Byမိုးမင်း
(၉)ကြိမ်မြောက် အောင်ဘာလေထီ၏အမြင့်ဆုံးကျပ်သိန်း တစ်သောင်းဆုကံထူးသူကို မသိရသေးကြောင်း ထီအရောင်းကိုယ် စားလှယ်များက ပြောသည်။
အဆိုပါထီဆုကို အောင်ဆု ထူးပိုင်ထီဆိုင်က ရောင်းချခဲ့ပြီး ထီကံထူးသူကို မသိရသေးဟု အထက်ပါ ထီဆိုင်အရောင်းဝန်ထမ်း တစ်ဦးက ဆိုသည်။
‘‘ထီကံထူးသူကိုတော့ စုံစမ်း နေတုန်းပဲ’’ဟု ၎င်းက ဒီဇင်ဘာ ၁ ရက်ညက ပြောသည်။
ကျပ်သိန်းတစ်သောင်းဆု သည် ပင်ရင်းစာရင်းတွင် ပါဝင် သော်လည်း မည်သည့်ဆိုင်ခွဲက ရောင်းချခဲ့ခြင်းကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း အထက် ပါဝန်ထမ်းက ပြောသည်။
အောင်ဘာလေထီ၏ကျပ် သိန်းတစ်သောင်းဆုကို သား ကောင်းရတနာ၊ အေးငြိမ်းချမ်းသာထီဆိုင်တို့က တစ်ကြိမ်စီ၊ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်က ငါးကြိမ်ရောင်းချနိုင်ခဲ့ပြီး အောင်ဆုထူးပိုင်ထီဆိုင်က ပထမအကြိမ် ရောင်းချနိုင်ခြင်းဖြစ်သည်။
(၆)ကြိမ်မြောက် ဖွင့်လှစ်ခဲ့ သည့် အောင်ဘာလေထီတွင် ကျပ်သိန်းတစ်သောင်းဆုကို ရောင်းချ ပေးခဲ့သည့် ထီဆိုင်ထွက်ပေါ်ခဲ့ ခြင်းမရှိသကဲ့သို့ ထံထူးသူအမည် လည်း ထွက်ပေါ်ခဲ့ခြင်းမရှိပေ။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.