ယခုလ အစောပိုင်းက မာ့ခ်ဇူကာဘတ်၏ လူမှုရေးမီဒီယာ account များကို တိုက်ခိုက်ခဲ့သည့် Ourmine ဟက်ကာအဖွဲ့သည် Google အမှုဆောင်အရာရှိချုပ် ဆန်းဒါပီချိုင်း၏ Quora account ကို တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဟက်ကာအဖွဲ့သည် ပီချိုင်း၏ Quora account မှ Twitter တွင် post များ ဝေမျှခဲ့ပြီး account နှစ်ခုစလုံးကို ထိုးဖောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
မာ့ခ်ဇူကာဘတ်၏ လူမှုရေးမီဒီယာ account များပေါက်ကြားခဲ့ရခြင်းမှာ LinkedIn အချက်အလက်များမှ ထွက်ပေါ်လာသည့် password ကြောင့်ဖြစ်သော်လည်း ပီချိုင်း၏ Quora accont မှာမူ Quora အားနည်းမှုကြောင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အားနည်းချက်ကို Quora သို့ အသိပေးပြီးဖြစ်သော်လည်း တုံ့ပြန်မှု မရရှိသေးကြောင်း Ourmine က ပြောကြားခဲ့သည်။
ယခုအခါတွင် ပီချိုင်း၏ Twitter နှင့် Quora account များမှာ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနေဖွယ်ရှိသည်။
Ref: CNET
Post a Comment