0

ရန်ကုန် -ဒီဇင်ဘာ ၂၈
ဖားကန့်မြေစာပုံပြိုကျမှုများနှင့်ပတ်သက်၍ ဖြေရှင်းမည့်နည်းလမ်းများမှာအမှန်တကယ်အကျိုးရှိမရှိ ပြန်လည်သုံးသပ်သင့်ကြောင်း
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည် ။
ဖားကန့်၌မြေစာပုံပြိုကျမှုများနှင့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍
ကျောက်စိမ်းတူးဖော်မှုရေးလုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ပိတ်သိမ်းခြင်း နှင့်
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်
ခြင်းများကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောကြားခဲ့ပြီးထိုအချက်အပေါ်
၎င်းတို့ကဆွေးနွေးခဲ့ကြခြင်းဖြစ်သည် ။
"ဒီဖြေရှင်းမှုမှာတကယ်အကျိုးရှိမရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက်သော်လည်းကောင်း
ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း ပြီးတဲ့အခါမှာကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင်
အခက်အခဲရှိနေတဲ့ ပြည်သူတွေအတွက်စဉ်းစားဖို့လိုပါတယ်ဟု သူရဦးရွှေမန်းကဆိုသည်။
ဒီဇင်ဘာ ၂၈ရက်ကကျင်းပသောပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖ
ားကန့်မြေပြိုခြင်းနှင့်ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက နည်းလမ်းသုံးသွယ်နှင့်ဖြေရှင်းမည့်အပေါ်
လွှတ်တော်ကိုယ်စားလှယ်ကိုးဦးက ထိရောက်သည့်နည်းလမ်းမဟုတ်ကြောင်းဆွေးနွေးခဲ့ကြပြီး
ပြည်ထောင်စုလွှတ်တော်ကမှတ်တမ်းတင်ထားမည်ဟု သူရဦးရွှေမန်းကဆိုသည် ။
ဖားကန့်တွင်မြေစာပုံပြိုကျမှုများမကြာခဏဖြစ်ပွားနေပြီးဖြစ်စဉ်တိုင်းတွင်လူသေဆုံးမှုများဖြစ်ပေါ်လျက်ရှိသည်။နိုဝင်ဘာ ၂၁ ရက်နေ့က
ဖားကန့်တွင်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၁၄ ဦးသေဆုံးခဲ့ပြီးရက်ပိုင်းအတွင်းနှစ်ကြိမ်ထပ်မံပြိုကျခဲ့သည် ။
ဒီဇင်ဘာ ၂၅ ရက်တွင်လည်း မြေစာပုံထပ်မံပြိုကျခဲ့ပြီး သေဆုံး/ပျောက်ဆုံးစာရင်းကိုအစိုးရကအတည်မပြုနိုင်သေးပေ ။
စိုင်းလမင်း

Popular News Journal

Post a Comment

 
Top