[ ညီ မိုဃ်း ၊ ရန်ကုန် ၊ အောက်တိုဘာ ၃၁ ]
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့် လက်ရွေး စင် အမျိုးသမီးဘောလုံးအသင်း မှာ တရုတ်နိုင်ငံ၌ လေ့ကျင့်ကွင်း မရရှိခြင်းကြောင့် ခရီးစဉ်ဖျက် သိမ်းလိုက်ကြောင်း သိရသည်။လက်ရွေးစင်အမျိုးသမီးအ သင်းမှာ ရန်ကုန်တွင်လေ့ကျင့်ရန် ကွင်းအခက်အခဲကြောင့် တရုတ် နိုင်ငံသို့သွားရောက်ရန်စီစဉ်ထား သော်လည်း လေ့ကျင့်ကွင်းမရရှိ ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး မြန်မာအ သင်းမှ ဩစတြေးလျနိုင်ငံတွင် ကျင်းပမည့် National Women Champion Ship ပြိုင်ပွဲကို ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သော် လည်း ဂျပန်နည်းပြကြီးဆုံးဖြတ် ချက်ကြောင့် ဝင်ရောက်ယှဉ်ပြိုင် မည်မဟုတ်ကြောင်း သိရသည်။ဂျပန်နည်းပြ၏ ဘာသာပြန် ဦးဝင်းထွန်းက ''ဩစတြေးလျပြိုင် ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ရင် ကြား ထဲမှာ လေ့ကျင့်ချိန်တွေလစ်ဟာ သွားနိုင်တယ်။ ဒါကြောင့် မယှဉ် ပြိုင်ဖြစ်တာပါ။ ခုချိန်မှာ ဆီးဂိမ်း အတွက် အသေအချာလေ့ကျင့် သွားနိုင်ဖို့က အဓိကပဲ။ ရန်ကုန်မှာ က ပြိုင်ပွဲတွေနဲ့ ကွင်းအပြင်အ ဆင်တွေရှိနေတော့ လေ့ကျင့်ရေး အတွက် အခက်အခဲတွေရှိနေ တယ်''ဟု ပြောခဲ့သည်။
အမျိုးသမီးအသင်းမှာ လက် ရှိအချိန်တွင် တောင်ကြီး၌ အောက် တိုဘာ ၂ရရက်မှစ၍ ၁၀ ရက်တာ လေ့ကျင့်သွားမည်ဖြစ်ပြီး နိုဝင် ဘာ ၈ရက်မှစ၍ ဆီးဂိမ်းပြိုင်ပွဲ အထိ မန္တလေးတွင် စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။မြန်မာအ
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment