0

Byငြိမ်းငြိမ်းပြည့်
တစ်နိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးမည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအား လက်မှတ်မထိုးမီ သုံးရက်အလို တွင် မတရားအသင်းအဖြစ်မှပယ် ဖျက်ကြောင်း ကြေညာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းကပြောကြားသည်။
အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သော အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်ရှစ်ဖွဲ့အကြား NCA လက်မှတ်ရေးထိုးပွဲ အကြို ညှိနှိုင်းအစည်းအဝေးတွင် ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေအတွင်းရေး မှူးချုပ် ဖဒိုစောကွယ်ထူးဝင်းက လည်း မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးမည်ဟု အစိုးရက ပြောကြောင်း သတင်းထောက် များအား အတည်ပြုပြောကြားခဲ့ သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် အစိုးရအကြား NCA လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ် သည်။
‘‘လက်မှတ်ထိုးမယ်လို့ အ ကြောင်းပြန်တဲ့သူတွေကို မတရား အသင်းကနေ ဖျက်မှာပါ။ အခုထိ အစိုးရဆီ တရားဝင်ဘယ်သူမှ အကြောင်းမပြန်သေးဘူး။ မကြေ ညာခင်မှာ တရားဝင်စာနဲ့ပေနဲ့ လက်မှတ်ထိုးမယ်လို့ ပြောတဲ့သူ တွေကို ကြေညာမှာပါ’’ဟု မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦး လှမောင်ရွှေက ပြောသည်။
NCA စာချုပ်၊ အခန်း(၆)၊ အပိုဒ် ၂၄(ခ)၌ ‘သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်ကိုင်အဖွဲ့အ စည်းများအားလုံးကို မတရား အသင်းအဖြစ် ကြေညာထားခြင်း မှ ပယ်ဖျက်ရေးဆက်လက်ဆောင် ရွက်ရန် သဘောတူသည်။ ဤ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးကြသူများနှင့် ပတ်သက်မှု ရှိသည့် မည်သည့်ပုဂ္ဂိုလ် (သို့မ ဟုတ်) မည်သည့်အဖွဲ့အစည်းကို မျှ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေအရ သော်လည်း ကောင်း၊မတရားအသင်း အက် ဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်ခြင်းမပြု လုပ်ရန် သဘောတူသည်’ဟူ၍ ပါ ရှိသည်။
၁၉၀၈ ခုနှစ် အိန္ဒိယအက် ဥပဒေ ၁၄ ဖြစ်သော မတရား အသင်းများအက်ဥပဒေအောက် တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို အစိုးရကထည့် သွင်းထားခဲ့သည်။ ပြည်နယ်များ နှင့် နယ်စပ်ဒေသများတွင် ယခင် အစိုးရသက်တမ်းတစ်လျှောက် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁၊ ၁၇/၂ တို့ဖြင့်ဖမ်းဆီးထိန်း သိမ်းခံခဲ့ရသူ အများအပြားရှိခဲ့ သည်။ သို့သော် ယခုဦးသိန်းစိန် လက်ထက်တွင်မူ မတရားအသင်း အဖြစ်မှ မပယ်ဖျက်ရသေးသော တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များ၊ ခေါင်းဆောင်များကို သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး များ၊ အစိုးရအဖွဲ့ကိုယ်စားလှယ် များက အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအ ရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်အမျိုး သားလွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ်း အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ဆို သည့် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ က အစိုးရနှင့် NCA ရေးထိုးမည် ဟု သဘောထားထုတ်ပြန်ထား သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၁ အဖွဲ့အနက် ‘၀’ လက် နက်ကိုင်အဖွဲ့ UWSA နှင့် မိုင်း လားလက်နက်ကိုင်အဖွဲ့ NDAA တို့ကမူ လက်မှတ်မရေးထိုးဟု ကြေညာခဲ့သည်။ နာဂလက်နက် ကိုင်အဖွဲ့(NSCN-K)မှာလည်း လက်မှတ်ရေးထိုးရာတွင် မပါဝင် သေးဟုဆိုသည်။ ရှမ်းပြည်တပ် မတော်တောင်ပိုင်း RCSS/SSA အနေဖြင့် လက်မှတ်ထိုး၊မထိုး စဉ်းစားနေဆဲဖြစ်၍ အတည်မပြု နိုင်သေးဟုဆိုသည်။
ကျန်အဖွဲ့များသည်NCAကို လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် ရေးထိုးနိုင်ရေး တောင်းဆိုခဲ့ကြ သည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကိုသာNCA ရေးထိုးရန် ဖိတ်ခေါ်ခဲ့သည်။ အား လုံးပါဝင်ရေး သဘောတူညီချက် မရ၍ NCA လက်မှတ်မထိုးသေး ခြင်းဖြစ်သည်ဟု ကျန်အဖွဲ့များက ဆိုကြသည်။
NCA လက်မှတ်မထိုးသော အဖွဲ့များအနေဖြင့် မတရားအ သင်းအဖြစ် ဆက်လက်သတ်မှတ် ခံရမည်ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပသည့် အခါ ပါဝင်ဆွေးနွေးခွင့်ရမည် မဟုတ်ဘဲ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟု အစိုးရကဆိုသည်။
NCA လက်မှတ်ရေးထိုးပွဲ၌ အဖွဲ့အစည်းအချို့သာ လက်မှတ် ရေးထိုးသည့်အတွက် NCA သည် ပြီးပြည့်စုံသည့် အနေအထားတွင် မရှိနိုင်ဟု တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာ ၃ ရက်၌ ကြေညာချက်ထုတ်ခဲ့သည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top