ပြေတီဦးက “အဖြူ ရောင်ရဲတိုက်” ရုပ်ရှင် ဇာတ်ကား အထူးပြသပွဲ ကို လာရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီ ဇာတ် ကားမှာ ပြေတီဦး နဲ့အတူ အိန္ဒြာကျော်ဇင် တို့ သရုပ်ဆောင် ထားတာဖြစ်သလို ပြေသုဒြာကို ကိုယ်ဝန်ဆောင် ထားတဲ့ အချိန်ဖြစ်တာကြောင့် မိသားစု သုံးယောက်ရဲ့ အမှတ်တရ ဇာတ်ကား ပဲလို့ ပြောပြတဲ့ ပြေတီဦးက..
“ဇာတ်ကားမှာ အမှတ်တရ အဖြစ်ဆုံးက အဲဒီကားရိုက်တုန်းက အူဝဲရဲ့ ဗိုက်ထဲမှာ ပြေသုဒြာလေး ရှိတာက အမှတ်တရ အဖြစ်ဆုံးပဲ။ ကိုယ် တို့မိသားစု သုံးယောက် စလုံးပါတဲ့ ကားလေးပေါ့။ ရုပ်ရှင် ကားကြီးလည်းဖြစ်တော့ တော် တော်ကို အမှတ်တရ jဖစ်ပါတယ်။ ဒီကားက ကြည့်ရတာ ကိုယ်တိုင် လည်း တော်တော်သဘော ကျပါ တယ်။ ပြေသုဒြာလေး က ဗိုက် ထဲမှာ ၅ လလောက် ရှိတဲ့ အချိန်ဆို တော့ ကားရိုက်တုန်းက ကိုဇော့်ကို လည်းပြောရတယ်။ တအားပြေးရ တာ၊ ကြမ်းကြမ်း တမ်းတမ်းတွေ လည်း လုပ်လို့မရဘူး။ အဲဒါမျိုး လေးတွေ ဂရုစိုက်ရတယ်” လို့ ရိုက်ကူးတုန်းက အမှတ်တရကို ပြောပြပါတယ်။
ဇာတ်ကား အတွက် ဇာတ်ရုပ်ကိုမု(ဒ်)သွင်း တဲ့အခါမှာလည်း ဝတ္ထုဖတ် ကတည်းက ကြိုတင် စဉ်းစား ပြီးမှ လုပ်ဖြစ်တယ်လို့ ပြောပြ တဲ့ပြေတီဦး က “အစ်ကိုကတော့ အလုပ် တစ်ခုကို အကောင်း ဆုံးဖြစ်အောင်တော့ အမြဲတမ်း ကြိုးစားထားပါတယ်။ ပရိသတ်တွေက ဘာပြန် ပေးမလဲ၊ ဘာဆုပေးမလဲ၊ ဘယ်လို သတ်မှတ်ပေး မလဲ ဆိုတာ ကံတရားပဲ။ ပရိသတ် တွေပဲ ဆုံးဖြတ်ပေးမှာပါ။ သရုပ် ဆောင်တဲ့အခါ အဓိကက ဇာတ်ကောင် စရိုက်ပါပဲ။ ဝတ္ထု ဖတ်ကတည်းက သူ့ရဲ့ခံစား ချက် ဘာလုပ်ရမလဲ ဆိုတာ ကို ရင်ထဲမှာ သိမ်းထားပြီး သားပဲ၊မု(ဒ်)ကို သွင်းထားပြီး သား ဆိုတော့ ဆင်း(န်)ပေါ် ရောက်တဲ့အခါ ပြန်ထွက် လာရော။ ဇာတ်ကယောင် ခိုင်းတဲ့ အတိုင်း လုပ် သွား တာပါပဲ။ ပရိသတ်တွေ လည်း သဘောကျမှာ” လို့ပြောပြပါတယ်။ ပြေ တီဦးက ဇာတ်ကား ရိုက်ကူးမှုတွေ အတွက် နယ်တွေကို ခရီးတို လေးတွေ သွားဖြစ်နေ ပြီးနို ဝင် ဘာ၃ရက်နေ့ မှာလည်း “လက်ပံ” ဇာတ် ကားကို စင်ကာပူမှာ ပြသဖို့ ခရီး သွားဖြစ် ဦးမယ်လို့ သိရ တယ်။
မေမွန်မောင်
အေးချမ်းမွန် Credit To >Popular Journal
Post a Comment