အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးများ ဦးဆောင်သည့် အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၇ ခုအား ဖွဲ့စည်းခဲ့ပြီး ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ဆက်သွယ် အကြံပြုနိုင်ကြောင်း အောက်တိုဘာ ၁၈ ရက်က သိရသည်။
အဆိုပါ ကော်မတီ အဖွဲ့များ အနေဖြင့် ယခင်ပြည်သူ့ ၀န်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့မှ ပြည်သူများ၏ အကြံပြုချက်များအပေါ် အစိုးရအဖွဲ့များထံ တင်ပြ၍ ပြန်ကြားပေးသည်များကို လက်ရှိတွင် တိုက်ရိုက်ပြန်ကြားမှု ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးများ ပါဝင်သည့် ဆပ်ကော်မတီ ၂၇ ခုတွင် နိုင်ငံခြားရေးဆိုင်ရာ မူဝါဒဆပ်ကော်မတီ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ၊ လယ်ယာသားငါး သစ်တောကဏ္ဍ ဆပ်ကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီ၊ ဘဏ္ဍာရေး ငွေရေးကြေးရေး ပူးပေါင်းညှိနှိုင်းရေး ဆပ်ကော်မတီ၊ အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ၊ စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆပ်ကော်မတီတို့ ပါဝင်သည်။
ယင်းအပြင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ အာဆီယံ အသိုက်အ၀န်းဆိုင်ရာ ဆပ်ကော်မတီ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပညာရေး ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆပ်ကော်မတီ၊ အလုပ်အကိုင်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆပ်ကော်မတီ၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အ၀န်းဆိုင်ရာ ဆပ်ကော်မတီ၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆပ်ကော်မတီ၊ ဥပဒေကြမ်းဆိုင်ရာ ဆပ်ကော်မတီတို့ ပါဝင်ဖွဲ့စည်းထားသည်။
အလားတူပင် နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆပ်ကော်မတီ၊ ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာ ဆပ်ကော်မတီ၊ အလုပ်သမားနှင့် တောင်သူလယ်သမားရေးရာ ဆပ်ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ဆပ်ကော်မတီ၊ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီနှင့် သီးခြားဖွဲ့စည်းမှုအဖြစ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီတို့အား အကြံပြုနိုင်ပြီး ပြည်သူများ၏ အကြံပြုမှုများအပေါ် တိုက်ရိုက်ညှိနှိုင်း ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment