Enzo Ferrari ထုတ်လုပ်မှုကို ရပ်တန့်ြ့ပီး အီတလီ Ferrari မှ အသစ် ထုတ် မယ့် မော်ဒယ်သစ်၊ Generation သစ်ကားတစ်မျိုး ဖြစ် ပါတယ်။ LaFerrari လို့ပဲ အမည်ပေးထားပါတယ်။ Ferrari ရဲ့  ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကား လည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ယင်း ပြိုင်ကားကို ပိုင်ဆိုင်သူ လူဦးရေ နည်းထဲက တစ်ဦး ဖြစ်ပါတယ်။
အကြောင်းကတော့ ၄၉၉ စီးထဲ ထုတ်တဲ့ ယင်းပြိုင်ကားကို အားလုံး တန်းတူ ဝယ်ယူခွင့် ပေးမထားသေးလို့ ဖြစ်ပါတယ်။ လက်ရှိ အီတလီ Ferrari ရဲ့  မော်ဒယ် မတူ ပြိုင်ကား ၅ စီးအနည်းဆုံး ပိုင်ဆိုင်ထားသူများသာ ဝယ်ယူခွင့် ပေးမယ့်ကား ဖြစ်ပါတယ်။ ဒီအထဲမှာ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာပြီဆိုတော့ သူ့ဆီမှာ Ferrari ပြိုင်ကား အစီးရေ များများ ပိုင်ထားတယ်လို့ ပြောလိုက်တဲ့ အတူတူပါပဲ။ Laferrir ဟာ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၈၃၀၀၀၀ နဲ့ ရောင်းချတဲ့ ကား ဖြစ်ပါတယ်။
ဒီဇီုင်းကတော့ Ferrari တွေထဲမှာ ခေတ်ရှေ့ အပြေးဆုံးပါပဲ။ အင်ဂျင် ပါဝါ ၆၆၀၀ စီစီ၊ လျှပ်စစ်မော်တာ ၁၇၀ ကီလိုဝပ်ထုတ်လုပ်နိုင်ပြီး ပါဝါ နှစ်မျိုးပေါင်း မောင်းတဲ့အခါ တစ်နာရီ ၂၁၇ မိုင်တောင် ပြေးနိုင်ပါတယ်။ ၃ စက္ကန့်မပြည့်ခင်မှာတင် တစ်နာရီ ၆၂ မိုင်နှုန်းမြင့်အောင် Start Acceleration ကောင်းတဲ့ ကားတစ်စီးပါ။ ၄၉၉ စီးကို စီရော်နယ်ဒိုအပြင် အခြားနာမည်ကြီး အားကစားသမားများလည်း မှာယူလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( International news for myanmar)
http://www.innewsmyanmar.com/2013/10/ferrari-laferrari.html
အေးချမ်းမွန် Credit To >International news for myanmar

Post a Comment