0

Photo: ကင်မ်ဂျုံအန်းကို ဒေါက်တာဘွဲ့ ချီးမြှင့်သည့် မလေးရှားတက္ကသိုလ် ဝေဖန်ခံနေရ

ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး၊ အခေါင်းပါးဆုံး နိုင်ငံတစ်ခုအဖြစ် ရုန်းကန်နေရသည့် မြောက်ကိုရီးယား နိုင်ငံ၏ ကွန်မြူနစ် ခေါင်းဆောင်ကို HELP တက္ကသိုလ်က စီးပွားရေး ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မလေးရှား နိုင်ငံမှ တက္ကသိုလ် တစ်ခုသည် မြောက်ကိုရီးယား နိုင်ငံ၏ အာဏာရှင်ခေါင်းဆောင် ကင်မ်ဂျုံအန်းအား ဒေါက်တာဘွဲ့ ချီးမြှင့် ဂုဏ်ပြုခဲ့သဖြင့် ဝေဖန်မှုများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး၊ အခေါင်းပါးဆုံး နိုင်ငံတစ်ခုအဖြစ် ရုန်းကန်နေရသည့် မြောက်ကိုရီးယား နိုင်ငံ၏ ကွန်မြူနစ် ခေါင်းဆောင်ကို HELP တက္ကသိုလ်က စီးပွားရေး ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်သည့် HELPက အောက်တိုဘာလ အစောပိုင်းက မိမိတို့သည် ကွာလာလမ်ပူမြို့ရှိ မြောက်ကိုရီးယား သံရုံးတွင် ရိုးရှင်းသော အခမ်းအနားလေး တစ်ခု ကျင်းပကာ ကင်မ်အတွက် ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ကြာသပတေးနေ့က အတည်ပြု ကြေညာခဲ့သည်။ ယင်းကို သံရုံး တာဝန်ရှိသူများက ခေါင်းဆောင်ကြီး ကင်မ်၏ကိုယ်စား ဂုဏ်ယူစွာ လက်ခံခဲ့ကြောင်းလည်း သိရသည်။

တက္ကသိုလ်၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အာဏာရှင်များအနက် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ ကင်မ်ကို ဂုဏ်ပြုခြင်းအပေါ် ပြင်းထန်စွာ ဝေဖန်မှုများ ရှိလာသည်။ အမေရိကန် အခြေစိုက် နိုင်ငံခြားရေးရာ မူဝါဒ မဂ္ဂဇင်းက မိမိတို့သည် အဆိုပါ လုပ်ရပ်ကို အလွန်အံ့ဩမိကြောင်း Blogတစ်ခု ရေးသားခဲ့သည်။ အမျိုးမျိုးသော ဝေဖန်မှုများ ကြုံရသည့်တိုင် တက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သူ ပေါလ်ချန်ကမူ ၎င်း၏ ရပ်တည်ချက်ကို အခိုင်အမာ ကိုင်ဆွဲခဲ့သည်။ ပေါလ်က ယခုလုပ်ရပ်သည် ကမ္ဘာကြီးနှင့် ကင်းကွာနေသည့် မြောက်ကိုရီးယား ပြည်သူများကို ပျော့ပြောင်းသည့် နည်းလမ်းတစ်ခုဖြင့် ပေါင်းကူးခြင်းဟု ညွှန်းဆိုခဲ့သည်။

၎င်းက "မြောက်ကိုရီးယားကို အကူအညီ ပေးဖို့အတွက် ကျွန်တော်တို့ ဖောက်ခဲ့တဲ့ လမ်းကြောင်းတစ်ခုပါ။ ပြီးတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအတွက် အရေးပါတဲ့ ခြေလှမ်းသစ် တစ်ခုလို့လည်း ယူဆပါတယ်"ဟု ပေါလ်က ဖြေရှင်းခဲ့သည်။ မြောက်ကိုရီးယားသည် အငတ်ဘေးကြောင့် ပြည်သူအများအပြား သေဆုံးပြီး နာမည်ဆိုး ထွက်နေသော နိုင်ငံတစ်ခုဖြစ်သလို စားနပ်ရိက္ခာနှင့် စွမ်းအင်ကဏ္ဍတွင် ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံ၏ စီးပွားရေး သတင်း အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိဘဲ ဆယ်စုနှစ်များစွာ ဖုံးကွယ်ထားခဲ့သောကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို စီးပွားရေး ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်းအပေါ် ဝေဖန်စရာများ ဖြစ်လာခဲ့သည်။

အေးချမ်းမွန် Credit To > Planet Myanmar Network<Thanks
https://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To > Planet Myanmar Networkhttps://www.facebook.com/excellencemedia

Post a Comment

Top