0

Friday, October 18, 2013

အောက်တိုဘာ ၁၇ရက်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ
ညီလာခံတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ၂နှစ်သက်တမ်းဝင် နိုင်ငံသစ် ငါးနိုင်ငံကို ရွေးချယ်ခဲ့ရာ ချက်ဒ်၊ ချီလီ၊ လစ်သူအေးနီးယား၊ နိုက်ဂျီး
ရီးယား၊ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့ ရရှိသွားခဲ့သည်။

အဖွဲ့ဝင် နိုင်ငံသစ်များသည် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၁ရက်တွင် သူတို့၏ ၂နှစ်သက်တမ်းကို စတင်ရမည်။ လက်ရှိ တာဝန် ယူနေသော အဇာဘိုင်ဂျန်၊ ဂွမ်တီမာလာ၊ မော်ရိုကို၊ ပါကစ္စတန်၊ တော်ဂိုနိုင်ငံ များနေရာတွင် အစားထိုး
ရမည့် နိုင်ငံသစ် ငါးနိုင်ငံကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်
သည်။

နိုက်ဂျီးယားသည် ထောက်ခံမဲ ၁၈၆မဲ၊ ချက်ဒ်သည် ၁၈၄မဲ၊ ဆော်ဒီက ၁၇၆မဲ၊ လစ်သူအေးနီးယားက ၁၈၇မဲနှင့် ချီလီက ၁၈၆မဲ အသီးသီး ရရှိသွားသည်။ ထိုငါးနိုင်ငံတွင် ချက်ဒ်၊ ဆော်ဒီအာရေးဗီယားနှင့် လစ်သူအေးနီးယား တို့မှာ ကုလသမဂ္ဂ၏ သြဇာအာဏာကြီးသော ယခုလိုနေရာမျိုးသို့ ပထမဦးဆုံးအကြိမ် ၀င်ရောက်နိုင်ခြင်းဖြစ်သည်။

နိုက်ဂျီးရီးယားနှင့် ချီလီတို့မှာ အတိတ်ကာလတွင် ယင်းနေရာသို့ လေးကြိမ်
အထိ ရောက်ခဲ့ဖူးကြသည်။

ထိုသို့သော နေရာမျိုးကို အရွေးချယ်ခံလိုသည့် နိုင်ငံသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်သော အဖွဲ့ဝင် ၁၉၃နိုင်ငံအနက် သုံးပုံနှစ်ပုံ၏ ထောက်ခံမှု သို့မဟုတ် ၁၂၉မဲနှင့်အထက် ရှိရမည် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာသာ သုံးခွင့်ရသော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးခုမှာ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြစ်သည်။

Ref: AP

အေးချမ်းမွန် Credit To >The Myanma Agehttps://www.facebook.com/excellencemedia

Post a Comment

 
Top