0

ရန်ကုန်၊ အောက်တိုဘာ ၅- မဲစာရင်းတွင်အမည်ပါဝင်ခြင်း မရှိဘဲ အစုလိုက်အပြုံလိုက် ကျန်ရစ်ခဲ့ပါက ရွေးကောက်ပွဲမကျင်းပမီ ခုနစ်ရက်အလိုအထိ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ''မဲစာရင်းမှာမပါဝင်သေးတဲ့ အစု လိုက်အပြုံလိုက်ကျန်ခဲ့တာမျိုး ဆိုရင် ရွေးကောက်ပွဲမတိုင်မီတစ်ပတ်အလို အထိ လျှောက်လို့ရတယ်။ မဲစာရင်း ကောက်ရင်းက အကြောင်းကြောင်း ကြောင့် ကျန်သွားတာမျိုး လူ ၄၀၊ ၅၀၊ ၁၀၀ စသဖြင့် ကျန်ခဲ့တာကို လူမှု ရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက တင်ပြလာရင် သက်ဆိုင်ရာ ရပ်/ကျေးကလိုက်ကြည့် ပြီး ထွေ/အုပ်ကလည်း ထောက်ခံ ရင် နောက်ဆက်တွဲမဲစာရင်းမှာ ထည့်ပေးလို့ရတယ်'' ဟု ပြောသည်။
အစုလိုက်၊ အပြုံလိုက်ကျန်ခဲ့ သည်ဆိုရာတွင် တစ်ဦးချင်းကျန်ခဲ့သူ များကို စုစည်းထားခြင်းကိုဆိုလိုခြင်း မဟုတ်ဘဲ ယင်းဒေသတွင် အစဉ် အဆက်နေထိုင်ပြီး မဲစာရင်းတွင် အုပ်စုလိုက်ကျန်ခဲ့သူများကိုဆိုလို ကြောင်း ယင်းကဆက်လက်ပြော ကြားခဲ့သည်။
မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအချို့၏ အမည်များသည် အစု အဝေးလိုက်ကျန်ခဲ့ကြောင်း တွေ့ရှိ လျှင် နေပြည်တော်ကော်မရှင်အဖွဲ့ ခွဲ၊ တိုင်း၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ များသို့ ရွေးကောက်ပွဲမကျင်းပမီ ခုနစ် ရက်ထက်နောက်မကျစေဘဲ နောက် ဆက်တွဲမဲစာရင်းတွင် ခွင့်ပြုနိုင်ကြောင်း လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၄ (က) တွင်ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီး ချမ်း အေးသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးနိုင်က ''မဲစာရင်းမှာ အမည်မပါတာတွေကို ကြိုးစားပြီးဖြည့်နေချိန်မှာပဲ အမည် စာရင်း ပိုတာတွေက ပိုပြီးများနေ တယ်။ အဲ့ဒါကလည်း အန္တရာယ်များ တယ်''ဟု ပြောသည်။
မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စက်တင်ဘာ ၁၄ ရက်နေ့မှ ၂ရ ရက်နေ့အထိ နှစ်ပတ်ကြာကပ် ထားခဲ့ပြီး မဲစာရင်းတွင် အမည်မပါ ဝင်မှုများ များပြားနေဆဲဖြစ်ကြောင်း သိရသည်။
HM

Democracy today

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top