ထိုအချိန်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချူ ပ်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်နေချိန်ပင် ဖြစ်သည်။ စု သည် အုပ်ချူ ပ်ရေးနှင့် ငွေစာရင်းကော်မတီ အကြံပေးအဖွဲ့တွင် တာဝန်ပေးထား၍ လုပ်ကိုင်ရပါသည်။ ထိုကော်မတီသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO ၊ UNDP အတွင်းက ကူညီရေးစီမံကိန်းတွေလိုမျိုး ကုလသမဂ္ဂရဲ့ အရေးကြီးဆုံး အဖွဲ့အစည်းပေါင်း များစွာရဲ့ ငွေကြေးနဲ့ကုန်ကျစရိတ်တွေကို အသေးစိတ်တာဝန်ယူရပါတယ်။
အလုပ်ချိန်ပြီးလို့ ညနေပိုင်းတွေမှာဆို စုသည် စေတနာ့ဝန်ထမ်းအလုပ်များကို ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ သူ့ဘာသာသူ ဆောင်ရွက်ပါတယ်။ စုသည် ဆေးရုံတစ်ရုံတွင် အထွေထွေအလုပ်များကို ဝင်လုပ်ခဲ့ပါသေးသည်။ ထိုဆေးရုံကို ၁၉၇၇ ခုနှစ် နောက်ပိုင်းမှာ ပြန်လည်တည်ဆောက်ထားပြီး ယခုအချိန်တွင်တော့ ထိုဆေးရုံသည် အမေရိကန်တွင် သက်တမ်းအရှည်ဆုံး ပြည်သူ့ဆေးရုံကြီး ဖြစ်နေပါတော့သည်။
အမေရိကန်နိုင်ငံ၏ အောက်ခြေလူတန်းစား (၈၀) ရာခိုင်နှုန်းက ထိုဆေးရုံတွင် တက်ကြပါသည်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ပြည့်စုံလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ (၁၉၆၀ ခုနှစ် အတွင်းက အခြေအနေပါ) စုက ညနေပိုင်းတွေမှာ သွားပြီးတော့ လုပ်အားပေးပါတယ်။ ရုံးပိတ်ရက်တွေမှာ တစ်နေကုန်နေတဲ့ရက်တွေ ရှိပါတယ်။ ကလေးဆောင်တွေကို သွားပြီး ကလေးတွေကို စာဖတ်ပြတယ်၊ ညပိုင်းမှာ လူကြီးတွေရဲ့ အိပ်ရာဘေးမှာ သွားထိုင်ပေးပါတယ်။ ထိုဆေးရုံမှာ စိတ်ရောဂါရှိသူများကိုလည်း လက်ခံပေး၍ လူနာများ ဆရာဝန်နဲ့ မတွေ့ခင် စောင့်နေရတဲ့အခန်းမှာလည်း စုက ကူညီနိုင်တာတွေကို ကူညီပေးပါတယ်။
၁၉၉၅ တွင် နေအိမ်အကျယ်ချူ ပ်မှ လွတ်မြောက်ပြီးချိန်တွင် ဖြစ်ပါသည်။ ဒေါ်စုသည် မိုဃ်းလင်း (ဖိုးလေး) မိတ်ဆက်ပေး၍ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းနှင့် သိခဲ့ရပါသည်။ ဒေါ်စန်းစန်းဝင်းသည်လည်း အမပူရ ဦးဘဘွားအိမ်တွင် စင်ပြိုင်အစိုးရလုပ်ရန်စည်းဝေးသည်ဆိုပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ အဖမ်းခံရသူဖြစ်သည်။ ၁၉၉၄ တွင် ပြန်လွတ်လာသူလည်း ဖြစ်ပါသည်။
ဒေါ်စန်းစန်းဝင်းသည် ထောင်ထဲတွင် သားအိမ်ကင်ဆာသဘောမျိုးဖြစ်ပြီး ခပ်ပေါ့ပေါ့သာ နေခဲ့ပါသည်။ ဒေါ်စုက ၁၉၉၅ ခုနှစ်တွင် ဒေါက်တာတင်မျိုးဝင်းဆီ သွားစေခဲ့ပြီး စစ်ခိုင်းလိုက်တော့မှ ခွဲထုတ်လို့ရပေမယ့် ကင်ဆာသည် အမြစ်တွယ်နေခဲ့ပါသည်။ ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုကို ဖွင့်ပြောခဲ့ပြီး လူနာကိုတော့ မပြောခဲ့ပါပေ။ ဆေးရုံစတက်သည့်နေ့ကစပြီး ညနေ (၄) နာရီ ရုံးဆင်းသည်နှင့် ဒေါ်စုသည် ဘားလမ်းဆေးရုံကို သွားရောက်ပြီး ဒေါ်စန်းစန်းဝင်းကို သူနာပြု တစ်ယောက် ပြုစုစောင့်ရှောက်သလို ဆောင်ရွက်ခဲ့ပါသည်။ (လူနာမေးပုံစံမျိုး မဟုတ်ပါ) ညနေ (၆) နာရီမှ ပြန်ပါတယ်။ အားပေးစကားပြောတာ၊ နှစ်သိမ့်မှုပေးပြီး ပြုစုကုသတာတွေကို ကွယ်လွန်တဲ့နေ့အထိ နေ့စဉ်ဝတ္တရားမပျက် သွားရောက်ခဲ့ပါတယ်။ ရဲဘော်ရဲဘက် စိတ်အပြည့်နဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်စန်းစန်းဝင်း၏ နောက်ဆုံးခရီးကိုလည်း လိုက်ပါပို့ဆောင်ခဲ့ပြီး ကျန်ရစ်သူမိသားစုကိုလည်း သွားရောက်ပြီး နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ပါသည်။း
ဤသည်မှာ လူသားတို့ကို လူသားဟုပင် မြင်ပြီး အားနည်းနေသူတို့ကို၊ နာမကျန်းဖြစ်နေသူတို့ကို ကူညီစောင့်ရှောက်မှုပေးပြီး လူသားကောင်းကျိုးကို စိတ်စေတနာအပြည့်နဲ့ ကူညီစောင့်ရှောက်ပြီး ပြုစုကုသပျိုးထောင်ပေးမည်ဆိုသည့် စိတ်ထားမြင့်မြတ်သူတို့သာ လုပ်ကိုင်နိုင်မည့် အလုပ်တို့ကို တွဲလက်ညီစွာဖြင့် မိခင်ကြီး၏ ကောင်းမြတ်သောအမွေကို ဆက်လက်ထိန်းသိမ်းသော
သမီးကောင်းတစ်ဦး၏ အပြုအမူပင် မဟုတ်ပါလား ခင်ဗျာ။
ကိုးကားပြီးရေးသော စာအုပ်များမှာ -
Aung San Su Kyi - A Biography (Jesper Bengtsson)
မိုဃ်းလင်း (ဖိုးလေး) မိခင်ကြီး၏ သူနာပြု စိတ်ဓာတ်အပြည့်ရှိသော သမီးအောင်ဆန်းစုကြည်
.
Credit : Aung Kyaw Moe
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
Martin Swe
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.