အရမ်းချစ်တဲ့သူကတော့ ကိုယ့်ချစ်သူနဲ့ ခဏလေး
ဝေးနေရရင်တောင် အရမ်းလွမ်းနေရင်းနဲ့ စိတ်ပူပေး
နေမိမှာပဲ.............
အရမ်းချစ်တဲ့သူကတော့ ကိုယ့်ချစ်သူနဲ့ စိတ်ဆိုး..စိတ်ကောက်လို့ 
စကားမပြောပဲ အချိန်တွေအကြာကြီးမနေနိုင်တဲ့အတွက် အရင်ဆုံး
စခေါ်မိတဲ့သူဖြစ်နေမိမှာပဲ...........
အရမ်းချစ်တဲ့သူကတော့ ကိုယ့်ချစ်သူအပေါ် အမြဲလိုလို
ဂရုစိုက်မှုတွေလေးပေးနေရင်းနဲ့  ကိုယ့်ချစ်သူ ပျော်ရွှင်စေဖို့ ကိုပဲ
အချိန်တိုင်း ပေးဆပ်ချင်နေမိမှာပဲ..................
အရမ်းချစ်တဲ့သူကတော့ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်နဲ့  ပိုနာကျင်
ရတယ်ဆိုရင်တောင် မြိုသိပ်ရင်းနဲ့ ပဲ ကိုယ့်ချစ်သူအနား ရှိနေခွင့်ကို
မျှော်လင့်နေမိမှာပဲ..................
အရမ်းချစ်တဲ့သူကတော့ ကိုယ့်ချစ်သူနဲ့ အနေနီးသည်ဖြစ်စေ
ဝေးသည်ဖြစ်စေ ကိုယ့်ချစ်သူကို ချစ်တဲ့ အချစ်တွေနဲ့ ပဲ အမြဲတမ်း
သစ္စာရှိရှိ ချစ်ပေးနေတတ်တာလဲ အသေအချာပါပဲလေ
Khin Myo Aye { Poem }
အေးချမ်းမွန် Credit To >Poem
Post a Comment