0

ရန်ကုန် အောက်တိုဘာ ၆
ယနေ့ညနေ ဗီယက်နမ်နှင့် အုပ်စု နောက်ဆုံးပွဲတွင် မြန်မာ ယူ-၁၉ အသင်း သည် အကျီ်အနီရောင် ဝတ်ဆင် ကစားမည် ဖြစ်သည်။
မြန်မာယူ-၁၉အသင်းနှင့် ဗီယက်နမ် အသင်း ယနေ့ ညနေ ၆နာရီခွဲတွင် အုပ်စု နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
မြန်မာအသင်းမှာ ဖီဖာမှ ချမှတ်ထားသည့် စည်းမျဉ်းအရ အုပ်စုအတွင်း ၅သင်းပါသည့် အုပ်စုများမှပထမဆုံးကစားသည့် ပွဲ၏ ရလဒ်ကို
ပယ်ဖျက်မည် ဖြစ်သည့် အတွက် ရမှတ်၎မှတ်သာရရှိထားပြီး ဗီယက်နမ်အသင်းကို အနိုင်ကစားနိုင်မှာသာ အုပ်စုပထမအဖြစ်နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
ထို့နည်းတူ ဗီယက်နမ်အသင်းမှာ လည်း ပထမပွဲရလဒ်ကို ပယ်မည် ဖြစ်၍ ရမှတ်၆မှတ်ရရှိထားပြီး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ရန် မြန်မာအသင်းကို အနိုင်ကစားရမည်ဖြစ်ပြီး
ရှံးနိမ့်ခဲ့သော်လည်း အကောင်းဆုံးအုပ်စု ဒုတိယနှင့် နောက်တဆင့်သို့ တက်နိုင်ရန် အလားအလာရှိသည်။
လက်ရှိအချိန်တွင်အကောင်းဆုံးအုပ်စု ငါးသင်း အဖြစ် သြစတေးလျ ၆မှတ်၊ မြောက်ကိုရီယား ၆မှတ်၊ ထိုင်း ၆မှတ်၊ ပါလက်စတိုင်း ၆မှတ်နှင့်ယီမင် ၆မှတ်ဖြစ် ရပ်တည်လျှက်ရှိသည်။
ရန်နိင်

Popular News Journal

Post a Comment

 
Top