နေပြည်တော်၊ အောက်တိုဘာ ၁၈
၁၇-၁၀-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် အမှတ်(၂၂)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ နမ်အွမ်-တီးမ ကားလမ်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအ၀င်တွင် တီးမမှနမ်အွမ်ရွာသို့ မုံးကိုးမြို့နယ်၊ ရပ်ကွက်(၂)နေ ဒွန်ဆင်းဆိုက်(ခ)လောက်ဆိုင်(၂၄)နှစ် မောင်းနှင်လာသည့် 4 WD Tiger ၉ခ/xxxx ယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ယာဉ်အတွင်းလိုက်ပါလာသည့် မုံကိုးမြို့နယ်ခွဲ၊ မုံးယကျေးရွာနေ ကျိန်ရှိုရန့်(ခ)လောက်ချိန့်(ခ)လောက်ချိုက်(၁၈)နှစ်ထံမှ ၉ မမ ပစ်္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၁၀ တောင့်နှင့် ကျည်ကဒ်တစ်ခုအားလည်းကောင်း၊ ပန်ဆိုင်း(ကြူကုတ်)မြိ့နယ်ခွဲ၊ မုံးပေါ်ကျေးရွာနေ တွမ်ပီဟောက်(၁၈)နှစ်ထံမှ M 22 သေနတ်တစ်လက်၊ ၎င်းကျည် ၂၅ တောင့်နှင့်ကျည်ကဒ်တစ်ခုအား လည်းကောင်း၊ ယာဉ်နောက်ခန်းထိုင်ခုံနှင့်ဘော်ဒီကြားမှ ဘိန်းဖြူဘလောက်တုံး ၁၂ တုံး၊ အလေးချိန် (၄.၂)ကီလို၊ တန်ဘိုးငွေကျပ်(၈၄၀)သိန်း၊ 88 နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၂၂၆၀ ပြား၊ တန်ဘိုးငွေကျပ်(၃၄၄၅.၂)သိန်းအားလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ဒွန်ဆင်းဆိုက်(ခ) လောက်ဆိုင်ပါ(၃)ဦးအား မူဆယ်မြို့မရဲစခန်း မယ(ပ)၁၀၅/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >ရဲဇာနည်

Post a Comment