0

ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသည် ဖမ်းဆီးခံထားရသော လယ်သမားများနှင့် ၄င်း တို့အား အကူအညီပေးသူများအား လွှတ်ပေးရေး အတွက် အဓိက ထား လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တောင်သူ လယ်သမားရေး ရာ ဆောင်ရွက်ပေးနေသူ ဦးထွန်းမြင့်အောင်က ပြောသည်။

တောင်သူလယ်သမားများအနေနှင့် လယ်ယာမတရားသိမ်းဆည်းခံရခြင်း ၊ မိမိလယ်ယာမြေ ပြန်လည်ရရှိရန်အတွက် ဖမ်းဆီးခံရခြင်း ၊တရားစွဲဆို ရခြင်း များ ကြုံခဲ့ပါက စာရင်းပြုစု၍ ၈၈ မျိုးဆက် လယ်ယာစီးပွားနှင့်တောင်သူ လယ်သမား ရေးရာ ဌာနသို့ ကြုံတွေ့နေရသော အခက်အခဲများ ကို ပေးပို့ နိုင်ကြောင်း ၄င်းက ပြောသည်။

"ဘယ်နေရာ ၊ ဘယ်ဒေသ မှာ ဘာကြောင့် ရင်ဆိုင်နေရလဲ ဆိုတာကို တိတိကျကျ ကျွန်တော်တို့ဆီပို့ရင် သက်ဆိုင်ရာ တာဝန်ရှိသူဆီကို ကျွန်တော်တို့ တင်ပြပေးမှာပါ ။ မတရားမှု ကတော့ ရေရှည် လွှမ်းမိုးလို့မရဘူးဟု " ဦးထွန်းမြင့်အောင်က ပြောသည်။

ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နေပြည်တော် ၊မိတ္ထီလာ ၊အစရှိသော မြန်မာနိုင်ငံ အနှံ့အပြားမှ လယ်သမားများ တက်ရောက်ခဲ့ပြီး ၄င်းတို့၏ ကြုံတွေ့နေရသော အခက်အခဲများကို ဆွေးနွေးခဲ့သည်။

စိုင်းလမင်း

အေးချမ်းမွန် Credit To >Popular Myanmar News Journalhttps://www.facebook.com/excellencemedia

Post a Comment

 
Top