0


စစ်ဆေးမှုများ မကြာခဏပြုလုပ်နေသည့် ငါးပိ၊ ငါးခြောက်နှင့် ငရုတ်သီးမှုန့်များ (ဓာတ်ပုံ − နစ်ကီ)
လက်ရှိကျင့်သုံးနေသော စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအစား ပြစ်မှုပြစ်ဒဏ်များ တိုးမြှင့်ထားသော စားသုံးသူကာ ကွယ်ရေးဥပဒေ(မူကြမ်း)ကို ပြင် ဆင်ရေးဆွဲလျက်ရှိကြောင်း သ တင်းရရှိသည်။
ယင်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဦးဆောင်သော ဥပဒေ ပညာရှင်များနှင့် အရက်ဘက်လူ့ အဖွဲ့အစည်းများက ပူးပေါင်းပါ ၀င်ရေးဆွဲနေခြင်းဖြစ်ပြီး ယခင် ၂၀၁၄ က ပြဋ္ဌာန်းခဲ့သည့် စားသုံး သူအကာအကွယ်ပေးရေးဥပဒေ မှာ လိုအပ်ချက်ရှိနေခြင်းကြောင့် ယခုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ တိုး  မြှင့်ထားသော ဥပဒေကို ပြင်ဆင်ရေးဆွဲရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးဆွေတင့်ကြူကပြောသည်။
‘‘၂၀၁၄ တုန်းက စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ။ ၂၀၁၆ မှာကျတော့ စားသုံးသူ ကာကွယ်ရေးဥပဒေပေါ့။ ဆိုလို တာကတော့ စားသုံးသူအကာအ ကွယ်ပေးရေး သက်သက်မဟုတ် ဘူးပေါ့။ စားသုံးသူကာကွယ်ရေး ဆိုတာ ပိုပြီးတော့ကျယ်ပြန့်ပါ တယ်။ သူကတော့ စားသုံးသူ ဘက်က တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ ကာ ကွယ်ပေးသွားမှာပါ။ အဓိကက တော့ စားသုံးသူတွေအခွင့်အရေး ရရှိဖို့၊ရရှိတဲ့ အခွင့်အရေးတွေပြည့် ၀ဖို့နဲ့ လုံခြုံစိတ်ချမှုရှိတဲ့ ကုန်စည် နဲ့ ၀န်ဆောင်မှုတွေ သုံးစွဲနိုင်ဖို့ ဦး တည်တာပါ။ ပြစ်မှုပြစ်ဒဏ်တွေ ကလည်း အရင်ဥပဒေထက်စာရင် ပိုပြီးတော့ပြစ်ဒဏ်ချမှတ်တာတွေ များပါတယ်။ ဥပမာ- ငွေဒဏ်ဆို လည်း တော်တော်လေးတိုးမြှင့် ထားပါတယ်’’ဟု ၎င်းကပြော ကြားသည်။
ပြင်ဆင်ရေးဆွဲသည့် ဥပဒေ ထဲ၌ ဈေးကွက်စစ်ဆေးရေးအရာ ရှိအခန်းကဏ္ဍ၊ ထုတ်လုပ်သူ၊ တင်သွင်းသူနှင့် ဖြန့်ဖြူးရောင်းချ သူများ၏ ထုတ်ကုန်အပေါ် ၀န် ဆောင်မှုနှင့် တာဝန်ရှိမှုအပိုင်းများ အပါအ၀င် သက်ဆိုင်ရာဘက်က လည်း စားသုံးသူများ၏ တိုင် ကြားမှုကို အမြန်ဆုံးဖြေရှင်းပေး နိုင်ရန် စသည့်အချက်များ ထည့် သွင်းထားသည်။
အဆိုပါ ဥပဒေမူကြမ်းကို ယခုနှစ်ကုန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက အတည်ပြုချက်ယူ၍ ရှေ့ နေချုပ်ရုံးသို့ ပေးပို့မည်ဖြစ်ကာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်သို့ အသီးသီးတင်ပြ မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်က ယင်းဥပဒေကို အ တည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံ တော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးလျှင် ယင်းဥပဒေ အာဏာစတင်သက်ရောက်မည် ဖြစ်သည်။
စားသုံးသူကာကွယ်ရေး ဥပ ဒေ(မူကြမ်း)တွင် စားသုံးသူများအတွက် ထိရောက်စွာအကာအ ကွယ်ပေးရေး လုပ်ငန်းများစွာ ပါ ၀င်သော အချက်များကို ဖော်ပြ ထားသော်လည်း စားသုံးသူများ နားလည်လွယ်မည့် သတင်းအ ချက်အလက်များ ထည့်သွင်းသင့် ကြောင်း ဥပဒေပညာရှင်များက အကြံပြုပြောကြားသည်။
‘‘အဟောင်းမှာ ယေဘုယျ ရေးထားပေမယ့် ဥပဒေအသစ်မှာ ကျတော့ အသေးစိတ်ရေးထားပါ တယ်။ သာမန်အားဖြင့်ကြည့်ရင် တော့ ပိုပြီးတော့စကားလုံးတွေ များလာတယ်။ ပိုပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီမှာဆို ရင် စားသုံးသူဘက်က တိုင်ကြား ရှင်းလင်း တင်ပြခွင့်ဆိုတာက ကော ဘယ်အတိုင်းအတာကို ပြောတာလဲဆိုတာတွေ၊ လိမ်လည် လှည့်ဖြားခြင်းဆိုရင်လည်း ဘယ် လိုအနေအထားမျိုးကို လိမ်လည် တယ်လို့ပြောမှာလဲ။ ဒါကိုပေါ် လွင်အောင်ဖော်ပြဖို့အတွက် လို ပါတယ်။ တကယ်နစ်နာတဲ့သူက တိုင်ကြားခွင့်ရှိတယ်ဆိုတာကို ဥပဒေက အခွင့်အရေးပေးထား ပေမယ့် စားသုံးသူက အဲဒီလိုမ တိုင်နိုင်တဲ့အခါ ဘယ်လိုမျိုးလုပ် ရမယ်ဆိုတဲ့ သတင်းအချက်အ လက်တွေကိုလည်း ပိုထည့်စေ ချင်ပါတယ်’’ဟု ရန်ကုန်တိုင်းဥပဒေချုပ်ရုံးမှ ဒုတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေကပြောကြားသည်။
 ယခင်စားသုံးသူ အကာအ ကွယ်ပေးရေးဥပဒေတွင် အခန်း ၁၂ ခန်း၊ ပုဒ်မ ၃၁ အထိရှိပြီး ယခုပြင်ဆင်ရေးဆွဲသည့် စားသုံးသူကာကွယ်ရေးဥပဒေတွင်မူ အခန်း ၂၆ ခန်း၊ ပုဒ်မ ၈၀ အထိပါရှိသည်။
http://www.7daydaily.com/story/83416

Post a Comment

 
Top