0

မန္တလေး၊ ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းဝင် ပေါက်တစ်ခုအနီး ဇွန် ၂၆ရက် နံနက်ပိုင်းက အမည်မသိလူအချို့မှ နှစ်ရက်သားအရွယ် ချက်ကြိုးပင်မကြွေ သေးသည့် ကလေးငယ် တစ်ဦးအား လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါကလေးအား လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးမှတွေ့ရှိကာ စွန့်ပစ်ကလေးငယ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ ပြီးနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ YWG ပရဟိတမိဘမဲ့ကျောင်းရှိ သံဃာတော်များထံ စောင့်ရှောက်ရန်အပ်နှံခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
''ကလေးက မိန်းကလေး။ နှစ်ရက်သားပဲ ရှိသေး တယ်။ ချက်ကြိုးတောင် မြေ<ွကသေးဘူး။ မွန်းတည့် ၁၂ နာရီလောက်ကမှ ဒေါ်ကြူကြူမာဆိုတဲ့ဒကာမကြီးက မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော်အရှေ့၊ ပုဂံ တိုက် အနောက်ပေါက်ကနေ ဖြတ်သွားတဲ့အချိန် ကလေးငိုသံ ကြားလို့ကြည့်မိရာက ဒီကလေးကိုတွေ့တာပဲ။ အဲဒီဒကာမ ကြီးကလည်း သူ့မှာကလေးသုံးယောက်နဲ့ဆိုတော့ ဒီကလေးကို မမွေးစားနိုင်ဘူး။ ဒါကြောင့် ဦးဇင်းတို့ကျောင်းကို နေ့ လယ်ကမှလာပို့သွားတာ။ ဦးဇင်းတို့ ကျောင်းမှာကလည်း အခုရောက်လာ တဲ့ကလေးအပြင် လွန်ခဲ့တဲ့လေးရက်ကမှ အခုလိုစွန့်ပစ်ခံရပြီးရောက်လာတဲ့ လေးရက်သား မိန်းကလေး တစ် ယောက်လည်းရှိသေးသလို ရက်သားအရွယ်ကနေ တစ်နှစ်ခွဲအရွယ်အထိ ကလေးအရေအတွက်က ဒီကလေးနဲ့ဆို ၃၂ယောက်ရှိသွားပြီ။ လော လောဆယ်တော့ ဒီကလေးကို ဆေးခန်းတွေလည်းပြ ထားတယ်။ အခု လောလောဆယ် ဒီကလေးရဲ့နာမည် ကို နန္ဒာမျိုးဆက်လို့ နာမည်ပေးထား တယ်''ဟု YWG ပရဟိတမိဘမဲ့ ကျောင်းမှ ဆရာတော်ဦးသုဓမ္မနန္ဒက မိန့်ကြားသည်။
အဆိုပါကလေးငယ်မှာ မွေးဖွား ပြီးနှစ်ရက်သာရှိသေးသည်ကို ကလေးငယ်နှင့်အတူ စွန့်ပစ်ရာတွင်ပါလာသည့် ပုဂ္ဂလိကဆေးရုံတစ်ခုမှထုတ် ပေးသော ကလေးမွေးစာရင်းစာရွက် အရသိရပြီး ယင်းကလေးငယ်နှင့်အ တူအနှီးတချို့တို့ပါဝင်ကြောင်း၊ ပုဂ္ဂလိကဆေးရုံ၏မွေးစာရင်းတွင် ကလေးမိခင်ဖြစ်သူ၏အမည်ကို ဖော်ပြထား ခြင်းမရှိသော်လည်း ယင်းမွေးစာရင်းအရ အဆိုပါစွန့်ပစ်ခံရသည့်ကလေး ငယ်၏မိခင်ဖြစ်သူ မှာ ငွေကြေးပြည့်စုံ သူတစ်ဦးဖြစ်နိုင်ကြောင်းနှင့် အဘယ် ကြောင့် မိမိ၏ရင်သွေးအား စွန့်ပစ်သည်ကိုမူနားမလည်နိုင်ကြောင်း ဆရာ တော်က ထပ်မံမိန့်ကြားသည်။ YWG ပရဟိတမိဘမဲ့ကျောင်းသည် မန္တလေး တိုင်းဒေသကြီး၊ ပြည် ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်၂၊ ကနောင် မင်းသားကြီးလမ်းနှင့် ၅၈လမ်းကြား တွင်တည်ရှိပြီး လက်ရှိ၌ ရက်သား အရွယ်မှ တစ်နှစ်ခွဲအရွယ်ရှိ စွန့်ပစ် ခံထားရသော မိဘမဲ့ကလေးငယ်၃၂ ဦးအပါအဝင် ကလေးငယ်၄၅၆ဦးရှိပြီး အဆိုပါမိဘမဲ့ကလေးများအား ရေရှည်စောင့်ရှောက်ထားနိုင်ရန်အတွက် အဆောက်အအုံနှင့် ပညာရေး၊ ကျန်းမာရေး အကူအညီများလိုအပ် လျက်ရှိကြောင်း ယင်းကျောင်းမှထပ်မံ သိရသည်။
အဝါရောင်မျိုးဆက်သစ်လူငယ်များပရဟိတအသင်း(YWG)သို့ စွန့်ပစ်ခံထားရသော ကလေးငယ်များ ကောက်ရ၍ အကြောင်းကြားချက် ကြောင့် ခေါ်ယူစောင့်ရှောက်ပေးလျက် ရှိပြီး ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတ၊ တောင် ငူ၊ ပဲခူး၊ မြင်းမူ၊ မန္တလေး စသောမြို့ များတွင် YWG ဖွင့်လှစ်ကာ စောင့် ရှောက်ပေးထားရာ ဆင်းရဲနွမ်းပါး၊ မိဘမဲ့၊ စွန့်ပစ်ကလေး စုစုပေါင်း ၃ဝဝဝခန့်ကို စောင့်ရှောက်ပေးထား ကြောင်း သိရသည်။ ''ပွင့်လင်း လာတဲ့ ခေတ်ဖြစ်တဲ့အတွက် လူတွေရဲ့သီလယုံကြည်မှုနည်းလာလို့ ဒီလိုဖြစ်တာပါ၊ ဘဝရပ်တည်ဖို့ ခက်ခဲမှုတွေများလာလို့ပဲပြော ပြော၊ အတိတ်ကံမကောင်းခဲ့လို့ပဲ ပြောပြော လက်ရှိဘဝမှာ သူတို့အတွက် အဆင်ပြေအောင် အတတ်နိုင် ဆုံးကြိုးစားပေးသွားမှာပါ''ဟု အဝါ ရောင်မျိုးဆက်သစ်လူငယ်များ ပရဟိတအသင်း(YWG)မှ အရှင်ဓမ္မ နန္ဒက မိန့်သည်။ အဝါရောင်မျိုးဆက်သစ်လူငယ်များ ပရဟိတအသင်း(YWG) သို့ ရောက်ရှိလာသော စွန့်ပစ်ခံကလေးငယ်များသည် (၂)ရက်သား၊ (၄)ရက်သား၊ (၂ဝ)ရက်သားအရွယ်များဖြစ် ပြီး မန္တလေးမြို့ရှိ အဝါရောင်မျိုးဆက်သစ်လူငယ်များ ပရဟိတအသင်းတွင် စွန့်ပစ်ခံကလေးငယ် ၁ဝဝကျော်ကို စောင့်ရှောက်ပေးထားကြောင်း သိ ရသည်။
TY,THKK
‪#‎Democracy‬ Today

Post a Comment

 
Top