0

နန်းသီတာဝင်း

ရန်ကုန် ၊အောက်တိုဘာ ၂၂

 ချင်း ပြည်နယ်မြွေတောင်၊ ဖားတောင် နီကယ်သတ္တုတူးဖော်ရေးစီမံကိန်းကြောင့် လယ်ဧကသောင်းချီ ဆုံးရှုံးခဲ့သည့်အတွက် စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဒေသခံများ သည် အောက်တိုဘာ ၂၃ရက်တွင် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း အထက်ချင်း တွင်း ဒေသလူငယ်များကွန်ရက် မှ ဦးကျော်သက်ဝင်းက ပြော သည်။

မြွေတောင်၊ ဖားတောင် သည် ချင်းပြည်နယ်တွင်ပါဝင် သည်ဟုဆိုသော် လည်း စစ်ကိုင်း တိုင်းအတွင်းမှ ကလေး -ကဘော် ဒေသရှိ ကျေးရွာပေါင်း ၁၇ ရွာ နှင့် လယ်ဧကပေါင်းသောင်းနှင့် ချီဆုံးရှုံးမှုများရှိနိုင်သည့်အတွက် ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း ယင်းကဆက် လက်ပြောသည်။

ဦးကျော်သက်ဝင်းက''စစ် ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ တာ ဝန်ခံမှု၊ တာဝန်သိမှုတွေကို မေး မြန်းသွားမယ်။ ကဘော်ဒေသက လူတွေကို ဘယ်လောက်အထိ တာ ဝန်ခံနိုင်မလဲ။ ဒါတွေကို မေးမြန်း သွားမယ်။ တာဝန်ယူမှု၊ တာဝန် သိမှုမရှိတဲ့ တုံ့ပြန်မှုဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ ပြည်ထောင် စုအဆင့်ထိကို ဥပဒေဘောင် အတွင်းကနေ တက်သွားဖို့ အစီ အစဉ်ရှိပါတယ်''ဟု ပြောသည်။

ထိုသို့ တွေ့ဆုံဆွေးနွေး ရန် အတွက် အစိုးရအဖွဲ့ကို ကြိုတင် အကြောင်းကြားထားပြီးဖြစ်သ လို မြွေတောင်၊ ဖားတောင်စီမံ ကိန်း လက်ရှိကလေးဝမြို့နယ် တွင်လုပ်ဆောင်မည့် မြန်မာနိုင်ငံ ၌ အကြီးဆုံးကျောက်မီးသွေး စက်ရုံ၊ အိန္ဒိယနှင့်မြန်မာနိုင်ငံ နယ်စပ်ရှိ အိန္ဒိယနိုင်ငံဘက်မှ စစ်စခန်းဆောက်ထားမှုနှင့် ပတ် သက်သည့် အကြောင်းအရာများ ကို အဓိကထားဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြွေတောင်၊ ဖားတောင် စီမံကိန်းနှင့်ပတ်သက်၍ လက်ရှိ အစိုးရကလည်းတိကျသည့် ဆုံး ဖြတ်ချက်များကို မချမှတ်သေး ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အဆိုပါ စီမံကိန်းမလုပ်ဆောင် ရန် ကန့်ကွက်သည်မဟုတ်ဘဲ နိုင်ငံနှင့်ဒေသ၏အကျိုးစီးပွား အတွက် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ရန်သာ တောင်းဆို ခြင်းဖြစ်ကြောင်း ယင်းကဆက် လက် ပြောသည်။

လက်ရှိမြွေတောင်၊ ဖား တောင်ပေါ်တွင် တရုတ်ကုမ္ပဏီ ဘက်မှ စခန်းချကာစီမံကိန်းနှင့် ပတ်သက်၍ လေ့လာနေသော် လည်း စီမံကိန်းလုပ်ဆောင်မည့် စက်ယန္တရားများကိုမူ မတွေ့ရသေး ကြောင်း ဦးကျော်သက်ဝင်းထံ မှ သိရသည်။

မြွေတောင်၊ ဖားတောင် စီမံကိန်းနှင့်ပတ်သက်၍ ချင်းနိုင်ငံ ရေးပါတီလေး ခုကလည်း ယင်း ဒေသခံများနှင့် သွားရောက်တွေ့ ဆုံကာ လူထုစစ် တမ်းကောက် ယူ မှုတစ်ရပ်ကို စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည်။ ထို သို့ကောက်ယူရာတွင် လူထု၏ ၉၉ ရာခိုင်နှုန်းက မြွေတောင်၊ ဖားတောင်စီမံကိန်းကို မလုပ် ဆောင်စေလိုကြောင်း သိရသည်။

News Link=>http://goo.gl/q6CQa9

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top