0


နယ်စပ်မြ၀တီ ၀င်ထွက်ပေါက်မှ ယခုလအတွင်း နိုင်ငံခြားသား ၀င်ရောက်မှု မြင့်တက်လျက်ရှိပြီး အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်ထိ ၆၉၃ ဦး ၀င်ထွက်လည်ပတ် သွားလာခဲ့ပြီဖြစ်ကာ အောက်တိုဘာလတွင် ယခင်လကထက် သုံးဆနီးပါး မြင့်တက်ခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသားမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်သည့် ၂၈-၈-၂၀၁၃ ရက်မှ ၅၉ ရက်အတွင်း မြန်မာ၊ ထိုင်းနှင့် တတိယနိုင်ငံပေါင်း ၂၀ ကျော်မှ ဗီဇာပါရှိသော နိုင်ငံကူး လက်မှတ်ဖြင့် မြ၀တီနယ်စပ်ဂိတ်မှ ၀င်ထွက်သွားလာ လည်ပတ်သူ ၁၀၄၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ပွင့်လင်းရာသီ အစဖြစ်သည့် ယခုလတွင် အုပ်စုဖွဲ့လာရောက်လည်ပတ်မှု များပြားလာပြီး နယ်စပ်ပေါက်တစ်ခုမှ ၀င်ရောက်ကာ အခြားနယ်စပ်ပေါက် တစ်ခုမှ ပြန်လည်ထွက်ခွာသူ ပိုမိုများပြားလာကြောင်းနှင့် ထိုင်းနိုင်ငံသား အများဆုံးဖြစ်ကာ ၄၀၉ ဦး၊ တတိယနိုင်ငံသားများမှာ ဒုတိယ၀င်ထွက်မှု အများဆုံးဖြစ်ပြီး ၃၃၀ ဦး ၀င်ထွက်ခဲ့ကာ မြန်မာနိုင်ငံသားများမှ ၃၀၄ ဦး ၀င်ထွက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အတွင်း ထိုင်းနိုင်ငံသား ၁၄၅ ဦး ၀င်ရောက်လာခဲ့သလို ပြန်လည်ထွက်ခွာသူ ၁၁၂ ဦးရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသားများမှာ မွန်ပြည်နယ်ရှိ ကမ္ဘာ့အံ့ဖွယ် ကျိုက်ထီးရိုး စေတီတော်နှင့် တန်ခိုးကြီး ဘုရားများအား လာရောက်ဖူးမြော်ရန်၊ စီးပွားရေး လုပ်ငန်းများအား လေ့လာရန် ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းမှာ ဗုံးပေါက်ကွဲမှု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ၀င်ရောက်မှုတွင် ယခင်လကထက် မြင့်တက်ခဲ့ကြောင်း အောက်တိုဘာလတွင် ယခင်လကထက် သုံးဆခန့် မြင့်တက်လာကာ အရှေ့တောင်အာရှ ပွဲတော်ကာလအတွင်း ခရီးသွားလာမှု ယခုထက် များပြားလာနိုင်ကြောင်း မြ၀တီချစ်ကြည်ရေး တံတားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီမြို့သို့ ၀င်ရောက်လာသော နိုင်ငံခြားသား ခရီးသည်များအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top