* မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ၀ါတွင်းကာလဆိုရင် ရဟန်းတော်များက
မြတ်စွာဘုရားဆီကို စုဝေးရောက်ရှိလာကြတယ်။ ပြီးတဲ့အခါ ကိုယ်နဲ့သင့်တော်
မည့်ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကိုခံယူလို့ သင့်တော်ရာ နေရာဒေသအသီးသီးသွားပြီး တရားအားထုတ်ကြတယ်။
* ၀ါကျွတ်ကာလရောက်ရှိလာပြန်တော့ မြတ်ဘုရားဆီကို ပြန်လည်လို့ ဖူးမျှော်
ကြ၊ လျှောက်ချင်စရာလေးတွေကို ပြန်လည် လျှောက်ထားကြဖို့ စုဝေးရောက်ရှိ
လာကြပြန်တယ်။
* အဲဒီအခါမှာ ဘုရားက ပြန်လည်မေးတယ်။ “ရဟန်းတို့ သင်တို့ ၀ါတွင်းကာလ
မှာ ဘယ်လိုအကျိုးအမြတ်တွေများ ကိုယ့်အတွက် ရခဲ့သလဲ။ ဘယ်လိုတရားထူး
တရားမြတ်တွေ ကိုယ်သန္တာန်မှာ ကိန်းအောင်လာခဲ့သလဲ”လို့ မေးတယ်။
* ရဟန်းတော်တွေက “တပည့်တော်တို့တော့ ဒီအဆင့် ဒီအဆင့်တော့ ရောက်ခဲ့
ပါပြီဘုရား”လို့ အသီးသီးလျှောက်ထားကြရင် မြတ်စွာဘုရားက အင်မတန်မှဝမ်း
မြောက် ၀မ်းသာ သာဓုခေါ်ရှာတယ်။ ကြိုးစားရဲ့သားနဲ့ သူနဲ့ထိုက်တန်တဲ့ တရား
အဆင့်အတန်းကို မရောက်တဲ့သူတွေကိုလည်း ဆက်လက်ကြိုးစားကြဖို့၊ မမေ့
မလျော့တဲ့ အပ္ပမာဒတရားလက်ကိုင်ထားလို့ ရှေ့ဆက်ကြိုးစားဖို့ အားပေးတော်
မူတယ်။
* ဒါဆိုရင် စာရေးသူတို့တတွေကော နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်သို့ ကူးလာ
ခဲ့တဲ့ အခါပဲဖြစ်ဖြစ်၊ တနေ့ကွယ်ပြီး နောက်နေ့သို့ တရက်ကူးခဲ့သည် ပဲဖြစ်ဖြစ်၊
ယခုလို သီတင်းကျွတ် အချိန်ကာလမှာပဲ ဖြစ်ဖြစ် ငါတို့ဘ၀အတွက် ဘယ်လိုအ
ကျိုး အမြတ်တွေ ကျန်ခဲ့သလဲ။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တမျိုးမျိုးမှာ ဘယ်အရာ
တွေကို ငါတို့ ကြိုးစားအားထုတ်နိုင်ခဲ့သလဲဆိုတာ ပြန်လည်တွေးဆသင့်ပါတယ်။
* မြတ်စွာဘုရားများ သက်တော်ထင်ရှားရှိခဲ့ရင် ယခုလိုအချိန်မျိုးမှာ ငါတို့ကို ချီး
မွမ်းမလား၊ အပ္ပမာဒတရားတွေ လက်ကိုင်ထားလို့ ရှေ့ဆက်ကြိုးစား အားထုတ်
ဖို့ တိုက်တွန်းမလား၊ ကုသိုလ်၊ ပညာ၊ ဥစ္စာ တမျိုးမျိုးမတိုးတဲ့ အချိန်ကုန် လူပင်
ပန်း အကျိုးထူးမရ ပေါ့ပေါ့ဆဆ လူသားတစ်ယောက်အဖြစ် သတ်မှတ်လို့ ကဲ့ရဲ့
အပြစ်တင်မလားဆိုတာ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်ကြရင်း...။
-“ဌေး”သာမဏေကျော်ဆရာတော်
အေးချမ်းမွန် Credit To >'ဌေး' သာမဏေကျော်
Post a Comment