0


Byဟိန်းသာOn Sat, 2016-01-02

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လျှပ်စစ်ရထားများကို စီးနင်းခ ကျပ်တစ်ရာဖြင့် ဇန်န၀ါရီ၌ စတင်ပြေးဆွဲမည် ဖြစ်ကြောင်းသတင်း ရရှိသည်။


မြန်မာ့မီးရထားက ဂျပန်နိုင်ငံ West Corporation နှင့် ပူးပေါင်း လုပ်ဆောင်နေသော လျှပ်စစ် ရထားစီမံကိန်းကို မူလက အောက်တိုဘာအတွင်း ပြေးဆွဲရန် စီစဉ်ထားသော်လည်း လမ်းပိုင်းပြင် ဆင်မှုများမပြီးပြတ်သေးသော ကြောင့် ဇန်န၀ါရီဒုတိယပတ် မှစတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားသွားလာရေးဌာနခွဲ မန်နေဂျာ ဦးကျော်စိုးလွင်က ပြောကြားသည်။

လျှပ်စစ်ရထားလမ်းပိုင်းမှာ ကမ်းနားလမ်းတစ်လျှောက် ထော်လီကွေ့မှ ၀ါးတန်းလမ်းအထိ ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အကွာအဝေးမှာ တစ်မိုင်ခွဲရှိကာ တစ်ဦးလျှင် စီးနင်းခတစ်ရာကျပ်ဖြင့် ခရီးသည် ၂၀၀ ခန့်စီးနင်းနိုင်မည် ဖြစ်သည်။

ရထားလမ်းပိုင်းမှာ ထော်လီကွေ့မှ ပုဇွန်တောင်ဘူတာ၊ ၀ါးတန်းလမ်းမှ ကြည့်မြင်တိုင်ဘူတာ၊ ၀ါးတန်းလမ်းမှ လင်းစဒေါင်းဘူတာများနှင့်ပါ ချိတ်ဆက်မည်ဖြစ်ပြီး မြို့ပတ်အတွက်ပါ ရည်ရွယ်ထားကြောင်း ဦးကျော်စိုးလွင်က ဆိုသည်။

ကမ်းနားလမ်းမှ မြို့ပတ် ရထားလမ်းသို့ ချိတ်ဆက်မည့် ရထားလမ်းကို ဧပြီအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး မြို့ပတ်၌လည်း လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် ရေရှည်စီမံကိန်းများရှိကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်)အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

လျှပ်စစ်ရထားပြေးဆွဲရန် ရထားလမ်းပိုင်းနှင့် ကောင်းကင် ကေဘယ်ကြိုးများ၊ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကို မြို့တော်စည်ပင်၊ ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့တို့နှင့် ပူးပေါင်းတည်ဆောက်ပြီးစီးနေပြီး ၂၀၁၅ နိုဝင်ဘာ ၄ ရက်က စမ်းသပ်ပြေးဆွဲခဲ့သည်။ ပြေးဆွဲရာတွင် ရထားတွဲသုံးတွဲပါ နှစ်ဆိုင်းဝယ်ယူထားပြီး တစ်ဆိုင်းကို အရန်ထားရှိမည် ဖြစ်သည်။

http://www.7daydaily.com/story/54680

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top