(22.10.2013)
******************************************
(၂၀၁၃)ခုနှစ် အောက်တိုဘာ(၁၁)ရက်မှ(၁၇)ရက်အထိ(၇)ရက်တာကာလ
အတွင်း တိုင်းဒေသကြီး/ပြည်နယ်များတွင် ယာဉ်မတော်တဆဖြစ်ပွား
မှုကြောင့် လူ(၄၅)ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသိရသည်။
ယခုလိုယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုသည် မန္တလေးတိုင်း
ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့က ဒုတိယအများဆုံးလူသေဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်သည်
ဟုသိရသည်။ ထို့အပြင် (၇)ရက်တာကာလအတွင်း ယာဉ်မတော်တဆ
မှုများကြောင့်(၃၇၆)ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မတော်တဆမှုပေါင်း(၂၃၄)မှု
ဖြစ်ပွားခဲ့သည်ဟု သိရသည်။ (၇)ရက်တာကာလအတွင်း ယာဉ်မတော်
တဆမှုအများဆုံးဖြစ်ပွားခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များက
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်သည်ဟု
သတင်းရရှိသည်။
အေးချမ်းမွန် Credit To > SkyNet TV Browser
Post a Comment