0

လူမလှရင်နေပါ ...
စိတ်ထားတော့ လှပါစေ။

ပျော်ပျော်ပါးပါးနေပါ ...
ဘာသာတရားလည်း ကိုင်းရှိုင်းပါစေ။

ချမ်းသာတာ ...
ဆင်းရဲတာဆိုတာထက် ...
ရိုးသားကြိုးစားမှု အကျင့်စာရိတ္ထကောင်းမွန်ပါစေ။

ကိုယ်က အနိုင်ယူတာ ...
သူ့ကို အရှုံးပေးတာ ...
တစ်ဖက်စောင်းနင်းအချစ်တွေထက် ...
အနိုင်အရှုံးမရှိတဲ့ ချစ်ခြင်း ...
အပြန်အလှန် နားလည်တဲ့ချစ်ခြင်း ဖြစ်ပါစေ။

ထာဝရ ...
သစ္စာတရားဆိုတဲ့ ...
စကားလုံး အကြီးကြီးတွေထက် ...
ဒီနေ့ရှိနေတဲ့ ချစ်ခြင်းတွေကို ...
လေးစား မြတ်နိုးစွာ တန်ဖိုးထားတတ်ပါစေ။

မြ၀ဏိုးစံ

အေးချမ်းမွန် Credit To >စာပေဥယျာဉ် https://www.facebook.com/excellencemedia

Post a Comment

 
Top