့နဲ့ပေါင်းပြီးစားရင် ချမ်းသာသွားခဲ့ကြတဲ့ ခရိုနီတွေဟာ မိရိုးဖလာ ချမ်းသာခဲ့ကြတဲ့ သူတွေ မဟုတ်ဘူး။ ဦးနေဝင်း မဆလခေတ် အောက်မှာဘတ်စကားခိုးစီးခဲ့ရတဲ့ သူတွေ၊ လက်ဖက်ရည်ဆိုင် ဖွင့်နေရ တဲ့သူတွေ၊ အိုက်တိုးပဂေးဆံ လုပ် နေကြတဲ့သူတွေ၊ ဦးချစ်လက်ဖက် ရည်ဆိုင်မှာ စားထားတဲ့ ပေါက်စီ နဲ့ လက်ဖက်ရည်ဖိုး မရှင်းနိုင်လို့ ပေါက်စီပန်းကန်ပြားကို ကျောင်း လွယ်အိတ်ထဲ ထည့်သွားရတဲ့ ပေါက်စီခိုးစားကြတဲ့ လူတွေ အများ ကြီးပါနေတယ်။ တရုတ်တစ်ရာအုပ် စု ဥက္ကဋ္ဌကြီးဆိုလည်း သူနေတဲ့ အိမ်နဲ့ခြံကို ပေါင်ပြီးမှ ဘဏ်ထောင် တာ။ အဲဒီဘဏ်က ဘိန်းငွေမည်း တွေကို ငွေဖြူလုပ်ပေးလိုက်မှ ဒီဘဝ ဒီခရိုနီဖြစ်သွားတာ။
ဒါကြောင့် ဒီကနေ့ မြန်မာ နိုင်ငံရေး၊ စီးပွားရေးမှာ တောဘုရင် ခြင်္သေ့ယောင် ဆောင်နေကြတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ခရိုနီတွေကြီးတွေ ဟာ တကယ်တော့ ဝံပုလွေတွေပါ။ သန်း ၆ဝ သော ပြည်သူတွေရဲ့ရှေ့ မှာ တောဘုရင်ယောင်ဆောင်ပြီး ဟန်ရေးပြနေတဲ့ ဝံပုလွေတွေသာ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူ သန်း ၆ဝ သိဖို့ ကျုပ်သတိပေးလိုက် တာပဲ။ ဝံပုလွေဆိုတာ တောထဲမှာ ကြာကြာဘုရင် ဘယ်လုပ်နိုင်ပါ့မလဲ။ ဘာကြောင့် လဲဆိုတော့ တောဘုရင်ဆိုတာ ကေသရာဇာခြင်္သေ့နဲ့မှ ထိုက်တန် တာ။ ဝံပုလွေဆို တာ ခွေးအမျိုးအနွယ်တွေပဲ၊ တော ခွေး၊ မြေခွေး၊ ခွေးအတွေနဲ့ မျိုးနွယ် တစ်အုပ်စုတည်းပဲလေ။
ကျုပ်တို့ ခေတ်သစ် မြန်မာ ပြည်သမိုင်းက ကံဆိုးခဲ့ပါတယ်။ သိုက်တူးဖို့လိုက်ရှာနေတဲ့သိုက်ဆရာ ကိုမှ လှေပေါ်ကိုတင်ခဲ့မိတဲ့ မမြစိမ်းရဲ့ ယောက်ျားကိုဖုန်ြး<ွကယ် ရဲ့ဇာတ်လမ်းအတိုင်းဖြစ်ခဲ့တယ်။ ခြင်္သေ့ယောင်ဆောင်တဲ့ ဝံပုလွေ လို ခေါင်းဆောင်တွေနဲ့ ပြည့်နှက် နေတဲ့ သမိုင်းပဲဗျာ။ လာမယ့် အနာဂတ်မှာ ခေါင်းဆောင်ကောင်း တွေပေါ်ပေါက်တဲ့ မြန်မာပြည် ဖြစ် ပါစေ....
စစ်သူရဲဗလမင်းထင်
Tags: The Sunlight Weekly News

https://www.facebook.com/photo.php?fbid=218302005012649&set=a.218301555012694.1073741841.174315156078001&type=1&theater


အေးချမ်းမွန် Credit To >Classic Burma Newshttps://www.facebook.com/excellencemedia

Post a Comment

 
Top