0

Byဆုဆက်
TTC ငါးထပ်ကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးနေသည့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်(ဓာတ်ပုံ − ဖြိုးမင်းသိန်းဖေ့စ်ဘွတ်ခ်)
ရန်ကုန်မြို့တွင်း ကျောင်း များရှိ ကျောင်းသားမိဘများ ကျောင်းကြိုပို့ရာတွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း လိုက်နာရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်း ပြောကြားသည်။
ထို့အပြင် ဝန်ကြီးချုပ်ကား လည်း စည်းကမ်းချိုးဖောက်ပါက ဖမ်းရန် ဥပဒေအတိုင်းသာ ညွှန် ကြားမည်ဟု ဝန်ကြီးချုပ်က ဥပမာ ပေး၍ ပြောသည်။ ‘‘ယာဉ်စည်း ကမ်းဘက်ကနေ ကျွန်တော်တို့ ဘက်ကို ပြောပါတယ်။ ဒီကားတွေ ကို ဖမ်းရမလားပေါ့။ ကျွန်တော့် အမြင် အယူအဆကတော့ဝန်ကြီး ချုပ်ကားလည်း စည်းကမ်းချိုး ဖောက်ရင် ဖမ်းပါ။ ဥပဒေရဲ့အ ထက်မှာ ဘယ်သူမှ မရှိသင့်ပါဘူး လို့ မူအရ ဒီအတိုင်းပဲ လမ်းညွှန်ရမှာပါ။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေကအခြေအနေ အကြောင်းကြောင်းပေါ်ထောက်ပြီး အဆင်ပြေသလို ဆောင်ရွက် နေရတာပါ’’ဟု ဝန်ကြီးချုပ်က ပြောသည်။
ဒီဇင်ဘာ ၁ ရက်ကရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့် ရေး အထက်တန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲတွင် ကျောင်းသားမိဘများနှင့် တွေ့ဆုံ စဉ် ယင်းသို့ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ လမ်းမများပေါ်ရှိ ကျောင်းများတွင် ကျောင်းတက် ချိန်၊ ကျောင်းဆင်းချိန်များ၌ ကျောင်းသား အကြိုအပို့ လုပ် သောကားများသည် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း မလိုက် နာဘဲ ကားမရပ်ရသည့် နေရာ တွင်ရပ်ခြင်း၊ လမ်းမအလယ် တွင်ရပ်ခြင်းများကြောင့် ယင်းသို့ မပြုလုပ်ရန် ဝန်ကြီးချုပ်က တိုက် တွန်းသည်။
ရန်ကုန်မြို့နေပြည်သူတိုင်း သည် ကျောင်းဖွင့်ရက်၊ ရုံးဖွင့်ရက် များတွင် ကားလမ်းကြော ကျပ် ခြင်းကြောင့် နေအိမ်မှ အပြင်ထွက်ရန် စိုးရွံ့လေ့ရှိပြီး အထူးသဖြင့် ကျောင်းများရှေ့သို့ ကျောင်းဆင်း ချိန်၊ တက်ချိန်များ၌ ကျောင်း များရှေ့မှ မဖြတ်သန်းလိုပေ။ ယင်းအချက်သည် ကျောင်းများကိုမြို့တွင်း၌ မထားရန် လူထုက တောင်းဆိုလာနိုင်သည့် အချက်ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။
‘‘ကျောင်းရှေ့ရောက်ရင် ဒုက္ခရောက်တယ်လို့ ပြည်သူလူထု အမြင်ရှိနေခြင်းဟာ ကျောင်းတွေ မြို့ထဲမှာ ရှိနေခြင်းဟာ ကောင်း သလား၊ မကောင်းဘူးလားလို့ လူ ထုကြားကို ချပြီးဆွေးနွေးလိုက်ရင် ကျောင်းတွေကို မြို့ပြင်ထုတ်သင့် တာက မှန်တယ်ဆိုတဲ့ အတွေးအ ခေါ်အယူအဆဖြစ်လာမှာကို ကျွန် တော်စိတ်ပူမိပါတယ်’’ ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။
ကျောင်းသားမိဘများသည် ကိုယ်တိုင်ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းလိုက်နာခြင်းဖြင့် သား သမီးများ၏ စံပြဖြစ်လာစေရေး ပြုမူနေထိုင်ရန် တိုက်တွန်းလိုပြီး ရန်ကုန်မြို့ကို နေချင်စဖွယ်မြို့ အဖြစ် အများကလက်ခံရန် ကူညီ ပေးစေလိုကြောင်း ၎င်းကကျောင်း သားမိဘများကို တိုက်တွန်းသည်။
ရန်ကုန် ပညာရေးတက္က သိုလ် လေ့ကျင့်ရေး အထက်တန်း ကျောင်းရှိ အသစ်ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်တွင် ကားပါ ကင်များ ထည့်သွင်းထားသော် လည်း ကျောင်းကားဝင်နိုင်သည့် အနေအထားမျိုးမရှိသည်ကို တွေ့ ရရာ ကျောင်းဆောင်ရှေ့၌ ကျောင်းကားများ ရပ်နိုင်ရန်နှင့် ကားလမ်းကြော မကျပ်ရန် ကျောင်းချိန်ကို ချိန်ညှိရမည်ဟု ကျောင်းတာဝန်ရှိသူများကို ဝန်ကြီးချုပ်ကအကြံပြု ပြောကြားသည်။
ကျောင်းများကြောင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချရန်နှင့် ဘေးကင်းသော ကျောင်းကားစနစ်ပေါ်ပေါက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းကားအသစ်များ ဝယ်ယူထားပြီး အောက်တိုဘာတွင် ပြေးဆွဲပေးမည်ဟု ပြောကြားထားသည်။ သို့သော်နှစ်လကျော်သည် အထိ ကျောင်းကားအသစ်များ မပြေးဆွဲနိုင်သေးပေ။

Post a Comment

 
Top