မုံရွာမြို့ အဝေးပြေးကားလေးဝင်းတွင် ဗုံးလန့်မှုဖြစ်ပွား
Friday, October 18, 2013
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အဝေးပြေးကားအသင်းစုဝေးရာ ကားလေးဝင်းတွင် ရန်ကုန်မှတင်ပို့ပေးလိုက်သော ပါဆယ်အိတ်တစ်လုံးအား သက်ဆိုင်ရာမှ မသင်္ကာ၍ စစ်ဆေးရာမှစကာ အောက်တိုဘာလ ၁၈ရက် နံနက် ၉နာရီက ဗုံးလန့်မှုဖြစ်ပွားခဲ့သည်ဟု ဗုံးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ပါဆယ်အိတ်သည် Myanmar Mobile အမှတ်တံဆိပ် အပြာရောင်စာတမ်းပါ လက်ဆွဲစက္ကူအိတ်ဖြစ်ပြီး အိတ်ပေါ်တွင် "ဗိုလ်ချုပ်စိုးလွင် (တိုင်းမှူး) မုံရွာမြို့"ဟု ရေးထားပြီး ရန်ကုန်မှ မုံရွာသို့ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်ဖြင့် တင်ပို့လိုက်ခြင်းဖြစ်သည်။ ထိုအိတ်ပေါ်တွင် ပေးပို့မည့်နာမည်ပါသော်လည်း လိပ်စာရေးသားထားခြင်းမရှိသောကြောင့် သက်ဆိုင်ရာမှ မသင်္ကာသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ >>မုံရွာမြို့ အဝေးပြေးကားလေးဝင်းတွင် ဗုံးလန့်မှုဖြစ်ပွား
Post a Comment