0


ကလေးသူငယ်များ အတွက် အဓိက ရည်ရွယ်မည့် ငြိမ်းချမ်းရေးဆိုင် ရာ စာအုပ် ၁၆ အုပ်၊ မူကြိုနှင့် မူလ တန်းအဆင့်တွင် ထည့်သွင်းသင်ကြား ရန် ပြုလုပ်သွားမ ည်ဖြစ်ကြောင်း ယူနီ ဆက်မှ သိရသည်။

¤င်းစာအုပ် ၁၆ အုပ်မှာ လက်ရှိ တွင် အကြမ်းပြုလုပ်သည့်အဆင့်ပြီးဆုံး ပြီဖြစ်ပြီး အချောသတ်နှင့် စာအုပ်ထုတ် ဝေဖြန့်ချိနိုင်ရန်အတွက်ကိုမူ ယူနီဆက် မှ စတင်ေ နပြီဖြစ်ကြောင်း ယူနီဆက်ပြန် ကြားရေးတာဝန်ခံ ဦးရဲလွင်က ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

”ငွေကြေးပိုင်း ကုန်ကျမှုတွေကို ယူနီဆက်က တာဝန်ယူမယ်။ ဖြန့်ချိဖို့ အပိုင်းကိုတော့ ပညာရေးဝန်ကြီးဌာန ဘက်က ဆောင်ရွက်သွားမယ်”ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူအဖွဲ့အစည်းများကြားမှ ပဋိပက္ခမှု၊ အကြမ်းဖက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ကုလသမဂ္ဂကလေးများ ရန် ပုံငွေအဖွဲ့ ယူနီဆက်မှ ယခုလအ တွင်း ငါးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ အဖြစ် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးတည်ဆောက် မှု ပညာရေးခေါင်းစဉ်ဖြင့် ပညာရေးဝန် ကြီးဌာနနှင့် ပူးပေါင်းကာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမှ ကာတွန်း နှင့် ဓာတ်ပုံပညာဖြင့် အထူးပြုကာ ဖန်တီးမည့်စာအုပ် ၁၆ အုပ်ကိုအကြမ်း ပုံစံပြုစုခဲ့ပြီး အသက်ရှစ်နှစ်ေ အာက်က လေးငယ်များအတွက် မတူကွဲပြားမှုများ အပေါ်နားလည် သဘောပေါက်စေရန် ဖန်တီးထားသည့် စာအုပ်များ ဖြစ်သည်။

ယင်းစာအုပ်များကို လာမည့် ၂ဝ၁၄ ခုနှစ်အတွင်း ဖြန့်ချိရန် ပြုလုပ် မည် ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအတွင်း အခမဲ့ ဖြန့်ချိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက် ဌာနေကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ဘာထရန်ဘိန်းဗဲလ်က ကလေးသူငယ် များမှာ အနာဂတ်နှင့် ပစ္စုပ္ပန်၏ ငြိမ်း ချမ်းရေးဗိသုကာများဖြစ် ပြီး ယင်းအ တွက် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ကို အပြုသဘောပြောင်းလဲမှုနှင့် ငြိမ်း ချမ်းရေး ကိုယ်စားလှယ်များ ဖြစ်လာစေ ရန် ယူနီဆက်အနေနှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် သြစတြေးလျ၊ ဥရောပ သမဂ္ဂ၊ ဗြိတိန်၊ နော်ဝေ၊ ဒိန်းမတ်နှင့် ယူနီဆက်တို့မှ မြန်မာနိုင်ငံ အခြေခံ ပညာရေးစနစ်ကို အောက်ခြေမှ စတင် ပြုပြင်ပြောင်းလဲနိုင်ရန် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ ပံ့ပိုးလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

သုတလင်း

အေးချမ်းမွန် Credit To >Popular Myanmar News Journalhttps://www.facebook.com/excellencemedia

Post a Comment

 
Top