နေဇင်လတ်
-----------------
မလေးရှားဝန်ကြီးချုပ် နာဂျစ်ကိုယ်တိုင် ပါဝင်ပြီး မိန့်ခွန်းပြောတဲ့ မြန်မာဆန့်ကျင်ရေး ဆန္ဒပြပွဲ တကယ်ဖြစ်လာခဲ့ပါ ပြီ။ နိုင်ငံတစ်ခုရဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် ဆန္ဒပြပွဲမှာပါဝင်တာဟာ အတော့် ကို တွေ့ရခဲတဲ့ မြင်ကွင်းဖြစ်ပြီး နိုင်ငံတော်အားပေး ဆန္ဒပြပွဲ (State sponsored) လားလို့တောင် မေးခွန်းထုတ်ရမလို ဖြစ်နေတယ်။ အာဏာရပါတီဟာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ လက်ထက်မှာသာ အားကောင်းခဲ့ပြီး နာဂျစ်လက်ထက်မှာ ပါတီရဲ့အရှိန်အဝါ အတော် ကျဆင်းနေတယ်။ ဝန်ကြီးချုပ် နာဂျစ်ကိုယ်တိုင်က တရားမဝင်ဒေါ်လာ သန်းရာပေါင်းများစွာ လွှဲပြောင်း လက်ခံမှုအပေါ်မှာ ပြဿနာကြီးကြီးမားမား ရှိနေ သူ တစ်ဦးဖြစ်ပြီး မလေးရှားရဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေပါ။ ပြိုင်ဘက်ပါတီသာ အနိုင်ရသွားမယ်ဆိုရင် အခြေခံမူဝါဒ၊ ရပ်တည်ချက် ဆန့်ကျင်ဘက် ဖြစ်ပြီး တရုတ် အားကောင်းပါတီဖြစ်တာမို့ နာဂျစ်ရဲ့ အနာဂတ်ဟာ အတော့်ကို ဆိုးဆိုးရွားရွားဖြစ်နိုင် တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဝန်ကြီးချုပ်ဟောင်းမဟာသီယာကလည်း နာဂျစ်ကို မကြာခဏ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ပါတီကို ကောင်းကောင်းဦးမဆောင်နိုင်ဘဲ ဝန်ကြီးချုပ် ဖြစ်တဲ့ နာဂျစ်အစိုးရအဖွဲ့ဝင်တွေဟာ အုပ်ချုပ်ရေးပိုင်း ညံ့ဖျင်းမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ရင်ဆိုင်နေရတာဟာ ပါတီကျဆုံးမှုရဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဝေဖန်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံ ရခိုင်ဒေသ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မလေးရှားဆန္ဒပြမှုထဲ နာဂျစ်ကိုယ်တိုင် ပါဝင် မိန့် ခွန်းပြောမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးသြဇာကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ''သံရေးတမန်ရေးနဲ့ ဖြေရှင်းရမယ့်အစား နာဂျစ်အ နေနဲ့ ဘာဖြစ်လို့ ဆန္ဒပြမှုထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင် နေရတာလဲ'' လို့ မေးခွန်းထုတ် ဝေဖန်လိုက်ပါတယ်။ မဟာသီယာဟာ မလေးရှားနိုင်ငံကို ခေတ်ပြိုင် စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုနဲ့အတူ ဦးဆောင်လာခဲ့ပြီး နိုင်ငံရေးကို အတော်ကျွမ်းကျင် နိုင်နင်းခဲ့သူ ဖြစ်တယ်။ မလေးရှားမှာ သူ့နိုင်ငံရေးသြဇာဟာ အ တော် ကြီးကြီးမားမားရှိနေဆဲ၊ အာဆီယံတွင်းမှာလည်း သူ့ပုံရိပ်ကောင်းများ ရှိနေဆဲသူတစ်ဦး ဖြစ်တယ်။
အာဏာနဲ့ အာဆီယံပဋိညာဉ် အလဲအလှယ်လုပ်ခဲ့သူ 'နာဂျစ်'
နာဂျစ်ပါတီရဲ့ အခြေအနေက အတော်မကောင်းပါဘူး။ အမှုများစွာ၊ မေးခွန်းများစွာ၊ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရတယ်။ လာမယ့်ရွေး ကောက်ပွဲ အောင်နိုင်ရေးဟာ ပါတီရောနာဂျစ်ရဲ့ အနာဂတ်နဲ့ပါ သက်ဆိုင်နေတဲ့အတွက် မလွှဲမရှောင်သာဘဲ ''အာဏာ''နဲ့ ''အာဆီယံ ပဋိညာဉ်ချိုးဖောက်မှု''ကို နာဂျစ် အလဲအလှယ် အလောင်းအစား လုပ်လိုက်တယ်လို့ မြင်ပါတယ်။ အဲဒီလို သုံးသပ်သူတွေလည်း တစ်နေ့တစ်ခြား ပိုမြင့်လာပြီး နာဂျစ်ကို ဝေဖန်သူတွေလည်း မြင့်တက်လာနေတာ တွေ့ရတယ်။ အာဆီယံပဋိညာဉ်မှာ..
2. ASEAN and its Member States shall act in accordance with the following Principles :
a.
b.
c.
d.
e. non-interference in the internal affairs of ASEAN Member States ;
f. respect for the right of every Member State to lead its National existence free from extermal interference, subversion and coercion ;
ဆိုပြီး အတိအလင်း ရေးသားထားတာကို နာဂျစ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်းဖြစ်တယ်။ (e) က... ''အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မရှိရေး'' (f) က... ''အာဆီ ယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသားရေး ဖြစ်တည်မှုကို ပြင်ပစွက်ဖက်မှုတွေ ဖြစ်တဲ့ အဖျက်အမှောင့်လုပ်ခြင်း၊ အတင်းအကျပ် ဖိအားပေးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း တွေ မပြုလုပ်စေဘဲ လေးစားလိုက်နာဖို့...။ မြန် မာနိုင်ငံဟာ ကြားနေနိုင်ငံ ဖြစ်သလို အာဆီယံနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဘယ်တုန်းကမှ ဝင်ရောက် မစွက်ဖက်ခဲ့ပါဘူး။ အခုလိုအဆင့်နိမ့်တဲ့ ဆန္ဒပြမှုမှာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင် နေသူတစ်ဦးရဲ့ ပါဝင်ပတ် သက်မှုမျိုးဆိုရင် ဝေလာ ဝေးပါ။
နာဂျစ်ကို မဟာသီယာကိုယ်တိုင် ဝေဖန်ခဲ့တာဟာ နာဂျစ်ရဲ့ ရပ်တည်ချက်၊ လုပ်ရပ် အမှန်/ အမှားကို ကောင်းကောင်းကြီး ထင်ဟပ်စေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားဒုတိယဝန်ကြီး ချုပ်ကလည်း ရခိုင် အရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆု ပြန်လည်ရုပ်သိမ်းရေးကို ဆွေးနွေးတိုက်တွန်းသွားမယ်လို့ လူသိရှင်ကြား တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာ တွေ့ရပါသေးတယ်။ ပြောရရင် မြန်မာနိုင်ငံ ကိုရော၊ အစိုးရအဖွဲ့ ဦးဆောင်သူကိုရောပါ ကြီးကြီးမားမား အကျပ်အ တည်းထဲ တွန်းပို့လိုက်တာဖြစ်တယ်။ မလေးရှား ဒုတိယဝန်ကြီးချုပ် Ahmad Zahid Hamidi က ရခိုင်အရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အနေနဲ့ မလေးရှားမှာရှိတဲ့ မြန်မာသံအမတ်ကြီးကို အစိုးရက ကန့်ကွက်စာ ပေးပို့သွားမယ်လို့ New Straits Times အွန်လိုင်းသတင်းစာမှာ ရေးသားထားခဲ့တာ တွေ့ရပါသေးတယ်။ အင်ဒိုနီးရှားသမ္မတကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပြီး မြန်မာအစိုးရကို ဆန့်ကျင်ဖို့ ဖုန်းဆက်တိုက်တွန်းမယ်လို့ ဝန်ကြီးချုပ်နာဂျစ်က ထုတ်ဖော်ပြောဆိုထားတာလည်း ရှိလိုက်ပြန်ပါသေးတယ်။
မြန်မာကို အမဲဖျက်သည့် အလား
မြန်မာနိုင်ငံ လက်ရှိအနေအထားဟာ အ ထွေထွေအကျပ်အတည်း(General Crisis)နဲ့ ရင်ဆိုင်နေရတာကို အစိုးရအနေနဲ့ မငြင်းစေလိုပါဘူး။ ပြည်တွင်း အခက်အခဲများစွာ (စီးပွားရေး၊ နိုင်ငံရေး၊ ရခိုင်အရေး၊ အရှေ့မြောက်ဖျား စစ်ရေး၊ မြို့တွင်း ဗုံးကွဲမှုများ)နဲ့ ရင်ဆိုင်နေရပြီး၊ နိုင်ငံတကာ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရတဲ့ ကာလပါ။ General Crisis ဆိုတာ မျက်နှာပေါင်းစုံက ပြဿနာကို ရင်ဆိုင်နေရတဲ့ အဆင့်ဖြစ်ပြီး အစိုးရတစ်ခုတည်းရဲ့ အကျပ်အတည်းလည်း ဖြစ်ပါတယ်။ General Crisis uae Total Crisis အဖြစ်ကူးသွားရင် ဘယ်အစိုးရတက်တက် နိုင်ငံအနေနဲ့ ရင်ဆိုင်ရတော့မယ့် အကျပ်အတည်း အဆင့် ဖြစ်တာမို့ အထွေထွေ အကျပ်အတည်းကို စနစ်တကျ ပြောင်းနိုင်ဖို့ လိုပါတယ်။
Total Crisis ဖြစ်လာခဲ့ရင် အရှေ့အလယ် ပိုင်းနိုင်ငံတွေလို နယ်မြေတွေဟာ သူတလူ၊ ငါတစ်မင်းနဲ့ နိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်ပြီး Failed State ဆိုတဲ့ 'ကျဆုံး'နိုင်ငံအဖြစ် 'နောက်မျိုးဆက် သစ်တွေ'ရဲ့ အနာဂတ်ပျက်စီးကြရပါလိမ့်မယ်။ မြန်မာတွေ ၈၈၈၈ ကို ကျော်ဖြတ်ခဲ့ ဖူးတယ်။ အထွေထွေအကျပ်အတည်းအဆင့်၊ အလုံးစုံ အကျပ်အတည်း Total Crisis ဖြစ်ဖို့ မြန်မာ့ရေ ပိုင်နက်အတွင်း နိုင်ငံခြား စစ်သင်္ဘော ချဉ်းကပ်လာခဲ့တယ်။ တပ်မတော်က ချက်ချင်း အာဏာကိုထိန်း သိမ်းလိုက်ခဲ့တယ်။ အလုံးစုံအကျပ်အတည်းကို အဖြစ် မခံခဲ့တော့ဘူး။ အလုံးစုံ အကျပ်အတည်းကို ရှောင်ရှားနိုင်ခဲ့တယ်။ ရင်ဆိုင်လိုက်ရတာက အမေရိကန်ရဲ့ အ ရေးယူပိတ်ဆို့မှုတွေ၊ အခုအကျပ်အတည်းက OIC နိုင်ငံတွေနဲ့ ရင်ဆိုင်ရမယ်။ အာဆီယံနိုင်ငံအချို့နဲ့ ရင်ဆိုင်ရမယ်။ နယ်စပ်နီးတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရင် ဆိုင်ရမယ်။ အခု အကျပ်အတည်းက ရေချိန် မမြင့် သေးလို့ပါ။ ရေချိန်မြင့်လာရင် ၈၈၈၈ အပြီး အကျပ် အတည်းထက် ပိုဆိုးမယ်လို့ သုံးသပ်ပါတယ်။
အခုပဲ နာဂျစ်ပြောတဲ့စကားထဲမှာ 'ဘာ သာရေး' အခြေခံစကားလုံးတွေပါလာပြီး 'ဘာသာ ရေး'နဲ့ 'နိုင်ငံရေး'ကိုတွဲပြီး အမဲဖျက်သလို ဆောင်ရွက်ကြပါလိမ့်မယ်။ အစိုးရအနေနဲ့ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်မလဲ။ ''အား'' ကို မှန်မှန်ကန်ကန် သုံးစွဲတတ်တယ်။ သုံးစွဲနေတယ်လို့ မမြင်ရသေးပါဘူး။ နာဂျစ်ပါတဲ့ ဆန္ဒပြပွဲမှာ 'ဂျီဟတ်' ဆိုတာကို ပြောသွားတယ်။ ပြောရရင် စစ်ကြေညာတဲ့ သ ဘောပါဝင်နေတယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂါ လီတွေကို အရေးယူတာ မရပ်ရင် ဘင်္ဂလားဒေ့ရှ်မှာ မြန်မာသံရုံး မရှိစေရဘူးဆိုပြီး ဆန္ဒပြပွဲတွေမှာ ပြောသွားတာရှိနေပြန်သေးတယ်။ အရေးယူ ဆောင်ရွက်မှုတွေ မရပ်ရင် ဒီဇင်ဘာ ၁၈ ရက်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ပူးပေါင်းချီတက်ပြီး ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ စကားသံတွေကလည်း ရှိနေပြန်သေးတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်က ဒေါ် အောင်ဆန်းစုကြည်ကို သတိပေးလိုက်တဲ့ စကားဟာ အမှုမဲ့အမှတ်မဲ့ မဖြစ်သင့်ပါဘူး။ သူကိုယ်တိုင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေသူတစ်ဦး ဖြစ် နေပါတယ်။
''ကျုပ်တို့ဟာ လုံးဝဆက်ပြီး သည်းမခံ နိုင်တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်တယ်။ ကျုပ်တို့ မွတ်စလင်တွေနဲ့ အစ္စလာမ်တွေကို ကာကွယ်ရမယ်။ ကာကွယ်မှာလည်း ဖြစ်တယ်လို့ ဘုရားသခင်က ကြီးမြတ်ပါတယ်''လို့ ပြောခဲ့တာဟာ သူတို့အနာဂတ် ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာကို ထင်ဟပ်နေစေတာ တွေ့ရပါမယ်။ အဲဒီစကားမှာ ဘယ်လိုအရိပ်အမြွက်တွေ ပါနေသလဲဆိုတာကို သတိပြုစေချင် တယ်။ အကောင်းဆုံးနဲ့ အဆိုးဆုံးတွေကို မျှော်လင့်ပြီး ပြင်ဆင်ထားသင့်တယ်။ မတုံ့ပြန်လို့လဲ မရပြန်ပါဘူး။ ဆုတ်တက်လွယ်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်သင့်တယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြောတဲ့စကား တွေ၊ လုပ်ရပ်တွေဟာလည်း သတိထား လေ့လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထား တွေဆိုတာ တွေ့နိုင်ပြီး လိုအပ်ရင် ရခိုင်ဒေသကို နယ်ချဲ့ဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတာကို သတိကြီးကြီး ထား ကြရပါလိမ့်မယ်။ ရေပိုင်နက်မှာ မြန်မာ တွေရှုံးနိမ့်ခဲ့ပါတယ်။ အခု ရခိုင်ဒေသအရေးမှာ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်တွေအများဆုံးပါ။ ဖမ်းမိ အကြမ်းဖက်တွေရဲ့ ထွက်ဆိုမှုတွေအရ ဘင်္ဂလားဒေ့ရှ်ရဲ့ ပါဝင်ပတ်သက် မှုတွေ ကို ရိပ်စားမိလောက်ပါလိမ့်မယ်။ နောက်တစ်ခုက စင်ကာပူဝန် ကြီးချုပ်ရဲ့ လူသိရှင်ကြား သတိပေးမှုဖြစ်တယ်။ ''အရှေ့အလယ်ပိုင်းမှာ စစ်ရှုံးပြီး နယ်မြေစွန့်ခွာလာခဲ့ကြတဲ့ IS အကြမ်းဖက်တွေဟာ နယ်မြေသစ်တွေ ကို ရှာဖွေစိမ့်ဝင် နေတဲ့အတွက် အရှေ့တောင်အာရှဟာ ပစ်မှတ်ဖြစ် လာတယ်''ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အ တွက် ခပ်ပေါ့ပေါ့ ဘေးဖယ်ထားမရတဲ့ သတိပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်။
သုံးသပ်ချက်အကျဉ်း
အရှေ့မြောက်စစ်ပွဲ၊ ရခိုင်အကျပ်အတည်း၊ မလေးရှား ဖိအားတွေဟာ တိုက်ဆိုင်မှုမဟုတ်ဘူး။ အစီအစဉ်တကျ ဖြစ်လာခဲ့ကြတာချည်းပဲ။ အရှေ့ မြောက်စစ်ပွဲက တရုတ်နဲ့ ညှိနှိုင်းနိုင်ရင် ကိစ္စအတော်အတန် ပြီးနိုင်ပေ မယ့် ရခိုင်ဒေသကိစ္စကတော့ အ တော် ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်။ တစ်နိုင်ငံတည်းနဲ့ ညှိနှိုင်းလို့မရတဲ့အပြင် 'မူလရည်ရွယ်ချက်ထားရှိပြီး'ဖြစ်တဲ့ နယ်မြေချဲ့ထွင်ရေးဟာ ဘက်စုံက စဉ်းစားတုံ့ပြန်ရမယ့် အရေးအရာ တစ်ခု ဖြစ်လာတယ်။ မြန်မာနိုင်ငံက "Strong Government" ပုံစံမျိုး မပြ နိုင်သမျှ အခုလို ပြင်ပအရေးအရာတွေက ချက်ချင်း အသက်ဝင်လာတတ်လေ့ရှိပြီး စိန်ခေါ်မှု အကျပ်အတည်း ဖြစ်လာစေတတ်တာကို အမြဲတမ်း မျှော်လင့်ထားရလိမ့်မယ်။ လက်ရှိအစိုးရအနေနဲ့ Strong Government ဖြစ်အောင် ပြသရပါလိမ့်မယ်။ လောလောဆယ်မှာ ပြည်တွင်းအမြင်အရ "Weak Government" အဖြစ် အမြင်ရောက်နေ တယ်။ နိုင်ငံတကာကတော့ နိုင်ငံရေးပါး 'ဝ'နေကြတာကြောင့် Weak Government အဖြစ် သတ်မှတ်ထားတာမို့ အခုလို အကျပ်အတည်းတွေကို အစီအစဉ်တကျ တိုက်ဆိုင်သလို ဖြစ်လာစေခဲ့တာပဲလို့ သုံးသပ် မိပါတယ်။ General Crisis အဆင့် စတင်ရောက်ရှိ နေတာကိုလက်ခံပါ။ ဒါမှ Total Crisis မဖြစ် အောင် ဘယ်လိုတားဆီး အစီအစဉ်လုပ်ရမယ်ဆိုတဲ့ အတွေးရောက်လာပြီး နိုင်ငံတော်ရဲ့အနာဂတ်ကို ခြိမ်းခြောက် မယ့် အန္တရာယ်တွေက တားဆီးနိုင်မှာ ဖြစ်ပါတယ်။
နေဇင်လတ်
#theflowernews
http://www.yangonmedia.com/article/item/7032-myanmar-is-not-deleted
Post a Comment