0


Byငြိမ်းချမ်း

အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသိန်းညွန့် (ဓာတ်ပုံ - စိုင်းဇော်)
ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့ နယ်ပြည်သူများအား ရန်ကုန်မြို့ တွင်း မြင့်မားနေသည့် ရာဇဝတ်မှု များ ဖြေရှင်းရေးအပါအဝင် ကတိခုနစ်ခုပေး၍ မဲဆွယ်စည်းရုံးမည်ဟု ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်ကပြော သည်။


ဦးသိန်းညွန့်သည် လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဖြစ်ပြီး  အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဦးသိန်းညွန့်ပေးသောကတိ ခုနစ်ခုမှာ သင်္ဃန်းကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဆက်လက်အရှိန်မြှင့်အကောင် အထည်ဖော်သွားမည်။ ပြည်သူ လူထု၏ နေ့စဉ်အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းဆောင် ရွက်သွားမည်။ ရန်ကုန်မြို့တော် တွင် မြင့်မားနေသော ရာဇဝတ်မှု များကို ဖြေရှင်းဆောင်ရွက်သွား မည်နှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေကြမ်းနှင့် လာဘ် ပေးလာဘ်ယူကိစ္စမှန်သမျှ ဆန့် ကျင်တိုက်ပွဲဝင်သွားမည်စသည့် အချက်များ ပါဝင်သည်။

ထို့အပြင် ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလတွင် မဖြစ် သင့်သည့်ရွေးကောက်ခံအာဏာ ရှင်စနစ်ကို တားဆီးမည်။ ပြည်သူ လူထုအတွက် မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများ ဆက်လက်တင် ပြပြီး အတိုက်အခံအဖြစ် ရပ် တည်သွားမည်နှင့် ကလေးသူငယ် များ လိင်မှုဆိုင်ရာညှဉ်းပန်းနှိပ် စက်စော်ကားမှုများတွင် သေဒဏ်ပေးရေးအတွက်ဆက်လက်ကြိုး ပမ်းသွားမည်တို့ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြေယာသိမ်းဆည်း ခံပြဿနာနှင့် ကလေးသူငယ် ဆိုင်ရာမုဒိမ်းမှုများကို သေဒဏ် ပေးရေးကိစ္စများ အဆိုတင်သွင်းမည်ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP)  ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောသည်။

‘‘ကလေးသူငယ်မုဒိမ်းကျင့် လို့ရှိရင်လည်း သူကအများဆုံး နေရရင် ခုနစ်နှစ်ပေါ့။ အဲဒီတော့ သောင်းကျန်းရဲတော့တာပေါ့။ သောင်းကျန်းတဲ့ အခါမှာ ပိုဆိုး တာက မိဘတွေ၊ ပထွေးတွေ၊ ဆွေမျိုးအရင်းအချာတွေပါ ပါလာတယ်။ ကလေးသူငယ်ဆိုတာ လည်း ကြည့်လို့မကောင်းတဲ့ အဆင့်တောင်ဖြစ်သွားပြီ။ (၄)နှစ်အရွယ်၊ (၇) နှစ်အရွယ် တောင်ပါလာပြီ။ သူ့အသက်ကို သတ်တဲ့သူဟာ ကိုယ့်အသက်ကို ပေးရမှာပဲ။ ဒါဟာ ကလေးသူငယ် တွေရဲ့အနာဂတ်ကို သတ်လိုက် တာပဲ’’ဟု ဦးသိန်းညွန့်ကပြော သည်။

ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် မဲဆွယ်စည်းရုံးမှုများ စတင်နေပြီဖြစ်ပြီး အောက်တိုဘာ၈ ရက်မှစတင်၍ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ထပ်မံ၍ လှည့်လည်မဲဆွယ် စည်းရုံးမည်ဟု ၎င်းကပြောသည်။

ဦးသိန်းညွန့်သည် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လေးနှစ်ခွဲကြာ ထမ်းဆောင်ခဲ့စဉ်အတွင်း ကြယ်ပွင့်ပြမေးခွန်း ၇၉ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆၀၊ အဆို ၃၀ နှင့် ဥပဒေကြမ်း ၂၈ ခုတင်သွင်းခဲ့ကြောင်း သိရသည်။
http://www.7daydaily.com/story/47939

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top