ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ငွေလွှဲနိုင်မည့် အစီအစဉ်တစ်ရပ်ကို ဇူလိုင်လကုန်တွင်စတင်မည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ငွေလွှဲနိုင်ရန် ဆောင်ရွက် လိုက်ခြင်းဖြစ်ပြီး ငွေလွှဲခမှာ မိမိလွှဲလိုသော ပမာဏအပေါ်မူတည်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ True Money ကိုယ်စားလှယ်များမှတစ်ဆင့် လွှဲနိုင်ကာ မြန်မာနိုင်ငံအနှံ့အပြားရှိ True Money ကိုယ်စားလှယ်များထံတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ True Money Myanmar အေးဂျင့်များအား လက်ဖက်ရည်ဆိုင်များ၊ Mi Thar Su Mart ၏ ဆိုင်ခွဲများအားလုံးနှင့် ရပ်ကွက် အတွင်းရှိ ဈေးဆိုင်ငယ်များတွင် စီစဉ်ပေးထားကြောင်း သိရသည်။
လက်ရှိတွင် ငွေလွှဲနိုင်သည့် ကိုယ်စားလှယ်ပေါင်း မြန်မာနိုင်ငံတစ်ဝန်းတွင် နှစ်ထောင်ကျော်ရှိကြောင်းနှင့် ဆက်လက်တိုးချဲ့ရန်စီစဉ်နေကြောင်း ဆိုသည်။ အဆိုပါ ကိုယ်စားလှယ်များမှတစ်ဆင့် ငွေလွှဲခြင်း အပြင် မီတာဘီလ်ဆောင်ခြင်း၊ စည်ပင်ခွန်ဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ AEON ဖြင့် အရစ်ကျပေးချေနေသူများ ဘဏ်သို့သွားရန်မလိုဘဲ ယင်းမှ ငွေပေးချေနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ကြောင်း သိရသည်
Internet Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.