0

Byဇော်မျိုးလှိုင်On Sat, 2016-01-02
လက်ပံတန်းမြို့တွင် ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ကျောင်းသားသပိတ်ကို ထောက်ခံသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် မနီလာသိန်း၊ ဗကသ ကျောင်းသားခေါင်း ဆောင် ကိုလင်းထက်နိုင်နှင့် မဖြိုးဖြိုးအောင်တို့ကို မရမ်းကုန်းရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
၂၀၁၅ ဖေဖော်ဝါရီ ၁၅ ရက် က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ပြုလုပ်ခဲ့သည့် အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင် သော ကျောင်းသားသပိတ်ကို ထောက်ခံသည့် လှုပ်ရှားမှုတွင် ပါ ဝင်ခဲ့မှုဖြင့် ၎င်းတို့သုံးဦးကို မရမ်းကုန်းရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်ဟု ဇန်နဝါရီ ၁ ရက်၌ လာရောက်အသိပေးခဲ့ ကြောင်း ဗကသကျောင်းသား ခေါင်းဆောင် ကိုလင်းထက်နိုင်က ပြောသည်။
‘‘အဲဒါနဲ့ ပတ်သက်ပြီးတော့ အစ်မဆီ ဘာမှမရောက်သေးဘူး။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ဂျိမ်း (လင်းထက်နိုင်)ကို တရားဝင်ပြော တယ်။ အစ်မတို့က ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီး တရားရင်ဆိုင်မှာမဟုတ် ဘူး။ အဲဒါနဲ့ပတ်သက်ပြီး လာအ ကြောင်းကြားတယ်ဆိုရင် တစ်ခါ တည်းခေါ်၊ တစ်ခါတည်း လိုက် သွားမှာ။ ဒါနဲ့ပတ်သက်ပြီး အာမခံယူခြင်း၊ ဘာခြင်း ရှိမှာမဟုတ်ဘူး’’ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မနီလာသိန်းက ပြောသည်။
ကျောင်းသားသပိတ်ကို ထောက်ခံသည့် လှုပ်ရှားမှုတွင် ကျောင်းသား၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ နိုင်ငံရေးအကျဉ်း သားဟောင်းများနှင့် စိတ်ပါဝင် စားသည့် ပြည်သူလူထု ၆၀ ကျော် ဖြင့် သမိုင်းလမ်းဆုံမှ စတင်လမ်း လျှောက်ခဲ့ပြီး စမ်းချောင်းမြို့နယ် ပဒုမ္မာဘောလုံးကွင်း၌ ရပ်နားခဲ့ သည်။
အမျိုးသားပညာရေးဥပဒေ ကို ဆန့်ကျင်သည့် ကမာရွတ် လှည်းတန်းဆန္ဒပြပွဲ၌ ပါဝင်သော ကြောင့် တရားစွဲဆိုခံရသည့်ကို ကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုနန္ဒစစ်အောင်၊ မပိုပိုနှင့် ကိုဝင်း ကျော့မှူးတို့ကို ဇန်နဝါရီ ၁ ရက် တွင် ကမာရွတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကာ တရားသူ ကြီးအပြောင်းအလဲကြောင့် ဆက် လက်စစ်ဆေးနိုင်ခြင်းမရှိဘဲ လာ မည့် ဇန်နဝါရီ ၈ ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ကြောင်း ကျောင်း သားများ၏အကျိုးဆောင်ရှေ့နေ ဦးဌေးက ပြောသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top