0


ဒေါသဟူသည် မီးအလျှံနှင့်တူ၏ ။ ထိစပ်သမျှ အရာအားလုံးကို ဝါးမျိုလောင်ကျွမ်းပစ်၏ ။ ဒေါသမီး ဘေးသင့်သောအရပ်တွင် မီးလောင်ငုတ်တိုများသာ ရလဒ်ဆိုးအဖြစ် ထင်ကျန်ရစ်၏ ။ ဒေါသဟူသည်ကို နှလုံးသားထဲဝယ် မွေးမြူသိမ်းပိုက်ထားလျှင် သိမ်းပိုက်သူ၏ နှလုံးသားသည် မည်သည့်အခါမျှ မငြိမ်းချမ်းတော့ ။ ဖွဲမီးကဲ့သို့ တမြည့်မြည့် "လှိုက်" ၍ "လှိုက်" ၍ လောင်နေပေလိမ့်မည် ။ စိတ်နှလုံး မငြိမ်းချမ်းလျှင် ဘဝသည်အဘယ်မှာ နေရကျိုးနပ်တော့မည်နည်း ။ ဒေါသမည်သည် အဆိုးတရား ၊ အယုတ်တရားများကိုသာ ဆောင်ကြဉ်းအပ်နှင်းပါ၏ ။ အကျိုးစီးပွားဟူသမျှနှင့် လုံးဝမဆက်စပ်သောအရာလည်း ဖြစ်၏ ။ လူလူချင်း ဆက်ဆံရေးတွင် "ဒေါသ" ကို ရှောင်နိုင်မှသာ အကျိုးတူလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်၍ ရနိုင်ပေလိမ့်မည်။

သံသရာနှင့်နှိုင်းယှဉ်သော "လူ့ဘဝ" ဟူသည် "ရေပွက်ပမာ" ခဏတာ ကာလငယ်ကလေးမျှသာ ဖြစ်ပါ၏ ။ ဘဝတာကာလတိုတိုတွင် သေးသိမ်စရာ အချိန်မရှိပါ ။ နေရသမျှ အခိုက်တန့် ကာလငယ်မှာ မေတ္တာတရားဖြင့် နွေးနွေးထွေးထွေး ကြင်ကြင်နာနာ နေသွားကြမှသာ လူ့ဘဝရကျိုးနပ်ပါလိမ့်မည် ။ မေတ္တာကို အရင်းနှီးပြုမှသာ "ချမ်းသာ" ကို ရနိုင်ကြောင်း ကျေးဇူးရှင် ( အဘိဓဇ မုဒွန်းဆရာတော်ဘုရားကြီး ) က ဤသို့ သြဝါဒပေးတော်မူခဲ့ပါ၏ ။

" ကိုယ့်အတွက်ဖြစ်စေ ၊ သူတစ်ပါးအတွက်ဖြစ်စေ ချမ်းသာကို အလိုရှိလျှင် ဒေါသနှင့်မရင်းနှီးဘဲ မေတ္တာနှင့်သာ ရင်းနှီးရမယ် " .....

*** ဆရာမင်းနန်(မော်ကျွန်း) ၏ ဆရာတော်ကြီးများ၏ သြဝါဒတော်များ စာအုပ်မှ ကူယူဖော်ပြခြင်း ဖြစ်ပါသည် ။

*******************************

အေးချမ်းမွန် Credit To >World Of Wisdomhttps://www.facebook.com/excellencemedia

Post a Comment

 
Top